အခုနောက်ပိုင်း တယ်လီကွန်းအော်ပရေတာတွေက ကိုယ့်ရဲ့ဝန်ဆောင်မှု အသုံးပြုသူတွေ နှစ်သက်သဘောကျနိုင် မယ့် အစီအစဉ်အသစ်တွေ ဝန်ဆောင်မှုအသစ်တွေကို ကိုယ်ပိုင်အက်ပလီကေးရှင်း တွေကနေတစ်ဆင့် ပြုလုပ် ပေးလာကြပါတယ်။ အဲ့လို အက်ပလီကေးရှင်းတွေထဲမှာဆိုရင် သုံးစွဲသူတွေ စိတ်ကြိုက်ဖြစ်စေမယ့် Mytel ရဲ့ MyID အက်ပလီကေးရှင်းက ပျော်ရွှင်စရာ ဂိမ်းအစီအစဥ်တွေ၊ တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့ သတင်း အစီအစဥ်တွေ နဲ့အတူ အခုနောက်ပိုင်း တော်တော်လေးခေတ်စားလာပါတယ်။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ MyID အက်ပလီကေး ရှင်းရဲ့ သက်တမ်းဟာဆိုလို့ရှိရင် သုံးစွဲသူပေါင်း ၅သန်းပြည့်သွားခြင်းနဲ့အတူ ခုချိန်မှာတော့ တစ်နှစ်ပြည့် မွေးနေ့ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Mytel ရဲ့ MyID အက်ပလီကေးရှင်း ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေစတင်ပြီး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သုံးစွဲသူ ပြည်သူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးစွမ်းဖို့အတွက် Mytel ကနေ မွေးဖွားပေးခဲ့တာပါ။ အခုလို တစ်နှစ်ပြည့်သွားတဲ့ အချိန်မှာ MyID အက်ပလီကေးရှင်းရဲ့ သုံးစွဲသူပေါင်း ၅ သန်းရှိလာပြီး အဲ့ဒီအထဲမှာမှ လစဉ်သုံးစွဲသူအရေအတွက်က ၈၅ ရာခိုင်နှုန်းအထိ ရှိနေပြီဆိုတာကို ကြည့်မယ်ဆိုရင် အခုလိုမျိုး ဒီဂျစ်တယ် အသွင်ကူးပြောင်းနေတဲ့ ခေတ်မှာသုံးစွဲသူတွေက MyID လို သုံးစွဲရလွယ်ကူတဲ့ အက်ပလီကေးရှင်း တွေကို ဘယ်လောက်ထိ ကြိုက်နှစ်သက်နေကြတယ်ဆိုတာ သိရှိနိုင်ပါတယ်။ rating 4,5 stars အထိရရှိထားတဲ့ MyID အက်ပလီကေးရှင်းကို Google Play Store နဲ့ App Store တွေမှာလည်း ဒေါင်းလုပ်လုပ်ယူနိုင်တဲ့အပြင် ဘယ်အော်ပရေတာမဆို အသုံးပြုရလွယ်ကူတဲ့အတွက်ကြောင့် ပေးထားတဲ့ bit.ly/MyIDApp လင့်မှာပဲ ဒေါင်းလုပ် ပြီး စမ်းသုံးကြည့်လို့ရပါတယ်။

MyID ရဲ့ နှစ်ပတ်လည်နေ့ကို ဆင်နွှဲတဲ့အနေနဲ့ Mytel က ပထမဆုံးအကြိမ် MyID ကို မှတ်ပုံတင် အသုံးပြုမဲ့သူတွေအတွက် အထူးအစီအစဉ်လေးတွေလည်း ရှိပါသေးတယ်။ ဒါကတော့ MyID ကို ပထမဆုံးအကြိမ် မှတ်ပုံတင်တဲ့ မည်သည့်တယ်လီကွန်းအော်ပရေတာ အသုံးပြုသူမဆို မိုင်ဂါရဝ ဂိမ်းဆော့ဖို့ အကြိမ်ရေ ၁၀ ကြိမ် ကိုလည်း လက်ဆောင်အဖြစ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Mytel တယ်လီကွန်း အော်ပရေတာ အသုံးပြုပြီး မှတ်ပုံတင်တဲ့ သုံးစွဲသူတွေကိုတော့ 2 GB ဒေတာ အထူးလက်ဆောင်ကိုပါ ထပ်ဆောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ MyID အက်ပလီကေးရှင်းကို စစချင်းတည်းကသုံးခဲ့ကြတဲ့ သူတွေဆိုရင် လူတိုင်းကြိုက်နှစ်သက်ခဲ့တဲ့ Shake More ဆိုတဲ့ အစီအစဉ်လေးကို မှတ်မိကြမယ်လို့ထင်ပါတယ်။ ဒီအစီအစဉ်လေးကတော့ သုံးစွဲသူတွေ အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်လက်ဆောင်တွေဖြစ်တဲ့ Suzuki GLX ကားဆုတွေ ၊ VSmart ဖုန်းဆုတွေ ပါတဲ့ အပြင် နေ့တိုင်းနေ့တိုင်း သိန်း (၃၀) အထိ ကံစမ်းနိုင်မယ့် MytelPay E-money တွေ နဲ့ အခြား ဒေတာနှင့် ဖုန်းခေါ်ဆိုမှု အပိုဆုတွေကိုပါ မိမိတို့ရဲ့ ဖုန်းကို shake လိုက်ရုံ လှုပ်ခါလိုက်ရုံနဲ့ ဆန်းသစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

ဒီလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်အပြင် တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဥ်ကိုလည်း MyID အက်ပလီကေးရှင်းမှာတွေ့နိုင်ပါတယ်။ OK Mytel နဲ့ Infinity Plan လိုမျိုး အစီအစဥ်တွေဆိုရင် သုံးစွဲသူတွေကြားထဲ တော်တော်လေးသဘောကျခဲ့တယ်လို့ ပြောလို့ရပါတယ်။ Mytel ရဲ့ (၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်တုန်းကဆိုရင်လည်း ကပ်ရောဂါကြောင့် အိမ်မှာနေရတဲ့ အချိန်တွေမှာ အိမ်မှာနေရင်းနဲ့လည်း ပျော်ရွှင်စရာ အစီအစဥ်တွေကို ပါဝင်နိုင်ဖို့အတွက် MyID အက်ပလီကေးရှင်း ကနေ ရွှေ ၂၂ ကျပ်သားနဲ့ ငွေကျပ် ၂၂၂,၂၂၂ အပါအဝင် နေ့စဉ် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်တွေ MytelPay E-money ဆုများ ရရှိနိုင်မယ့် “Fight COVID-19 Together” ဆိုတဲ့ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ MyID သုံးစွဲသူတွေကို တစ်နေရာထဲမှာပဲ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရယူနိုင်ဖို့အတွက် ငွေပေးချေမှုတွေ အလွယ်တကူပြုလုပ်နိုင်မယ့် MytelPay နဲ့ သုံးစွဲသူတွေအတွက် မိမိတို့ရဲ့ လျှပ်စစ် မီတာခနဲ့ ရေသုံးစွဲမှုကျသင့်ငွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် MyHome လုပ်ဆောင်ချက်တွေကို လည်း MyID အက်ပလီကေးရှင်းနဲ့ပဲ လုပ်ဆောင်နိုင်ဖို့ ထည့်သွင်းထားပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွင် စတင်သုံးစွဲနေပြီဖြစ်ပါတယ်။

