ကမ္ဘာပေါ်မှာ COVID-19 ကပ်ရောဂါကူးစက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး တိုးတက်မှုတွေ ရပ်တန့်နေပေမဲ့လည်း ကမ္ဘာ့တယ်လီကွန်းလောက ကတော့ ဒီဂျစ်တယ် အသွင်ကူးပြောင်းတဲ့ နေရာမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေနဲ့အတူ ပြောင်းလဲတိုးတက်နေတာကို တွေ့နေရပါတယ်။ ဒေတာတွေကို 4G ထက်ပိုပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်တဲ့ နောက်ဆုံးပေါ် 5G လိုနည်းပညာတွေ၊ 5G နဲ့အတူ ဆက်လက်တိုးတက်နေတဲ့ Internet of Things (IoT) နဲ့ Artificial Intelligence (AI) ပိုင်းတွေကြောင့် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ 5G ကွန်ရက်တွေက နောက်၃နှစ်ကနေ ၅နှစ်အတွင်း ကမ္ဘာ့တယ်လီကွန်းလောကမှာရော မြန်မာ့တယ်လီကွန်းလောကမှာပါ အပြောင်းအလဲတွေ အများကြီး ဖြစ်အောင် လုပ်ပေးသွားမဲ့ အဓိက main player တစ်ယောက်လို့တောင် ပြောလို့ရနေပါပြီ။

5G အကြောင်းပြောမယ်ဆိုရင် တယ်လီကွန်းအော်ပရေတာတွေ၊ စမတ်ဖုန်းတွေနဲ့က မကင်းဘူးလို့ ပြောနိုင်ပါတယ်။ Android ဖုန်းတွေမှာဆိုရင် 5G စမတ်ဖုန်းတွေကို သူ့တန်ဖိုးအလိုက် တန်ဖိုးသင့်ဖုန်းတွေ ကနေ နောက်ဆုံးထွက် စျေးနှုန်းမြင့် ဖုန်းတွေအထိ ထည့်သွင်းမိတ်ဆက်ပေးခဲ့သလို မကြာသေးခင်က Apple ကနေ အသစ်မိတ်ဆက်သွားတဲ့ iPhone 12 Series မှာပါ 5G ထည့်သွင်းလာတာတွေကို ကြည့်မယ်ဆိုရင် 5G ကို သိပ်မကြာခင်မှာပဲ တစ်ကမ္ဘာလုံးအနှံ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သုံးလာနိုင်တော့မယ်လို့ ပြောလိုက်သလိုပါပဲ။ ဒါကတယ်လီကွန်း လောကအတွက်ပါ အကျိုးသက်ရောက်မှုတွေ တိုက်ရိုက်ရှိလာမှာဖြစ်ပြီး 5G နဲ့ပတ်သက်လို့ ပြိုင်ဆိုင်မှုတွေပါ ရှိလာတော့မယ်လို့ ခန့်မှန်းရတယ်။ 5G ကြောင့်ပဲ စီးပွားရေးအရ တိုးတက်မှုတွေကြောင့် နိုင်ငံခြား ကုမွဏီတွေပါ ထပ်ပြီးဝင်ရောက်လာနိုင်သလို တစ်ဖက်ကကြည့်ရင်လည်း ဒီလို ပြိုင်ဆိုင်မှုတွေကနေ သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့အရာတွေကို ယူဆောင်လာတော့မှာ ဖြစ်တဲ့အတွက် စိတ်ကျေနပ်စရာပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် Mytel ကတော့ 5G ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လတည်းက ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီးသားဆိုတော့ နိုင်ငံတွင်းက တယ်လီကွန်းအော်ပရေတာတွေထဲမှာ နှာတစ်ဖျားသာ နေတယ်လို့တောင် ပြောလို့ရပါတယ်။

