ယနေ့ခေတ် ဆက်သွယ်ရေးနည်းပညာအဆင့်အတန်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအဆင့်မြင့်မားလာပြီး ဒီတိုးတက်မှုတွေကြောင့်ပဲ လူတွေရဲ့နေ့စဉ်ဘဝနေထိုင်မှုဟာ ပိုမိုအဆင်ပြေတိုးတက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အခုလို COVID-19 ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ဆက်သွယ်ရေးနည်းပညာရဲ့ အကျိုးပြုမှုကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ COVID-19 ရောဂါမပြန့်ပွားအောင် အသွားအလာထိန်းချုပ်ကန့်သတ်ထားတဲ့ အခုလို ကာလ အတွင်းမှာ လူအများစုက နည်းပညာရဲ့အကူအညီနဲ့ အလုပ်တွေကို မိမိအိမ်မှာပဲ လုံခြုံစွာနဲ့ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဆက်သွယ်ရေး နည်းပညာတိုးတက်မှုကြောင့် သိသိသာသာ မြင်တွေ့ရတဲ့ ပြောင်းလဲခြင်းတွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍကိုကြည့်ရင် အခုချိန်ထိ မြန်မာက ကမ္ဘာကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေရတုန်းပဲ ဆိုပေမဲ့ အရင်ဆယ်စုနှစ်တွေတုန်းကလို အများကြီးပြတ်ကျန်နေတာမျိုး မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အစောပိုင်းအချိန်ကာလတွေအထိ ဆက်သွယ်ရေးက အခုလောက် မဖွံ့ဖြိုးခဲ့သေးလို့ လုပ်ငန်း ဆောင်တာတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိခဲ့ကြရတာ ကျွန်တော်တို့အားလုံးကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုထဲပဲ ရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ ယခုလို ရွေးချယ်စရာအများကြီးနဲ့ ဖောဖောသီသီ သုံးစွဲနိုင်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။ ဆင်းကဒ်တစ်ကဒ်ကို သိန်း ၂၀ ကျော်ကနေ ၄၅ သိန်းနီးပါးပေးပြီး ဝယ်ယူသုံးစွဲခဲ့ရတာကြောင့် အဲဒီပမာဏကိုတတ်နိုင်တဲ့ လူတန်းစား တစ်ရပ်ကသာ ကိုယ်ပိုင်ဟန်းဖုန်းကို လက်လှမ်းမီခဲ့ကြပါတယ်။ သာမန်ပြည်သူတွေအနေနဲ့ကတော့ ဖုန်းခေါ်ဖို့ လိုအပ်လာပြီဆိုရင် နီးစပ်ရာလမ်းဘေးဖုန်းတွေ၊ ရပ်ကွက်ထဲက ဖုန်းရှိတဲ့အိမ်တွေမှာ သွားရောက်အသုံးပြု ကြရပါတယ်။ အင်တာနက်အသုံးပြုချင်တဲ့အခါမျိုးမှာလည်း Internet ဆိုင်အထိ တကူးတကသွားခဲ့ရသလို အခုလောက်လည်း အင်တာနက်မြန်နှုန်းက မမြန်တာမို့ လိုအပ်တဲ့သတင်းအချက်အလက်ရှာဖို့၊ email စစ်ဖို့၊ စာပို့ဖို့ ဆိုတာလောက်ကို တောင် စိတ်ရှည်လက်ရှည်နဲ့ အချိန်အများကြီးပေး လုပ်ဆောင်ခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံခြားက ဆက်သွယ်ရေးအော်ပရေတာတွေ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းနယ်ပယ်ထဲကို စတင်ဝင်ရောက်လာတဲ့ အတွက် ပြောင်းလဲမှုတွေကို တဖြေးဖြေးနဲ့ စတင်မြင်တွေ့လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ 4G ကွန်ရက်ကို စတင်အသုံးပြုနိုင်တဲ့ ၂၀၁၈ ခုနှစ်မတိုင်ခင်အထိကတော့ 2G နဲ့ 3G ကွန်ယက်ဝန်ဆောင်မှုတွေပဲ ရရှိခဲ့တဲ့အတွက် အင်တာနက်နဲ့ ထိတွေ့မှုကတော့ ပြောပလောက်အောင် မများနေသေးပါဘူး။ နောက်တိုးအော်ပရေတာနှစ်ခု ဝင်လာတာကြောင့် သုံးစွဲသူတွေအနေနဲ့ အရင်ကထက် ရွေးချယ်စရာ ပိုများလာတယ်လို့ ပြောလို့ရပေမဲ့ အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ်ဟာ အတိုင်းအတာ တစ်ခုထိများနေခဲ့သေးတာကြောင့် အခုလောက်တော့ ဝန်ဆောင်မှုတွေကို အလွယ်တကူရယူနိုင်ခဲ့တာ မဟုတ်ပါဘူး။ အကယ်၍သာ အဲဒီအချိန်တွေတုန်းက ခုလို COVID 19 လို ကပ်ရောဂါမျိုး ကြုံတွေ့ရမယ်ဆိုရင် သတင်းအချက်အလက်တွေ ရရှိဖို့မလွယ်တာ၊ တစ်ယောက်တစ်နေရာစီက အလုပ်လုပ်ဖို့ အဆင်မပြေတာ အစရှိတဲ့အခြေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ တွေးတောင် မကြည့်ရဲလောက်အောင်ပါပဲ။