ဖျော်ဖြေရေးဝန်ဆောင်မှု ပိုင်းမှာဆိုရင်လည်း သုံးစွဲသူတွေ မငြီးငွေ့ရအောင် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ အွန်လိုင်းဗီဒီယို Streaming ဝန်ဆောင်မှု ဖြစ်တဲ့ VIU လို အက်ပလီကေးရှင်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ VIU ရဲ့ ပရီမီယမ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို MyIDမှာ လစဉ်ကြေး ပေးဆောင်ဖို့မလိုပဲနဲ့ အခမဲ့ကြည့်ရှုနိုင်တော့ ဒီအစီအစဥ်လေးကို အသုံးမပြုရသေးရင် စမ်းပြီး အသုံးပြုစေချင်ပါတယ်။ တရုတ်ရုပ်ရှင်ဇာတ်လမ်းကြိုက်သူများ အတွက် MyID အက်ပလီကေးရှင်းမှာပဲ ကြည့်ရှုနိုင်မယ့် TapTube နဲ့ သီချင်းချစ်သူများအတွက် JOOX က သီချင်းတွေအားလုံးကို နားဆင်နိုင်မယ့် ပတ်ကေချ့်တွေကိုလည်း MyID သုံးစွဲသူများအတွက် မိတ်ဆက် ပေးခဲ့ပါသေးတယ်။ နောက်ထပ် MyID ဂိမ်း ဆိုတဲ့ အစီအစဉ်ကိုလည်း MyID အက်ပလီကေးရှင်းမှာထည့်ပေးထားပါတယ်။ အသုံးပြုသူတွေဟာ ဂိမ်းတွေကို အခမဲ့ကစားနိုင်သလို ပြိုင်ဘက် အခြားကစား သမားတွေနဲ့လည်း ကြိုတင်ငွေပေးသွင်းခြင်းဖြင့် အနိုင်ရရှိမယ်ဆိုရင် ဂိမ်းဒင်္ဂါးတွေ၊ ချန်ပီယံ ရှစ်ရမှတ်တွေနဲ့ အပတ်စဉ်၊ လစဉ်ဆုတွေကိုရရှိနိုင်ဖို့ အခွင့်အလမ်းတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ မိုင်ဂါရဝဆိုတဲ့ ဂိမ်းလေးအကြောင်းကိုလည်းပြောပြရင်း ဘယ်လိုဆော့ ရမလဲ ဘယ်လိုဆုလက်ဆောင်တွေရမလဲဆိုတာ ကိုပါပြောပြပေးသွားပါမယ်။ ဂိမ်းလေးရဲ့ပုံစံက ဇီးကွက်လေးက ခုန်ခုန်ပြီး လက်ဆောင်ပစ္စည်းတွေ၊ ဆုတွေ ကို စုဆောင်း ပြီးတော့ သူရဲ့ မိသားစုဆီပြန်ပြီး သီတင်းကျွတ် လက်ဆောင်ပေးတဲ့ ချစ်စရာ ဇာတ်လမ်းလေးနဲ့ပါ။ ဘယ်လိုဆော့ရမလဲဆိုတော့ MyID ကိုဖွင့်၊ MyGarawa ဆိုတဲ့ Icon လေးကို နှိပ်လိုက်ပြီး Play ဆိုတာ နှိပ်လိုက်ရုံပါပဲ။ အင်း…..နှိပ်ပြီးတာနဲ့ ကစားမယ့်ပုံစံကို ရွေးလို့ရပါပြီ။ ခလုပ်ကို နှိပ်ပြီးဆော့မလား၊ အသံတစ်ခုခု ပြောပြီးဆော့မလား ဆိုတာကိုရွေး၊ ပြီးတာနဲ့ခုန်ပေ တော့ပဲ။ အစပိုင်း တော့ လွယ်ပေမဲ့ နောက်ပိုင်းမှာ နည်းနည်း တော့ မြန်လာတယ်။ ဒီအစီအစဉ်လေးမှာဆိုရင် အထူးဆုတွေအဖြစ် Hyundai Grand i10 ကား (၁၀) စီး ၊ Honda Scoopy မော်တော်ဆိုင်ကယ် အစီး (၂၀) ၊ ၂ သိန်းတန် E-money ဆုတွေအပြင် အခြားအခြားသော တယ်လီကွန်းဆုတွေ E-money ဆုတွေလည်း ပေးအပ်သွား မှာဆိုတော့ MyID ရဲ့ တစ်နှစ်ပြည့် မွေးနေ့နဲ့အတူ အခုပဲသွားစမ်းကြည့်လိုက်ကြပါအုန်းနော်။ အော် MyID App ကို မဒေါင်းရသေးဘူး ဆိုရင်တော့ http://onelink.to/myid ဒီလင့်လေးကနေ ဒေါင်းလို့ရပါတယ်နော်။