မြန်မာ့တယ်လီကွန်းလောကကို ၂၀၁၃ လောက်ကစပြီး အော်ပရေတာတွေ တစ်ခုပြီးတစ်ခု ဝင်လာပြီး နောက်ပိုင်းမှာ ဝန်ဆောင်မှုတွေကိုရော နည်းပညာပိုင်းတွေကိုပါ တိုးတက်အောင် သူ့ထက်ငါ အပြိုင်အဆိုင်လုပ် လာကြတယ်။ စစချင်းမှာတော့ 2G၊ 3G လောက်ကိုပဲ သုံးခဲ့ရပေမဲ့ နောက်ပိုင်းကျတော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာမှုတွေနဲ့အတူ ပိုအဆင့်မြင့်တဲ့ဝန်ဆောင်မှုတစ်ချို့ဖြစ်တဲ့ 4G LTE လို နည်းပညာတွေကိုပါ ကြိုးစားပြီး ဝန်ဆောင်မှုပေးလာကြတယ်။ စတုတ္တမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Mytel ဝင်လာတဲ့အချိန်မှာတော့ မြန်မာ့တယ်လီကွန်းလောကမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့တယ်။ Mytel က ၃၆,၀၀၀ ကီလိုမီတာအရှည်ရှိတဲ့ မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကိုသုံးပြီး မြန်မာနိုင်ငံရဲ့ ၉၃ ရာခိုင်နှုန်းသောဧရိယာကို 4G, 4.5 G ကွန်ရက်တွေနဲ့ လွှမ်းခြုံလာခဲ့တယ်။

“အရင်တုန်းကဆို အင်တာနက်သုံးနေရင်း ဗီဒီယိုတွေဘာတွေကြည့်မိရင် ဘေလ်ဘယ်လောက်များ ကုန်သွားပြီလဲဆိုပြီး ခဏခဏပြန်ပြန်စစ်ရတယ်။ အခုကျတော့ တယ်လီကွန်း အော်ပရေတာတွေက အင်တာနက်ပတ်ကေ့ချ်တွေကို ဈေး တန်တန်လေးတွေ လုပ်ပေးထားတယ်။ လိုင်းတွေကလည်း တော်တော်ကောင်းလာတော့ အရင်လို Facebook က ဗီဒီယိုတွေဆိုလည်း မကျော်ပဲ ကြည့်ဖြစ်တယ်” ဟု ကမာရွတ်မြို့နယ်မှာနေတဲ့ ကိုဝင်းမြင့်ကပြောပါတယ်။ သူကပဲဆက်လက်ပြီး “ကျွန်တော်အခုသုံးနေတာကတော့ Mytel ပါ။ Mytel ကိုသုံးဖြစ်တာက ကျွန်တော်တို့ သုံးစွဲသူတွေ ကြုံတွေ့ရလေ့ရှိတဲ့ တခြားကိုယ်မယူထားတဲ့ အပိုဝန်ဆောင်မှုတွေကြောင့် ဘေလ်ဖြတ်သွားတာတွေကို ကာကွယ်ပေးတဲ့ နည်းပညာတွေပါတယ်လို့ သိရတယ်။ဟိုတလောကပဲကျွန်တော် ဖုန်းအသစ်လေးဝယ်တော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲထားချင်တဲ့အတွက် e-SIM လေးထည့်သုံးဖို့ကို စိတ်ကူးရတယ်။ အဲ့တာနဲ့ စုံစမ်းကြည့်တော့ Mytel မှာ e-SIM သုံးလို့ရတာသွားတွေ့တယ်။ SIM card လည်းမလိုပဲ လုပ်ထားတာ နည်းပညာက တော်တော်လေး ကောင်းတယ်ဗျ။ သုံးရတာလည်းအဆင်ပြေတယ်။”

စာရေးသူအမြင်အရဆိုရင် Mytel က အသုံးပြုသူတွေ သုံးစွဲရလွယ်ကူတဲ့ ဒီဂျစ်တယ် ecosystem တစ်ခုကို နည်းပညာအသစ်တွေ ထည့်ပေါင်းပြီး တည်ဆောက်နေတယ်လို့ကို ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဂျစ်တယ်အသွင်ကူးပြောင်းနေတဲ့ခေတ်မှာ Mytel ကနေ MyID အက်ပလီကေးရှင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ မိတ်ဆက်ပေးခဲ့တယ်။ Mytel ဝန်ဆောင်မှုအသစ်တွေကိုရော နည်းပညာပိုင်းဆိုင်ရာ တွေကိုပါ အက်ပလီကေးရှင်းတစ်ခုထဲမှာပဲ all in one တစ်နေရာတည်းမှာအားလုံးအသုံးပြုလို့ ရအောင်လုပ်ပေးခဲ့တော့ သုံးစွဲသူတွေ သဘောကျတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ခဲ့တယ်။

