မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

မိဿရာသီဖွားတွေဟာ ဒီနေ့တစ်နေ့လုံး အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကြောင့် အလုပ်တွေရှုပ်နေမှာပါ။ ဒါကြောင့် ဒီနေ့မှာ ပုံမှန်ထက်ပိုပြီး အထူးကို သန်သန်မာမာနဲ့ ယုံကြည်မှုအပြည့်၊ အာရုံစူးစိုက်မှုတွေ ထားရှိရပါမယ်။ အကယ်၍ အလုပ်သစ်ကိုရှာနေတယ်ဆိုရင်လည်း အလုပ်ခေါ်စာတွေကို သေချာရှာကြည့်လိုက်ပါ။ သင့်ရဲ့ကိုယ်ပိုင်အားစိုက်ထုတ်မှုတွေကတဆင့် တိုးတက်မှုတွေဖြစ်ထွန်းနေမှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ပြိဿရာသီဖွားတွေအတွက် ဒီနေ့အချိန်ရဲ့စိတ်ရောကိုယ်ပါ စွမ်းအင်တွေက မြင့်တက်နေပါတယ်။ သေချာသာဂရုတစိုက်နဲ့ အာရုံစူးစိုက်ပြီး လုပ်မယ်ဆိုရင် အောင်မြင်မှုက သေချာကိုမျက်စိရှေ့ရောက်နေမှာပါ။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

ဒီနေ့မှာ မေထုန်ရာသီဖွားတွေဆီကို ကလေးရှိတဲ့မိသားစုတစ်စုက လာရောက်လည်ပတ်နိုင်ပါတယ်။ ထိုမိသားစုထဲမှ တစ်ဦးဦးဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေက သင့်ရဲ့စီးပွားရေလုပ်ငန်းခွင်နဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဘယ်လိုဆက်သွယ်မှုပဲဖြစ်နေပါစေ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆွေးနွေးမှုတွေဖြစ်လာနိုင်ပြီး အနာဂတ်အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း နောက်ကျတဲ့အထိမနေမိဖို့ သတိထားပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

ကရကဋ်ရာသီဖွားတွေရဲ့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားမှုတွေအတွက် အကြံအစည်အသစ်တွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းကိစ္စတွေကို သေချာဂရုစိုက်ပြီးလုပ်ရမယ့်နေ့ပါ။ သေသေချာချာပြီးမြောက်အောင်လုပ်ဖို့ တီထွင်ကြံဆဥာဏ်တွေ အရမ်းလိုအပ်မှာဖြစ်ပေမယ့် ဘာမှမပူပါနဲ့၊ အကုန်လုပ်နိုင်သွားမှာပါ။ ဒီနေ့တစ်နေ့လုံးမှာ ကရကဋ်ရာသီဖွားတွေရဲ့စိတ်က အထူးကိုလျှင်မြန်၊စူးရှ၊ထက်မြက်နေမှာဖြစ်လို့ ကြိုးစားသမျှအလုပ်တွေအကုန်လုံး အောင်မြင်နိုင်မှာပါ။ ညနေခင်းမှာလည်း ဖျော်ဖြေပွဲတွေ၊ ပို့ချချက်တွေ၊ စတဲ့ ပွဲလမ်းတွေကို တက်ရောက်ပေးပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

စီးပွားရေးလုပ်ငန်းအခွင့်အလမ်းအသစ်တွေဟာ သိဟ်ရာသီဖွားတွေဆီကို လာနိုင်ပါတယ်။ အမြဲတမ်းအတွကို လုပ်ဆောင်ချင်စိတ်မရှိပေမယ့်လည်း ပိုက်ဆံအတွက် ယာယီတော့စိတ်ဝင်စားနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ အိမ်မှာဖြစ်ဖြစ် အပြောင်းအလဲလေးတွေ လုပ်ချင်တာဖြစ်နိုင်ပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ အားသွန်ခွန်စိုက်နဲ့ ပြီးမြောက်အောင်လုပ်မှာကတော့ သေချာနေပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

