အသက် (၆) နှစ်သာရှိသေးတဲ့ မွေးရာပါနှလုံးရောဂါသည်လေး စိုးနိုလေးဟာ ၈ လသမီးအရွယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် ဖွားအေဖြစ်သူ ဒေါ်လှလှဝင်းလက်ထဲမှာပဲ ကြီးပြင်းလာရပါတယ်။ ငွေကြေးခက်ခဲကြတဲ့အတွက် အဖွားဖြစ်သူမှာ ကျန်းမာရေးချူချာလွန်းတဲ့ မြေးငယ်လေးအတွက် လိုအပ်တဲ့ ခွဲစိတ်မှုလုပ်နိုင်ဖို့ အရပ်ထဲမှာ လှည့်လည်ချေးငှားပြီး စုဆောင်းတဲ့နည်းကလွဲလို့ သူ့မှာ တခြားနည်းလမ်း လည်း မရှိခဲ့ပါဘူး။ “မြေးလေးကို ခွဲစိတ်ကုသဖို့ Mytel က အကုန်လုံး တာဝန်ယူတယ်ဆိုတာ သိလိုက်ရတဲ့ နေ့ကလေ အဖွားရင်ထဲဘယ်လို ခံစားရတယ်ဆိုတာကိုတောင် မပြောပြတတ်ဘူး။ အဖွားမြေးလေးကို အခြားကလေး တွေလိုပဲ ကျန်းကျန်းမာမာနဲ့ မြင်ရတော့မှာမို့လို့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ ဒီလို လှူဒါန်း ပေးတဲ့ Mytel ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါ့အပြင် အဖွားတို့ မြေးဖွားကို ဆေးရုံစတက်တဲ့ အချိန်ကစလို့ မြေးလေးခွဲစိတ်ခန်းဝင်ရတဲ့အချိန်၊ ဆေးရုံဆင်းတဲ့အချိန်အထိ အစစအရာရာ လုပ်ကိုင်ပေးပြီး စောင့်ရှောက်ပေးကြတဲ့ Mytel က တာဝန်ရှိတဲ့သူတွေကိုလည်း ဘုန်းကြီးပါစေ၊ သက်ရှည်ကြပါစေလို့ အဖွား အမြဲဆုတောင်းပေးတယ်။” လို့အဖွား ဒေါ်လှလှဝင်းတစ်ယောက် ပိတီမျက်ရည်ကြားက ပြောလာခဲ့ပါတယ်။

စိုးနိုတို့ မြေးအဖွားဟာ ခွဲစိတ်ကုသမှုအတွက် လိုအပ်တဲ့ အထောက်အပံ့ကို ဇွန်လ ၅ ရက်၊ ၂၀၂၀ ခုနှစ်မှာ တရားဝင်စတင်တည်ထောင်ခဲ့တဲ့ Mytel ရဲ့ Empower My Children ဖောင်ဒေးရှင်းကနေ ရရှိခဲ့တာ ဖြစ်ပါ တယ်။ ဒီဖောင်ဒေးရှင်းဟာ ရန်ကင်းကလေးဆေးရုံနဲ့ ပူးပေါင်းပြီး ခွဲစိတ်မှုခံယူဖို့အခက်အခဲရှိတဲ့ မွေးရာပါ နှလုံးရောဂါသည် ကလေးငယ်တွေ ခွဲစိတ်မှုခံယူနိုင်ဖို့ ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ်။ ခွဲစိတ်မှုတစ်ခုအတွက် ကလေးတစ်ယောက်ကို (၂၅) သိန်း နှုန်းနဲ့ ကလေးငယ် စုစုပေါင်း (၃၄) ယောက်ကို ထောက်ပံ့ခဲ့ပြီး လက်ရှိမှာ ကလေးငယ် ၂၁ ဦးက‌ အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးပြီလို့ သိရပါတယ်။ ကိုယ့်ရဲ့ ရင်နှစ်သည်းချာ ကလေးငယ်လေးတွေ ဝေဒနာခံစားနေရတာကို ဘယ်မိဘမှ မကြည့်ရက်ပေမဲ့ တစ်ခါ တစ်လေမှာ ခါးသီးတဲ့အခြေအနေတချို့ကြောင့် ဘာမှမလုပ်နိုင်ပဲ ရင်ကွဲခံပြီး ကြည့်နေရတာမျိုးလည်း ရှိနေ ပါတယ်။ ဒီလိုမိဘတွေနဲ့ ကလေးငယ်တွေအတွက် Empower My Children လို ဖောင်ဒေးရှင်းမျိုးရဲ့ ထောက်ပံ့မှုမျိုးက မျှော်လင့်ချက်တွေကို ယူဆောင်လာပေးပါတယ်။