ဒါပေမဲ့ Mytel ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာ့ဆက်သွယ်ရေးနယ်ပယ်ဟာ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ Mytel ဟာ ဈေးကွက်ထဲမှာ ပိုမိုသက်သာပြီး လူတိုင်းလက်လှမ်းမှီတဲ့ ဒေတာစျေးနှုန်းနဲ့ ပိုမိုများပြားတဲ့ဝန်ဆောင်မှုတွေကို ယူဆောင်လာပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းကာလတွေ အထိ ဆက်သွယ်ရေးဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေဟာ လူတန်းစားတစ်ရပ်ကသာ သုံးစွဲနိုင်တယ့် ပမာဏဖြစ်ခဲ့ ပါတယ်။ အခြေခံလူတန်းစားတွေအားလုံး သုံးစွဲနိုင်တဲ့အထိတော့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ခြင်းမရှိခဲ့သေး ပါဘူး။ မြန်မာနိုင်ငံအတွင်းကို စတုတ္ထမြောက် အော်ပရေတာ Mytel ဝင်ရောက်လာပြီး အခြားအော်ပရေတာများထက် ပိုမိုသက်သာတဲ့ ဝန်ဆောင်တွေ ပေးလာတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတန်းစားအားလုံး ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့သုံးစွဲလာနိုင်ကြပါတယ်။

လူမှုဆက်သွယ်ရေး ကဏ္ဍအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများဟာ နည်းပညာဆိုင်ရာ အခြေခံ အုတ်မြစ်ဖြစ်တဲ့ အပြင် လူ့အဖွဲ့အစည်းရဲ့ အခြေခံလုပ်ဆောင်မှုများအတွက် အဓိက အခန်းကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။ ဆက်သွယ်ရေး ကဏ္ဍတိုးတက်လာခြင်းဟာ အစိုးရအဖွဲ့အစည်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ မိသားစု၊ သူငယ်ချင်းများအစရှိတဲ့ အားလုံးကို များစွာအကျိုးပြုပြီး ယင်းတို့၏နေ့စဉ် လူနေမှုဘ၀ကို ဖွံ့ဖြိုးတိုးတက်လာစေပါတယ်။ ပထဝီ အနေအထားအရအခွင့်မသာတဲ့ နေရာများမှာ ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်ရေး ကဏ္ဍတွေက ပိုမို၍ အရေးပါလျက်ရှိပါတယ်။ Mytel ဟာ လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ ၉၃% သော ဧရိယာအကျယ်အဝန်းကို ၃၆,၀၀၀ ကီလိုမီတာရှည်လျားတဲ့ ဖိုင်ဘာကြိုးမျှင်များနဲ့ လွှမ်းခြုံထားပြီး 4G, 4.5G ကွန်ရက်ကို ဖြန့်ကျက်ထားတယ် လို့သိရပါတယ်။ ဒီအချက်အလက်အရဆိုရင် Mytel ဟာ အကျယ်ပြန့်ဆုံး 4G နဲ့ 4.5 G ကွန်ရက်ကိုထောက်ပံ့ပြီး လူထုကိုဝန်ဆောင်မှုပေးနေတဲ့ အော်ပရေတာလို့ ပြောလို့ရနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူရဲ့ ဒီဂျစ်တယ်လို အပ်ချက်တွေကို တစ်နေရာထဲမှာ ဝန်ဆောင်မှုပေးတဲ့ MyID အက်ပလီကေးရှင်းအပြင် သက်သာတဲ့ ငွေလွှဲခနဲ့ နိုင်ငံအနှံ့ငွေလွှဲနိုင်တဲ့ MytelPay အက်ပလီကေးရှင်းတွေကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေး ကွန်ရက်တွေရှိလာတဲ့အတွက် ပြည်တွင်းစီးပွါးရေး လုပ်ငန်းများကလည်း စီးပွါးရေးပိုမိုချဲ့ထွင်လာကြပြီး ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြပါတယ်။ နိုင်ငံအတွင်းထုတ်လုပ်မှုစွမ်းအင်တိုးတက်လာတာနဲ့အမျှ စီးပွါးရေးနဲ့ အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများလည်း တိုးတက်လာကြပါတယ်။ ယခုဆိုရင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က Mytel သုံးစွဲသူတွေ အနေနဲ့ မိမိတို့ရဲ့ လျှပ်စစ်နဲ့ ရေသုံးစွဲမှုတွေကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်မဲ့ MyHome လုပ်ဆောင်ချက်တွေကို MyID အက်ပလီကေးရှင်းကနေတဆင့် လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ငွေပေးငွေယူ ငွေလွှဲခြင်းတွေကိုလည်း MytelPay မှ တစ်ဆင့် နိုင်ငံအနှံ့ကို လွယ်လွယ်ကူကူ ငွေလွှဲနိုင်တဲ့အတွက် နေ့စဉ်လူမှုအဖွဲအစည်း လုပ်ငန်းဆောင်တာများဟာ အဆင်ပြေတိုးတက်လာတာကို တွေ့ရပါတယ်။

