အားလုံးပဲ မင်္ဂလာပါ။ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသားအရေက ငယ်ရွယ်စဉ်တုန်းကလိုမျိုး နူးညံ့စိုပြေမနေတော့ဘဲ တဖြည်းဖြည်း ပျက်စီးလာပါတယ်။ အရေးအကြောင်းတွေလည်း ပေါ်ပေါက်လာတဲ့အပြင် ပျက်စီးသွားတဲ့ ဆဲလ်သေများ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကလည်း နှေးကွေးသွားပါတော့တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလမ်းများကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် အသက် ၃၀ ကျော်မှာ ဆယ်ကျော်သက် မိန်းမပျိုလေးလို နုပျိုစိုပြေလန်းဆန်းနေဆဲဖြစ်လာပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်စားသောက်ပါ

အိပ်ရေးဝဝအိပ်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်ပါ။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ ဒီအချက်တွေက အစပိုင်းမှာ ပြုလုပ်ဖို့ ခက်ခဲနေပါလိမ့်မယ်။ ဒါပေမဲ့ ကျန်းမာပြီး ငယ်ရွယ်နုပျိုလှပချင်တယ်ဆိုရင်တော့ ဘယ်လောက်ပဲခက်ခဲနေပါစေ အားမလျော့ဘဲ ပြုလုပ်ပေးပါ။

သင့်အသားအရေကို နေရောင်ခြည်ဒဏ်နဲ့ ဖုန်မှုန့်များမှ ကာကွယ်ပါ

ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်က အသားအရေအိုမင်းရင့်ရော်ခြင်းရဲ့ အဓိကတရားခံပါပဲ။ အသက်အရွယ်ပိုကြီးလာလေ ခရမ်းလွန်ရောင်ခြည်ဒဏ်က သင့်ကို ဒုက္ခပေးလေပါပဲ။ ဒါ့ကြောင့် နေပူထဲသွားတိုင်း နေလောင်ကာခရင်မ်လေးလိမ်းပေးပါ။ ထီးဆောင်း၊ ဦးထုပ်ဆောင်းပြီးမှ အပြင်ထွက်ပါ။

အသားအရေ အစိုဓာတ်ရရှိအောင် Moisturising ခရင်မ် လိမ်းပေးပါ

အသက်ကြီးလာတာနဲ့ အမျှ အသားအရေရဲ့ တင်းရင်းမှုက လျော့ကျသွားပြီး အရေးအကြောင်းတွေ ပေါ်လာတော့တာပါပဲ။ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေက အသားအရေ အစိုဓာတ်မရရှိဘဲ ခြောက်သွေ့လာခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ပျားရည်နဲ့ နို့ရည်များများပါဝင်တဲ့ Moisturising ခရင်မ်လေးတွေ အသုံးပြုပါ။

ခန္ဓာကိုယ်ကလည်း ရေဓာတ်လုံလုံလောက်လောက် ရရှိဖို့အတွက် ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းက အသားအရေကို ခြောက်သွေ့စေတဲ့အတွက်ကြောင့် ရေများများသောက်ပါ။ ရေသောက်ခြင်းက အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့ အထိရောက်ဆုံး သဘာဝနည်းလမ်းတစ်ခုပါပဲ။

စိတ်ဖိစီး မခံပါနဲ့

ငယ်ရွယ်နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်က ပျော်ပျော်နေခြင်းပါပဲ။ စိတ်ဖိစီးမှုတွေက သင့်ကို လျင်မြန်စွာအိုမင်းရင့်ရော်စေပါတယ်။ သင်က ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် စိတ်ဖိစီးမှုကပေးတဲ့ ဆိုးကျိုးတွေကတော့ အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်မခံပါနဲ့။ ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင်နေခြင်းက စိတ်ဖိစီးမှုကနေ ကင်းဝင်းစေတဲ့ သော့ချက်ပဲဖြစ်ပါတယ်။

Source: www.onlymyhealth.com