သင့်ရဲ့ချစ်သူနှင့် ဆက်ဆံရေးကို ရှုထောင့်မျိုးစုံကနေ အမြဲတမ်းစဉ်းစားတွေးတောနေတာက မမှားပါဘူး။ ပိုမိုကောင်းမွန်ချမ်းမြေ့တဲ့ Relationship တစ်ခုကိုတည်ထောင်နိုင်ဖို့ သင်နှင့်သင့်ချစ်သူက ဘာတွေအားစိုက်ထုတ်ရမလဲဆိုတာကို အစဉ်အမြဲသိထားဖို့ လိုအပ်ပါတယ်။

သင့်ချစ်သူပြုမူနေတဲ့ ဟန်ပန်အမူအရာတွေကနေပြီး သူကသင့်အပေါ်ထားရှိသည့်အချစ်၊ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်ပြီး ဖော်ပြနိုင်တယ်ဆိုတာကို သင်သိပါသလား။ မသိသေးဘူးဆိုရင်တော့ ကိုယ့်ချစ်သူကကိုယ့်အား ဘယ်လောက်တောင်ချစ်သလဲဆိုတာကို သိရှိနိုင်စေဖို့ MyStyle Myanmar ကနေပြီး လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။

၁။ ဆံနွယ်လေးတွေနဲ့ကစားရတာကိုနှစ်သက်ခြင်း

ယောကျ်ားလေးတစ်ယောက်က သူ့ရဲ့မဟေသီအပေါ်ပြသနိုင်တဲ့ အကောင်းဆုံးနဲ့အချိုမြိန်ဆုံး လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ သူသာသင့်ကို တကယ်ချစ်တယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာနဲ့ ဆော့ကစားရတာကို အမြဲတမ်းနှစ်သက်နေမှာပါ။

၂။ လက်ကိုအိတ်ကပ်အတွင်းထည့်ထားခြင်း

အကယ်၍ယောကျာ်းလေးတစ်ယောက်ဟာ သူ့ရဲ့လက်တွေကို ခါးမှာဖြစ်စေ၊ အိတ်ကပ်အတွင်းမှာဖြစ်စေ ထားရှိခြင်းက ဤ Relationship နဲ့ပတ်သက်ပြီး အလွန်ယုံကြည်ချက်ရှိကြောင်းနဲ့ အေးဆေးတည်ငြိမ်ကြောင်းကို ပြသနေတာဖြစ်ပါတယ်။

၃။ နေရာအလွန်ယူခြင်း

ချစ်သူကောင်မလေးများရဲ့ အာရုံစူးစိုက်မှုကို ရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုဖြစ်ပေါ်စေတာကြောင့် များသောအားဖြင့် ကောင်လေးများက ထိုသို့ပြုမူကြပါတယ်။

၄။ သင့်ရှေ့တွင်ပြူမူနေထိုင်ပုံ

သင်နဲ့တွေ့တဲ့အခါတိုင်း သင့်ချစ်သူကောင်လေးက သင့်အပေါ်မှီတတ်ပြီး ကျောလုံးဝမပေးတတ်ဖူးဆိုရင်တော့ သူဟာအင်မတန်ကောင်းမွန်တဲ့ချစ်သူတစ်ယောက်ဖြစ်ပြီး သင့်ကိုအမြဲအရိပ်တကြည့်ကြည့်ဖြစ်နေရသူပါ။

၅။ သင်နှင့်ရှိသည့်အခါတိုင်း စကားအလွန်ပြောခြင်း

များသောအားဖြင့် နှုတ်ပိတ်နေတတ်သော သင့်ချစ်သူက သင်နှင့်တွေ့သည့်အခါတိုင်း စကားအလွန်ပြောလွန်းတယ်ဆိုတာက သူ့ရဲ့စစ်မှန်တဲ့အမူအရာကိုပြသရင်း သူဟာသင့်အတွက်မှန်ကန်တဲ့ချစ်သူတစ်ယောက်ဖြစ်ကြောင်းကို ပြသနေတာပါ။

