အားလုံးကြားဖူးနေကျအတိုင်း ဒါမှမဟုတ်လည်း ကိုယ်ကိုယ်တိုင် သုံးဖူးခဲ့ကြတဲ့အတိုင်း “ချစ်တယ်ဆိုတာထက် ပိုတဲ့စကားရှိသေးရင် ပြောချင်ပါတယ်” ဆိုတာမျိုးတွေက ရိုးးးးးးဟိုးးးးးးနေပါပြီ။ အဲဒီအစား တစ်မျိုးပြောင်းပြောလို့ရပြီး ရင်ခုန်သံတွေတစ်ဖန်ပြန် လတ်ဆတ်သွားစေနိုင်တဲ့ တော်ကီ ပေါင်းချုပ်ကြီးကို အခုပဲချပြပါတော့မယ်။ လေ့လာမှတ်သားကြပါလော့ …

Source: marry.com.mm

၁။ နင်သာဒီနေရာလေးမှာ ငါနဲ့တူတူရှိရင် သိပ်ကောင်းမှာပဲ။

၂။ အစားကောင်းလေးတွေစားမိတိုင်း နင့်ကိုသတိရတယ်။

အဝတ်အစားကောင်းကောင်းလေးတွေမြင်တိုင်း နင့်အတွက်ဝယ်ပေးချင်မိတယ်။ အချစ်အကြောင်းတွေမြင်တိုင်း နင်နဲ့အတူအိမ်မက်မိတယ်။ အချစ်သီချင်းတွေနားထောင်တိုင်း နင်နဲ့လို့ ရည်ရွယ်မိတယ်။

Source: YouWorkForThem

၃။ နင့်လက်မောင်းပေါ် မှီထားရတဲ့အချိန်တွေက ငါ့အတွက်လုံခြုံမှုအရှိဆုံးနဲ့ အနွေးထွေးဆုံးပဲ။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်နေတဲ့ ခံစားချက်မျိုးပေါ့။ ခုတော့ အိမ်ကိုအရမ်းလွမ်းနေရပြီ။

၄။ နင်အခုရောက်နေတဲ့နေရာမှာ ငါလည်းအတူတူရှိနေခွင့်ရရင် သိပ်ကောင်းမှာပဲ။

၅။ တစ်ခါလောက်ပဲဖြစ်ဖြစ် နင်ပွေ့ဖက်တာကိုခံရရင် ငါ့အတွက်အားတွေအလိုလိုရှိလာမှာ။

၆။ နင့်အင်္ကျီအိတ်ကပ်လေးထဲမှာ ငါဝင်နေလို့ရင် သိပ်ကောင်းမှာပဲ။

Source: marry.com.mm