အချစ်စစ်တကယ်ရှိတာ ယုံကြည်လားဆိုတဲ့ မေးခွန်းလေးနဲ့ ဒီဆောင်းပါးလေးကို စပါရစေ။ အတုအယောင်တွေ များလာတဲ့ခေတ်မှာ အချစ်စစ်ဆိုတာ ရှားပါးလာပါပြီ။ တချို့ကတော့ အချစ်စစ်ဆိုတာ မရှိနိုင်ဘူးလို့ ပြောမှာပါ။ အချစ်စစ်ကို ဘယ်အရာတွေနဲ့ တိုင်းတာမှာလဲ။ အချစ်စစ်ဆိုတာကို သက်သေပြခဲ့တဲ့လူအချို့ကတော့ တစ်သက်လုံးမခွဲမခွာ လက်တွဲခဲ့ကြပါတယ်။ ငယ်ရွယ်စဉ်က ကွဲကွာခဲ့ပြီး အသက်ကြီးမှ သူပြန်အလာကို စောင့်ဆိုင်းရင်း ပြန်ဆုံရတဲ့ စုံတွဲတွေကိုလည်း မြင်ဖူးကြမှာပါ။

ဒါကြောင့် MyStyle Myanmar ပရိတ်သတ်တွေအတွက် အချစ်စစ်တကယ်ရှိတယ်ဆိုတာကို သက်သေပြနေတဲ့ ကမ္ဘာကျော်စုံတွဲတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ Will Smith နဲ့ Jada Pinkett Smith

Will Smith ဟာ Jada Pinkett နဲ့ 1994 ခုနှစ်မှာဆုံတွေ့ခဲ့တာပါ။ ဆုံစည်းခဲ့ပုံက Jada ဟာ Will ရိုက်ကူးနေတဲ့ Fresh Prince ဇာတ်လမ်းမှာ သူ့ကောင်မလေးနေရာမှာ သရုပ်ဆောင်မယ့် လူရွေးပွဲမှာ ဝင်ပြိုင်ရင်းနဲ့ တွေ့တာပါ။ ဒါပေမဲ့ Jada ဟာ ဒီနေရာကို မရခဲ့ပါဘူး။ 1995 ခုနှစ်မှာတော့ Jada ဟာ Will ရဲ့ တကယ့်ကောင်မလေးဖြစ်လာခဲ့ပါတယ်။ အပေါ်မှာ ပြထားတဲ့ ဓာတ်ပုံကတော့ သူတို့လက်ထပ်ပြီး ၂ နှစ်ကြာပြီးနောက် 1999 ခုနှစ်မှာ ရိုက်ထားတဲ့ပုံပါ။

သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါပြီ။ Jason Smith နဲ့ Willow Smith ဆိုတဲ့ ကလေးနှစ်ဦး ပိုင်ဆိုင်ထားပါတယ်။

၂။ Barack နဲ့ Michelle Obama

Source: Reddit

အသက် ၂၈ နှစ်အရွယ် Barack Obama နဲ့ အသက် ၂၅ နှစ်အရွယ် Michelle Robinson တို့ဟာ ၁၉၈၉ ခုနှစ်မှာ တွေ့ဆုံခဲ့တာပါ။ အပေါ်က ပုံကတော့ သူတို့နှစ်ယောက်တွေ့ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။

သူတို့နှစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ Southside with You (2016) ဆိုတဲ့ ဇာတ်လမ်းလည်းထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းနဲ့ ပထမဆုံးဒိတ်လုပ်ခဲ့တဲ့ အမှတ်တရတွေကို ရိုက်ကူးထားတာပါ။ ဒီစုံတွဲဟာ 1992 ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရေးသက်တမ်း ၂၆ နှစ်ကြာခဲ့ပါပြီ။

၃။ Tom Hanks နဲ့ Rita Wilson

အသက် ၆၂ နှစ်အရွယ် မင်းသားကြီး Tom နဲ့ မင်းသမီး Rita ဟာ ရုပ်ရှင်လောကမှာ အတုယူဖွယ် စုံတွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ၁၉၈၁ ခုနှစ်မှာ Bosom Buddies ဆိုတဲ့ တီဗီစီးရီးရိုက်ကူးရင်းနဲ့ စတင်ခဲ့တာပါ။ အပေါ်က ပုံကတော့ သူတို့နှစ်ယောက် Movie Partner အနေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။