Mytel ဟာ ဖုန်းငွေဖြည့်တာနဲ့ ပက်ကေ့ချ်အမျိုးမျိုးဝယ်တာကနေ ရရှိတဲ့ဝင်ငွေ တစ်စိတ်တစ်ဒေသကို ဒီဖောင် ဒေးရှင်းရဲ့ ရန်ပုံငွေအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။ ဒါကြောင့် Mytel ဝန်ဆောင်မှုကို အသုံးပြု နေတဲ့ သုံးစွဲသူအားလုံးဟာ ဒီဖောင်ဒေးရှင်းနဲ့ ကုသမှုခံယူဖို့လိုအပ်နေတဲ့ကလေးတွေကို ကူညီထောက်ပံ့ပေးနေ တာပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ Mytel ဟာ ခေတ်မီဆန်းသစ်ပြီး အဖိုးနှုန်းချိုသာတဲ့ နည်းပညာတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးနေရုံမက သူအမြဲပြောနေသလို ဂရုအစိုက်ဆုံး အော်ပရေတာဖြစ်တယ် ဆိုတာလည်း အမှန်ပဲဖြစ်ပါတယ်။

ယနေ့ခေတ်ရဲ့ ကလေးငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတဲ့ စကားဟာ အားလုံးနဲ့ မစိမ်းတဲ့ စကားစုတစ်ခုလို့ဆိုရင် မမှားပါဘူး။ ဒီစကားစုကနေ ကလေးငယ်တွေက မိသားစုတစ်ခု၊ လူမှုဝန်း ကျင်တစ်ခု အတွက်သာမက တိုင်းပြည်တစ်ပြည်အတွက် အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာပါတဲ့သူတွေ ဖြစ် တယ်ဆိုတာကို ပိုမိုနားလည်သိရှိရပါတယ်။ ဒီလိုအရေးကြီးတဲ့ လူသားငယ်လေးတွေဟာ အရွယ် နဲ့မမျှတဲ့ အပူအပင်တွေ၊ ဝေဒနာတွေမခံစားရပဲ ကျန်းကျန်းမာမာနဲ့ကြီးပြင်းနိုင်ဖို့ အရေးကြီးပါတယ်။ ထင်ရှားတဲ့ အာဖရိကန်စကားပုံတစ်ခုက “ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ တစ်ရွာလုံးပါဝင်ရတယ်” လို့ ဆိုပါတယ်။ ကလေးတစ်ယောက် ကိုယ်ရောစိတ်ပါလုံခြုံပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်ဖို့ လူမှုပတ်ဝန်းကျင်တစ်ခု လုံးမှာရှိတဲ့သူတွေ ပူးပေါင်းပြီး အချိန်ပေးလုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ဒီစကားပုံက မီးမောင်းထိုးပြနေပါ တယ်။ တစ်ဖက်မှာလည်း ကိုယ့်ကို ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် တာဝန်ယူဖို့ ပြော လာရင် အဖက်ဖက်က စဉ်းစားပြီး ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ ချီတုံချတုံ ဖြစ်မိမှာပါပဲ။ ဒါပေမဲ့ ကိုယ်နေ့တိုင်း လုပ်နေကျဖုန်းဆက်တာ၊ ပက်ကေ့ချ်ဝယ်တာတွေ လုပ်ရင်းနဲ့ပဲ လှူဒါန်း နိုင်တာမျိုးဆိုရင်တော့ ဝန်မပိုစေဘူးလို့ထင်ပါတယ်။ ဒါကြောင့် Mytel ဝန်ဆောင်မှုတွေ အသုံးပြုရင်းနိုင်ငံရဲ့ အနာဂတ်တွေဖြစ်ကြတဲ့ ကလေးငယ်တွေကို သွယ်ဝိုက်သောနည်းနဲ့ ကူညီနိုင်ကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်။