ဒါ့ပြင် Mytel ဟာ မိုဘိုင်းဖုန်းဘေလ်ဖြတ်တောက်မှုတွေ၊ အခြားရယူထားခြင်း မရှိတဲ့ အပိုဝန်ဆောင်မှုတွေရဲ့ ဘေလ်ကုန်ဆုံးရတာတွေကိုဖြေရှင်းနိုင်ဖို့အတွက် Adaptive Data, Charging Block, Charge History လိုမျိုး နည်းပညာတွေကိုလည်း သုံးစွဲသူများကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကမ္ဘာ့နောက်ဆုံးပေါ်နည်းပညာ တွေဖြစ်တဲ့ eSIM လိုမျိုး၊ VoLTE (Voice over Long-Term Evolution) လိုမျိုး နည်းပညာတွေ ကိုပါ နိုင်ငံထဲမှာ ပထမဆုံး အနေနဲ့ သုံးစွဲသူတွေအတွက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဒါတင်လားဆိုတော့ နည်းပညာအားဖြင့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မှတ်တိုင်တစ်ခုအနေနဲ့ 5G ကွန်ရက်ကိုလည်း မြန်မာပြည်မှာ ပထမဦးဆုံး စမ်းသပ်ခဲ့နိုင်တာကို တွေ့ရပါတယ်။

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်သို့ Mytel ဟာ နှစ်နှစ်အတွင်းတွင် မှတ်တိုင်များစွာကို စိုက်ထူကာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အော်ပရေတာအဖြစ် ရပ်တည်နေပါတယ်။ Mytel ဟာ မြန်မာနိုင်ငံအတွင်း နည်းပညာဦးဆောင်သူ ဖြစ်တာကြောင့် ဒီဂျစ်တယ်အသွင်ပြောင်းခြင်း၊ e-Government အကောင်အထည်ဖော်မှုအတွက် ၀န်ကြီးဌာနသို့ လိုအပ်သည့်ပစ္စည်းကိရိယာများလှူဒါန်းခြင်း၊ ဒီဂျစ်တယ်သင်ယူမှုအတွက် ကျောင်းများမှာ ကွန်ပျူတာများကို တပ်ဆင်ခြင်း၊ Myanmar Book Aids and Preservation Foundation နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား ကျောင်းသူပေါင်း ၄၉, ၅၂၅ ယောက်အတွက် ဒီဂျစ်တယ် နည်းပညာ တတ်မြောက်မှု ပရိုဂရမ်တွေ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနယ်ပယ် အပေါ် Mytel က အပြောင်းအလဲ အများကြီးဖြစ်စေတယ်ဆိုတာ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးကပေးအပ်တဲ့ အသိအမှတ်ပြုမှုတွေကနေလည်း သိနိုင်ပါတယ်။ အနီးစပ်ဆုံး ပြောရရင် Mytel ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ၂၀၂၀ ခုနှစ် တတိယသုံးလပတ်ကာလအတွင်း အာရှပစိဖိတ်ဒေသရဲ့ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာ အဖြစ် Socialbakers အဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့ပြီး Mytel စာမျက်နှာရဲ့ ထူးခြားတဲ့ ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ eSports ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကြောင့်လို့ သိရပါတယ်။ ဒါ့အပြင် Mytel ဟာ ၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အမြန်ဆုံး တယ်လီကွန်း ကွန်ရက်အဖြစ် ကမ္ဘာ့ထိပ်တန်း ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးတဲ့ Ookla အဖွဲ့အစည်းက အသိအမှတ်ပြုခဲ့ပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတွေက အခုလို နိုင်ငံတကာက နည်းပညာကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေတာဟာ နိုင်ငံအတွက်ရော မြန်မာလူထုအတွက်ပါ အလွန်အကျိုးရှိစေပါတယ်။ လက်ရှိခေတ်ရဲ့တောင်းဆိုမှုနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ဆက်သွယ်ရေးကဏ္ဍဟာနေ့စဉ်လူမှုဘဝအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုအရေးပါလာတာမို့ အော်ပရေတာတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပါတယ်။ နောက်လာမဲ့နှစ်တွေမှာလည်း အော်ပရေတာ တွေအနေနဲ့ လူတန်းစားအားလုံးအတွက် အဆင်ပြေ၊ အသုံးဝင်မဲ့ ဝန်ဆောင်မှုတွေကို နောက်ဆုံးပေါ်နည်းပညာ တွေနဲ့ ပံ့ပိုးသွားနိုင်‌အောင် လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။