ဘောလုံးပွဲတွေ စတင်နေပြီဖြစ်လို့ အားလုံးပဲ စိတ်လှုပ်ရှားနေပြီနော်။  ဘယ်လိုပဲ အင်တာနက်ကနေ ဘောလုံးပွဲတွေကို ကြည့်လို့ရလာပြီပြောပြော ကြည်လင်ပြတ်သားပြီး မျက်နှာပြင်ကျယ်တဲ့TV ကြီးပေါ်မှာ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကြည့်ရတဲ့ခံစားမှုကိုတော့ ကျော်နိုင်ဦးမှာမဟုတ်ပါဘူး။

အရင် CRT TV ကနေ LCD TV ဘက်ကို ပြောင်းလဲတုန်းက Screen Ratio ပါ ။ 4:3 Ratio ကနေ 16:9 Ratio ကို ပြောင်းလဲလာခဲ့တဲ့အတွက် ပိုပြီး Widescreen ဖြစ်လာတာဖြစ်ပြီးတော့ အဲ့ဒါက ဘောလုံးပွဲကြည့်တဲ့အချိန်မှာ သိသိသာသာကို ပိုပြီးနှစ်မျောခံစားလာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ Smart TV တွေဆိုရင် ဘာနဲ့မှချိတ်ဆက်စရာမလိုတော့ပဲ အင်တာနက်ရှိတာနဲ့ အင်တာနက်ကနေ တစ်ဆင့် ဘောလုံးပွဲတွေကိုကြည့်လို့ရလာတယ်။ TV တွေရဲ့ ရုပ်ထွက်တွေကလည်း 4K Ultra HD အထိကို တိုးတက်လာတဲ့အတွက် Wide Screen ဖြစ်တာတင်မကပဲ Color တွေ၊ Resolution တွေလည်း သိသိသာသာကို ပိုကောင်းလာတာပါ။

ဘာပဲဖြစ်ဖြစ်ကိုယ့် အိမ်မှာ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ ဘောလုံးပွဲကြည့်တော့မယ်ဆိုရင် TV Setup က အရေးအကြောင်းမှ ထဖောက်နေလို့ မရဘူးလေ။ အဲ့ဒီတော့ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအိမ်မှာပဲဖြစ်ဖြစ် ဘောပွဲကြည့်တော့မယ်ဆိုရင် အကောင်းဆုံးသောပျော်ရွှင်မှုကို ရရှိဖို့အတွက် ဘယ်လိုမျိုး ကိုယ့်အိမ်မှာရှိတဲ့ TV ၊ Home Theater Setup ကို ပြင်ဆင်ထားဖို့လိုမလဲဆိုတာကို ကြည့်ကြည့်ရအောင်။

(၁) Speakers တွေ၊ Setup Box တွေကို စစ်ဆေးပါ။

အရင်ဆုံး ကိုယ့် အိမ်က TV အပါအဝင် အခြား Speaker ၊ Setup Box တွေ ချိတ်ဆက်ထားမှုမှန်မမှန်၊ ကြိုးတစ်ခုခုလွတ်နိုင်တာ၊ ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ ကြိုးတွေကို လဲလှယ်နိုင်မလားဆိုတာကို အရင်စစ်ဆေးပါ။ Speakers အနေအထားတွေ၊ 5.1 Channel Surround Sound ဆိုရင်လည်း Speakers တွေက အထားအသိုမှန်ကန်မှ အကောင်းဆုံးအသံထွက်ကို ကြားရမှာပါ။

(၂) ထိုင်ခုံတွေကို သက်တောင့်သက်သာဖြစ်အောင် နေရာချပါ။

ဘယ်လိုပဲ Home Theater စနစ်က ကောင်းနေပါစေ၊ ထိုင်ရတဲ့ ထိုင်ခုံနေရာက သက်တောင့်သက်သာမရှိဘူးဆိုရင် ဘယ်လိုမှ ဘောပွဲတစ်ပွဲလုံးပြီးအောင် ထိုင်မကြည့်နိုင်ပါဘူး။ ရုပ်ရှင်ကြည့်သလိုမျိုး ပက်လက်ကုလားထိုင်တွေနဲ့ ဘောပွဲကြည့်ဖို့အဆင်မပြေတဲ့အတွက် တကယ်လို့ ဂိုးဝင်သွားလို့ ထပြီးအော်ဟစ်အားပေးဖို့ အဆင်ပြေတဲ့ ရိုးရိုးရှင်းရှင်း ဆိုဖာတွေဆိုရင်တော့ အကောင်းဆုံးပေါ့။

(၃) ဘောလုံးပွဲအတွက် လစဉ်ကြေးပေးထားလား စစ်ဆေးပါ။

ရုပ်သံဖမ်းစက်တွေ၊ စလောင်းကနေကြည့်ဖို့  ကိုယ့်အိမ်မှာ Skynet တပ်ဆင်ထားတယ်ဆိုရင် သေချာစစ်ဆေးထားတာ၊ လစဉ်ကြေးပေးဖို့မမေ့ဖို့လည်း လိုတယ်နော်။ ဘောလုံးပွဲလာတော့မှ လိုင်းမကြည်တာ၊ ကြည့်လို့မရတာမျိုးကို ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ပါဘူး။


