မင်္ဂလာပါနော်။ မာလကာသီးက အရသာလည်းရှိသလို လူကြိုက်လည်းများပါတယ်။ မာလကာသီးဟာ အရသာရှိသလို သင့်ကျန်းမာရေးအတွက်လည်း များစွာအသုံးဝင်ပါတယ်။ မာလကာရွက်ဆိုရင်လည်း ဒီလိုပါပဲနော်။

ကိုယ်အလေးချိန်ကျစေခြင်း

မာလသာသီးကို စားပေးခြင်းဖြင့် ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို ကျစေနိုင်ပါတယ်။ ကိုလက်စထရော ပါဝင်မှုနည်းသလို ကာဘွန်ဟိုက်ဒရိတ်လည်း ပါဝင်မှုနည်းပါတယ်။ ဇီဝဖြစ်စဉ်ကို ထိန်းပေးနိုင်ပြီး အာဟာရဓာတ် စုပ်ယူမှုကို အားကောင်းစေပါတယ်။

ဆီးချို

မာလကာသီးဟာ သွေးဖိအားကို ကျစေသလို ဆီးချိုဝေဒနာရှင်တွေအတွက်လည်း ကောင်းမွန်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများသလို သင့်ခန္ဓာကိုယ်က သကြားဓာတ်ကို စုပ်ယူပေးနိုင်ပါတယ်။

အမြင်အာရုံ

မာလကာသီးမှာ ဗီတာမင် A ပါဝင်ပြီး မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ မာလကာသီးကို စားပေးခြင်းပြီး သင့်မျက်လုံးကို ကျန်းမာစေပြီး အမြင်အာရုံကောင်းမွန်စေပါတယ်။

သွားကျန်းမာရေး

မာလကာရွက်ကို ဝါးပေးခြင်းဖြင့် သွားနဲ့ ခံတွင်းကို ကျန်းမာစေပါတယ်။ မာလကာရွက် (၅) ရွက်လောက်ကို ပြုတ်ပေးပြီး အအေးခံလိုက်ကာ ဆားနည်းနည်းထည့်ပြီး ခံတွင်းဆေးပေးမယ်ဆိုရင် သင့်ရဲ့ ခံတွင်းကို ကျန်းမာစေမှာပါ။

ဆံပင်ကျွတ်တာသက်သာပြီး ဆံပင်သန်စေခြင်း

မာလကာရဲ့ အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူတွေ

မာလကာရွက်ပြုတ်ရည်ဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ မာလကာရွက်ကို ပြုတ်လိုက်ပြီး အအေးခံကာ ခေါင်းမလျှော်ခင် အရင်ဆုံး လောင်းချပေးလိုက်ပြီး နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။