Source: Pinterest

၁၉၈၈ ခုနှစ်မှာတော့ ချစ်ကြိုးသွယ်ခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကြာအောင် တစ်ယောက်အပေါ် တစ်ယောက် အချစ်မပြယ်သေးပါဘူး။

၎။ John Legend နဲ့ Chrissy Teigen

Source: People

ဒီစုံတွဲကတော့ Legend ရဲ့ Stereo ဆိုတဲ့ Music Video မှာဆုံခဲ့တာပါ။ အဲ့ချိန်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာနိုင်အောင် ချစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ကလေးနှစ်ဦးမွေးဖွားခဲ့ပါတယ်။

Source: Pinterest

၅။ Meryl Streep နဲ့ Don Gummer

အသက် ၇၀ အရွယ် အော်စကာဆုရှင် မင်းသမီးကြီး Meryl Streep ဟာ ခင်ပွန်းဖြစ်သူ Don Gummer နဲ့ လက်ထပ်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ကြာပါပြီ။ ၆ လလောက်ပဲ တွဲခဲ့ပြီး ၁၉၇၈ ခုနှစ်မှာတော့ Meryl မိဘတွေရဲ့ အနောက်ဘက်ဥယျာဉ်ခြံမှာ လက်ထပ်ခဲ့ကြတာပါ။ အပေါ်ပုံကတော့ ၁၉၈၂ ခုနှစ် ရုပ်ရှင်ပွဲတော်တစ်ခုမှာ ရိုက်ကူးထားတာပါ။

Source: Pinterest

ဒီစုံတွဲဟာ အိမ်ထောင်သက် နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့တာတောင် တစ်ယောက်နဲ့တယောက် ပိုပိုပြီး ချစ်လာကြပါတယ်လို့ သူတို့မိသားစုဝင်တွေက အတည်ပြုပြောထားပါတယ်။

၆။ Hugh Jackman နဲ့ Deborra-Lee Furness

Hugh Jackman ကိုတော့ မြန်မာရုပ်ရှင်ပရိတ်သတ်တွေ The Wolverine ဇာတ်လမ်းနဲ့ သိကြမှာပါ။ Hugh Jackman ဟာ ဇနီးဖြစ်သူ Deborra-Lee Furness နဲ့ လက်ထပ်ခဲ့တာ ၂၃ နှစ်နီးပါးကြာခဲ့ပါပြီ။ သူတို့နှစ်ဦးဟာလည်း ဟောလီးဝုဒ်လောကမှာ အားလုံးအားကျရတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ဦးဟာ ၁၉၉၅ ခုနှစ်ရိုက်ကူးခဲ့တဲ့ Correlli ဆိုတဲ့တီဗီဇာတ်လမ်းမှာ စတွေ့ခဲ့တာပါ။ တစ်နှစ်ကြာပြီးနောက် ၁၉၉၆ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ပါတယ်။ အဲ့တည်းက သူတို့နှစ်ဦးဟာ မခွဲခွာကြတော့ပါဘူး။

Source: Pinterest

သူတို့နှစ်ဦးဟာ စတွဲဖြစ်တုန်းက နှစ်ပတ်ထက်ကျော်ပြီး မတွေ့တာမျိုးမလုပ်ဘူးဆိုတဲ့ ကတိတစ်ခုကို နှစ်ယောက်သား သဘောတူခဲ့ကြပါတယ်တဲ့။ သူတို့နှစ်ယောက်ဟာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးမယ်ဆိုတဲ့ ကတိစကားတွေဆိုခဲ့တယ်လို့ Hugh က အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ သူတို့ရဲ့ ကတိတွေက ၂၃ နှစ်ကြာခဲ့ပြီလေ။

၇။ Chris Hemsworth နဲ့ Elsa Pataky

Source: PopSugar

မနဲ့မောင် စုံတွဲဖြစ်ပြီး အသက် ခုနှစ်နှစ်ကွာတဲ့ချစ်သူနှစ်ဦးကတော့ Chris နဲ့ Elsa ပါ။ ၂၀၀၉ ခုနှစ် နှစ်ကုန်လောက်မှာ ဆုံစည်းခဲ့ပြီး သုံးလတွဲပြီးနောက် လက်ထပ်ခဲ့တာပါ။ အပေါ်ပုံကတော့ လက်ထပ်ပြီး ၆ လကြာပြီးနောက် ၂၀၁၁ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။

