အားလုံးပဲ မင်္ဂလာပါ၊ ပွဲတက်ဖို့အခမ်းအနားတစ်ခုခုရှိတဲ့အခါ ရက်တိုအတွင်း အလျင်အမြန်ဝိတ်ချချင်ကြပါတယ်။ ဝမ်းဗိုက်က အဆီတွေကို မြန်မြန်ကျပြီး ခါးလေး သေးသွယ်သွားချင်ကြတာမျိုးပေါ့။

အဲဒါဆိုရင် အခုဖော်ပြပေးသွားမယ့် နည်းလမ်းလေးတွေကို သေချာလိုက်လုပ်ပေးဖို့ လိုမယ်နော်။

ရေများများသောက်ပါ

တစ်ခါတလေမှာ ရေဆာတာကို ဗိုက်ဆာတာနဲ့ အမှတ်မှားပြီး ထမင်းစားတယ်။ မုန့်ပဲသရေစာတွေ စားမိတတ်ကြပါတယ်။ အဲ့ဒါကြောင့် ဗိုက်ဆာတယ်လို့ သံသယရှိတာနဲ့ ရေအဝသောက်ကြည့်လိုက်ပါ။ ရေသောက်ပြီးသွားတာတောင်မှ မခံမရပ်နိုင်အောင် ဗိုက်ဆာတယ်ဆိုမှ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတစ်ခုခုစားပေးပါ။ တချို့လူတွေဆိုရင်တော့ သုံးရက်လောက် အစားမစားဘဲ ရေနဲ့ ဝိတ်ချကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကတော့ အန္တရာယ်များတဲ့အတွက်ကြောင့် ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှ ပြုလုပ်သင့်ပါတယ်။

ရေခဲသေတ္တာထဲမှာ မုန့်အချိုနဲ့ အခြားသရေစာမုန့်တွေ မဝယ်ထားပါနဲ့

Photo Source: www.pritikin.com

မျက်စိရှေ့မှာ စားစရာတွေ မြင်နေရင်တော့ မသိစိတ်က အစား စားချင်အောင် လှုံ့ဆော်ပါတယ်။ ဒါဆိုရင်တော့ ဝိတ်ဘယ်တော့မှ ကျမှာ မဟုတ်တော့ပါဘူး။

ဆေးသကြားများတဲ့ အချိုရည်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

Photo Source: asiatravelagencies.com

ရက်ပိုင်းအတွင်း ဝိတ်ကျချင်တယ်ဆိုရင်တော့ ကိုယ်စားချင်တာတွေ စားလို့မရဘူးနော်။ ကယ်လိုရီများတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ကြော်တို့၊ ဘာဂါတို့ အာလူးချောင်းကြော်တွေကို မစားပါနဲ့။ ပြီးတော့ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေ သောက်မယ့်အစား လတ်ဆတ်တဲ့သစ်သီလေးတွေကိုပဲ သစ်သီးဖျော်စက်လေးနဲ့ ကိုယ့်ဘာသာဖျော်သောက်လိုက်ပါ။

ဝမ်းဗိုက်ချပ်ပြီး ခါးသေးသွယ်စေတဲ့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပါ

ဝိတ်ကျစေတဲ့ အကောင်းဆုံးနည်းလမ်းလေးကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ခါးသေးသွယ်စေတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နာရီလောက် အချိန်ပေးပြီး ပြုလုပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်အတွင်း ခါးသေးသေးလေးဖြစ်သွားပါလိမ့်မယ်။

အဝတ်အစားနဲ့ ပိန်သယောင်ဖန်တီးပါ

Photo Source: www.eloquii.com

ဒါကတော့ နောက်ဆုံးနည်းလမ်းလေးပါ။ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို လေ့ကျင့်ခန်းလည်း အများကြီးမလုပ်နိုင်ဘူး။ အစားလည်း လျော့စားလို့ မရဘူးဆိုရင်တော့ အဝတ်အစားနဲ့ပဲ ပိန်သယောင် ဖန်တီးလိုက်ပါ။ အရောင်နုတဲ့ အင်္ကျီတွေအစား အရောင်ရင့်ရင့်လေးတွေ ရွေးဝတ်ပေးလိုက်ပါ။