၆။ သင့်ဟန်ပန်အမူအရာကို အတုခိုးခြင်း

ချစ်သူနှစ်ယောက်ကြား တူညီမှုလေးတွေကို ပေါ်ပေါက်လာစေချင်တာကြောင့် သင်ပြုမူလိုက်တဲ့ဟန်ပန်အမူအရာ၊ လှုပ်ရှားမှုတိုင်း၊ အလေ့အထတိုင်းကို ချစ်သူကောင်လေးက အချိန်ပြည့်လိုက်လံအတုခိုးနေတာဖြစ်ပါတယ်။

၇။ သင်ရှိနေရင်ကိုပျော်နေတတ်ခြင်း

သင့်ကိုတွေ့လိုက်ပြီဆိုတာနဲ့ ချစ်သူကောင်လေးရဲ့မျက်နှာဟာ ချက်ချင်းဝင်းလက်သွားကာ မျက်လုံးအရောင်လည်း တောက်ပသွားပြီး သူ့ရဲ့ပျော်ရွှင်မှု၊ ခံစားမှုတို့ကို ထိန်းမချုပ်ထားနိုင်တာက သင့်အားသူမည်မျှချစ်ကြောင်းကို ပြသနေတာပါ။

၈။ သင်နှင့်ထိတွေ့မှုရှိရန် အကြောင်းအမျိုးမျိုးရှာခြင်း

အချိန်တိုင်းသင့်အားပခုံးဖက်ခြင်း၊ လက်ကိုင်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးပြုလုပ်တယ်ဆိုတာဟာ သူမည်မျှသင့်ကိုချစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

၉။ အမြဲအကြည့်ချင်းဆုံခြင်း

စကားပြောသည့်အချိန်တိုင်း မျက်နှာကိုသေချာကြည့်ခြင်းသည် သင့်အပေါ်မည်မျှစိတ်ဝင်စားမှုရှိသည်နှင့် ပြောသမျှစကားတိုင်းကို နားထောင်ရတာနှစ်သက်ကြောင့်ကို သက်သေပြနေတာပါ။

၁၀။ စနောက်ရတာကို သဘောကျနှစ်သက်ခြင်း

ကလေးလေးလိုပင် အချိန်တိုင်းသင့်ကိုစနောက်နေတာဟာ သင်ပြုံးနေတာကိုလိုလားပြီး သူနှင့်ရှိသည့်အချိန်တိုင်း စိတ်လက်ချမ်းသာအောင် ထားလိုသောကြောင့်ပဲဖြစ်ပါတယ်။

၁၁။ အကြိမ်ပေါင်းများစွာ နာမည်ခေါ်ခြင်း

မက်ဆေ့ချ်ပို့သည့်အခါတိုင်း၊ ဖုန်းပြောသည့်အခါတိုင်း သင့်နာမည်ကိုမကြာခဏခေါ်ခြင်းက အချို့အချိန်တွေမှာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း သင့်နာမည်ခေါ်ရတာကို မည်မျှနှစ်သက်ကြောင်းကို ပြသနေတာကိုတော့ သိထားစေချင်ပါတယ်။

၁၂။ မေးခွန်းအများအပြားမေးခြင်း

အကယ်၍ သူသာသင့်အပေါ်စိတ်ဝင်စားမှုရှိတယ်ဆိုရင်တော့ သင်ဘာစိတ်ဝင်စားသလဲ၊ ဘာဝါသနာပါလဲ၊ သူငယ်ချင်း၊ မိသားစုစသဖြင့် မေးခွန်းတွေကို မေးလာမှာပါ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ သင့်ကိုချစ်ခင်မြတ်နိုးနေသောကြောင့် သင်နှင့်ပတ်သက်ပြီး အရာအားလုံးကိုသိထားချင်သောကြောင့်ပဲ ဖြစ်ပါတယ်။

ကဲ……………..စာဖတ်သူတို့ရော Admin ဖော်ပြပေးခဲ့တဲ့အချက်လေးတွေကို ဖတ်ပြီးပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကို ချက်ချင်းသတိရကြမှာပါနော်။ ဒါကြောင့် ချစ်ရသူပါ သိရှိနိုင်စေဖို့ အခုပဲ ကွန်းမန့်မှာ mention ခေါ်လိုက်ရအောင်နော်…….. ? ?