(၄) ကိုယ့် TV Display ကို အရောင်ပြန်ချိန်ပါ။

သေသေချာချာ နစ်မျောပြီး ခံစားနိုင်ဖို့ဆိုတာက ကိုယ့် TV Display ကလည်း အရောင်တွေမှန်ကန်ပြီးတောက်ပနေဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်း Samsung ရဲ့ HDR TV တွေကတော့ ဝယ်ထဲက အရောင်မှန်ကန်ပြီး တောက်ပနေမှာပေမယ့် ကိုယ့် TV ကို အရောင်မမှန်ဘူးထင်တယ်ဆိုရင် TV ရဲ့ Setting ထဲကိုသွားပြီး အရောင်တစ်ခုချင်းကို ပြန်ပြီး ချိန်ညှိထားပါ။ ဒါမှမဟုတ် Color Profile တွေကို နဂိုဝယ်တုန်းကအတိုင်းဖြစ်အောင် Reset ချလိုက်လို့ရပါတယ်။

(၅) ဘောလုံးပွဲလာမယ့်အချိန်မှာ မိသားစုတွေကြည့်ချင်တဲ့ TV အစီအစဉ်တွေရှိနေရင် ကြိုတင်ညိနှုင်းထားပါ။

ကိုယ်ဘောလုံးပွဲကြည့်နေတော့မှ မိသားစုဝင်တွေက တခြား TV အစီအစဉ်ကို ပြောင်းခိုင်းလို့ ရန်ဖြစ်တာမျိုးကတော့ ဘယ်သူမှကြုံချင်မှာမဟုတ်ပါဘူး။

(၆) ဖြစ်နိုင်ရင် မီးစက်၊ အင်ဗာတာတွေကိုလည်း အသင့်ဖြစ်နေအောင် ပြင်ဆင်ထားပါ။

အခုက မိုးတွင်းလည်းဖြစ်နေတော့ မိုးအရမ်းရွာလို့ မီးပျက်ပြီး ဆက်ကြည့်လို့မရတော့ရင် အားပေးရတာ ခံစားချက်ပျက်သွားပါလိမ့်မယ်။

(၇) အခြား စားသောက်စရာလိုမျိုး လိုအပ်တာတွေ အဆင်သင့်ထားပါ။

ဘောပွဲကြည့်နေတုန်း ဘယ်သူမှ ထပြီး အစားအသောက်ယူချင်မှာ မဟုတ်တဲ့အတွက် ရေခဲသေတ္တာအသေးတစ်လုံးလောက်တော့ ဧည့်ခန်းမှာ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှမဟုတ် အခုနောက်ပိုင်း Food Delivery Services တွေလည်း များလာတော့ ကိုယ့်အနီးအနားမှာ အိမ်ကို ဖုန်းဆက်မှာလို့ရတဲ့ဆိုင်တွေရှိလားဆိုတာကို ကြိုတင်စုံစမ်းထားသင့်ပါတယ်။

တကယ်လို့ TV ကိုပါ အသစ်လဲလှယ်ဖို့ စိတ်ကူးနေတယ်ဆိုရင်လည်း လက်ရှိ Samsung ကနေ ရောင်းချနေတဲ့ Quantum Dot နည်းပညာအသုံးပြုထားတဲ့ HDR QLED TV တွေက သဘာဝအတိုင်းအလွန်တိကျပြီး တောက်ပတဲ့အရောင်တွေကိုပေးစွမ်းနိုင်တော့ ဘောလုံးပွဲတိုင်းက လုံးဝအသက်ဝင်နေမှာပါ။ ဒါတင်မဟုတ်သေးပါဘူး Samsung QLED TV တွေက လက်ရှိမှာ အဆင့်အမြင့်ဆုံးသော နည်းပညာတွေကလည်းပါဝင်ပြီးတော့ အနက်ရောင်မှာဆိုရင် အလင်းမပေါက်တဲ့ အနက်ရောင်အစစ်ကို ပေးစွမ်းနိုင်ပြီး Contrast Ratio ကလည်း အကန့်အသတ်မဲ့ဖြစ်နေတဲ့အတွက် တခြား LCD TV တွေကို ပြန်မကြည့်ချင်လောက်အောင်ဖြစ်သွားမှာပါ။

Samsung ရဲ့ အခု QLED TV တွေကို ဝယ်ယူအားပေးချင်တယ်ဆိုရင် နီးစပ်ရာ Showroom တွေနဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်တယ်နော်။ လောလောဆယ်မှာလည်း Samsung Myanmar ကနေ “Bring the Big Game Home” Promotion ပြုလုပ်နေပြီးတော့ မေလ ၁၄ရက်မှ ဇူလိုင်လ ၁၅ရက်အတွင်းမှာ ဝယ်ယူတဲ့ Samsung TV အမျိုးအစားပေါ်မူတည်၍ Skynet Receiver အပါအဝင် ၃လ မှ ၆လ သက်တမ်းရှိ အခမဲ့ ကြည့်ရှုခွင့် ရရှိဦးမှာဖြစ်ပါတယ်။