Source: Pinterst

သူတို့နှစ်ဦးဟာ ရွှေလက်တွဲခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကလေးသုံးဦးပိုင်ဆိုင်ထားပါတယ်။ မနဲ့မောင် စုံတွဲမမြဲဘူးလို့ ဘယ်သူပြောလဲနော်။

၈။ David နဲ့ Victoria Beckham

Source: Heart Radio

သူတို့နှစ်ဦးအကြောင်းကိုတော့ အထွေအထူးပြောနေစရာမလိုဘူးထင်ပါတယ်။ နှစ်ဦးလုံးက ကိုယ်ပိုင်နယ်ပယ်အသီးသီးမှာ အောင်မြင်နေပြီး သားသမီး ၄ ဦးထွန်းကားခဲ့ပါတယ်။ အပေါ်ပုံကတော့ လက်ထပ်ပြီးနောက် ၆ လအကြာမှာ ရိုက်ခဲ့တာပါ။ ၁၉၉၇ မှာ တွဲခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

Source: Pinterest

သူတို့နှစ်ဦးလက်တွဲခဲ့တာ ၂၁ နှစ်ကျော်ကြာပါပြီ။ ဒါပေမဲ့အချစ်တွေကတော့ သစ်လွင်နေဆဲပါ။

၉။ Beyoncé နဲ့ Jay Z

သူတို့နှစ်ယောက် စတွဲခဲ့တုန်းက Beyonce က အသက် ၂၀ သာရှိသေးတာဖြစ်ပြီး Jay Z  က ၃၂ နှစ်ရှိပါပြီ။ အသက်ဆိုတာ ဂဏန်းသဘောပါပဲဆိုတဲ့ စကားက ဒီနေရာမှာ လုံးဝမှန်နေပါတယ်။ ဒီပုံကတော့ သူတို့လက်မထပ်ခင် ၂၀၀၅ ခုနှစ်မှာ ရိုက်ကူးထားတာပါ။

သူတို့နှစ်ဦးလက်ထပ်ခဲ့တာ ၁၈ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး သမီးလေးတစ်ဦးနဲ့ အမြွာနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

၁၀။ Robert Downey Jr. နဲ့ Susan Levin

Source: Pinterest

Iron Man မင်းသားကြီး Robert Downey Jr. နဲ့ ဇနီးဖြစ်သူ Hollywood Producer  Susan Levin တို့ဟာ ဟောလီးဝုဒ်မှာ နှစ်ကာလရှည်ကြာစွာရွှေလက်တွဲခဲ့တဲ့ စုံတွဲဆိုပြီး နာမည်ကျော်ကြားပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်မှာ ရိုက်ကူးတဲ့ Gothika ဆိုတဲ့ဇာတ်လမ်းမှာတွေ့ခဲ့တာဖြစ်ပါတယ်။ Robert မှာ ပထမအိမ်ထောင်ရှိခဲ့ပေမယ့် Susan နဲ့လက်တွဲခဲ့တာ ၁၆ နှစ်ရှိပါပြီ။ အပေါ်ပုံကတော့ လက်ထက်ပြီး နှစ်လကြာပြီးနောက် ၂၀၀၅ ခုနှစ်မှာ ရိုက်ကူးထားတာပါ။

Source: Pinterest

၁၁။ Pierce Brosnan နဲ့ Keely Shaye Smith

Source: Earn The Necklace

သူတို့နှစ်ဦးကတော့ ၁၉၉၄ ခုနှစ် ကမ်းခြေပါတီပွဲတစ်ခုမှာတွေ့ခဲ့တာပါ။ အဲ့ကတည်းက သူတို့နှစ်ဦးဟာ မခွဲနိုင်မခွာနိုင်ဖြစ်ခဲ့ကြတာပါ။ သူတို့ မင်္ဂလာဆောင်ကတော့ ၂၀၀၁ ခုနှစ်မှာပြုလုပ်ခဲ့ပြီး အပေါ်ပုံပါ။

Source: Daily Mail

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ၂၅ နှစ်ကျော်ကြာပါပြီ။ သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။

အချစ်စစ်ဆိုတာ တကယ်ရှိတာကို အပေါ်မှာပြောခဲ့တဲ့ ကမ္ဘာကျော်စုံတွဲတွေကိုကြည့်ပြီး သိရှိနိုင်ပါတယ်။

Source: Brightside.me

By MyStyle Myanmar