“အရင်ကဆို မီတာနဲ့ ရေဖိုးတွေကို သွားသွားဆောင်နေရတော့ အလုပ်တစ်ဖက်နဲ့ဆို အဆင်မပြေခဲ့ဘူး။ Mytelကလုပ်ထားတဲ့ MyHome ကိုသုံးကြည့်တော့ အဆင်ပြေတာတွေ့ရတယ်။ MyID အက်ပလီကေးရှင်းနဲ့ပဲ လုပ်ရတော့ ဘေလ်‌ဆောင်ရတာလည်း လွယ်တယ်။ အချိန်ကုန်လည်း သက်သာသွားတယ်” ဟုမွန်ပြည်နယ်၊ ဘီလင်းမြို့မှ မလှလှအေး ကပြောပါတယ်။

Mytelကနေ MyID သုံးစွဲသူတွေကို တစ်နေရာထဲမှာပဲ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ရယူနိုင်ဖို့အတွက် ငွေပေးချေမှုတွေ အလွယ်တကူပြုလုပ်နိုင်မယ့် MytelPay နဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သုံးစွဲသူတွေအတွက် လျှပ်စစ်နဲ့ ရေသုံးစွဲမှုတွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် MyHome လုပ်ဆောင်ချက်တွေကိုလည်း MyID အက်ပလီကေးရှင်းနဲ့ပဲ လုပ်ဆောင်နိုင်ဖို့ ထည့်သွင်းထားတော့ သုံးစွဲသူတွေအတွက် တော်တော်လေးအဆင်ပြေတဲ့ ဒီဂျစ်တယ် ecosystem တစ်ခုလို့ ပြောလို့ရတယ်။ ဟိုတစ်လောကတစ်နှစ်ပြည့်သွားတဲ့ အချိန်မှာ MyID အက်ပလီကေးရှင်းရဲ့ သုံးစွဲသူပေါင်း ၅ သန်းအထိ ရှိလာတာကိုကြည့်ရင် သုံးစွဲသူတွေက MyID လို သုံးစွဲရလွယ်ကူတဲ့ အက်ပလီကေးရှင်းတွေကို ဘယ်လောက်ထိ ကြိုက်နှစ်သက်နေကြတယ်ဆိုတာ သိနိုင်တယ်။ မကြာသေးခင်ကပဲ Mytel ကို အာရှပစိဖိတ်ဒေသတွင်း လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ် Socialbakers ရဲ့ အသိအမှတ်ပြုတာကိုခံခဲ့ရတဲ့အပြင် ကမ္ဘာ့ထိပ်တန်း ကွန်ရက်အမြန်နှုန်း တိုင်းတာစစ်ဆေးတဲ့ Ookla အဖွဲ့အစည်း ကလည်း ၂၀၂၀ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံး တယ်လီကွန်းကွန်ရက်အဖြစ် အသိအမှတ်ပြု ထားခဲ့ပြန်ပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းတဲ့ နေရာမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေနဲ့အတူ နည်းပညာတိုးတက်မှုတွေကို ဆက်လက်လုပ်ဆောင်သင့်သလို တစ်ဖက်မှာလည်း သုံးစွဲသူတွေ စိတ်ကျေနပ်စေမယ့် ဒေတာအစီအစဥ်တွေ၊ အသုံးပြုရလွယ်ကူမယ့် ဒီဂျစ်တယ် ecosystem တွေကို ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ Mytel က သယ်ဆောင်လာတဲ့ ကောင်းမွန်တဲ့ ဒီဂျစ်တယ်ပြောင်းလဲမှုတွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့တယ်လီကွန်းလောက တိုးတက်လာမယ့် အရိပ်အယောင်တွေကိုတော့ မြင်နေရပြီ ဖြစ်‌ပါကြောင်း……