ကန်ရာသီဖွားတွေရဲ့ ကိုယ်စွမ်းအားနဲ့ ရည်မှန်းချက်တွေက အလွန်မြင့်တက်နေမှာဖြစ်ပါတယ်။ ဦးနှောက်ထဲမှာလည်း လူမှုစီးပွားရေးအခြေအနေတွေကို မြင့်တက်စေနိုင်တဲ့ ပရောဂျက်အသစ်တွေနဲ့ ပြည့်နေမှာဖြစ်ပါတယ်။ ဒီနေ့တစ်နေ့လုံးကိုလည်း သတင်းအချက်တွေစုဆောင်းနေတာနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ပြီးမြောက်စေဖို့ကြိုးစားလုပ်နေမှာပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

ကိုယ်ကိုယ်တိုင်တောင်မသိထားတဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရည်တွေက ဒီနေ့မှာ ရုတ်တရက်ပေါ်လာနိုင်ပါတယ်။ သင့်ရဲ့ဝမ်းတွင်းအသိဟာ အမြင့်ဆုံးမှာရှိနေမှာဖြစ်လို့ အခြားသူများရဲ့အတွေးတွေကို ခန့်မှန်းမိရင်တောင် မအံ့သြသွားပါနဲ့။ သင့်ရဲ့စိတ်ကူးဥာဏ်စွမ်းတွေဟာလည်း လမ်းကြောင်းပေါ်မှာရှိနေလို့ အကျိုးရှိရှိ အသုံးချလိုက်ပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ဗြိစ္ဆာရာသီဖွားတွေရဲ့ ရေရှည်ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်သွားလို့ ၀မ်းသာမဆုံးဖြစ်နေနိုင်ပါတယ်။ အနာဂတ်ကိုမျှော်တွေးကြည့်နေနိုင်လို့ သူငယ်ချင်းတွေနဲ့ ပရာဂျက်အသစ်တွေ၊ အကြံဥာဏ်အသစ်တွေကို တိုင်ပင်နေလောက်ပါတယ်။ အဖွဲ့လိုက်လှုပ်ရှားမှုတွေက သင့်ကိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပြီး ရင်းနှီးကျွမ်းဝင်လာနိုင်မယ့် သူငယ်ချင်းကောင်းတွေကိုလည

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ဓနုရာသီဖွားတွေရဲ့ စိတ်ပူပန်မှုတွေရဲ့ အရှေ့မှာ အလုပ်အကိုင်ကိစ္စတွေရှိနေပါတယ်။ မနေ့ကတောင်သတိမထားမိတဲ့ ရှေ့တိုးဆက်လျှောက်ရမယ့် အခွင့်အလမ်းတွေဟာ ရုတ်ချည်းပေါ်လာနိုင်ပြီး လျှပ်တပြတ်ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်သလို ကိုယ်လိုချင်တာကို ချက်ချင်းရယူနိုင်မှာပါ။ ကိုယ်မေ့လျော့နီးပါးဖြစ်နေတဲ့ လူတစ်ယောက်ဆီကနေလဲ အကူအညီရလာန

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ အလုပ်နဲ့ပတ်သက်တဲ့ ခရီးတွေကို သွားရလာနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက မတူညီတဲ့ရည်မှန်းချက်တွေကို လေ့လာလိုက်စားနိုင်မယ့် တံခါးအသစ်တွေကို ဖွင့်လှစ်ပေးမှာပါ။ ဒီနေ့မှာဦးနှောက်က အလွန်ထက်နေမှာဖြစ်လို့ သင်ယူလိုက်တဲ့အရာတွေအားလုံး မှတ်မိနားလည်လွယ်နေမှာဖြစ်ပါတယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

အကယ်၍ ရင်းနှီးမြှပ်နှံမှုအသစ်တွေ၊ ငွေကြေးစုဆောင်းမှုအစီအစဉ်တွေ စတင်လုပ်ဆောင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီနေ့ကအကောင်းဆုံးနေ့ပါပဲ။ ပုံမှန်ထက်ပိုပြီး စိတ်ပိုင်းဆိုင်ရာအများကြီး အာရုံစူးစိုက်နိုင်မှာပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေဆီကနေလည်း အသုံးပြုလို့ရတဲ့ အကြံအစည်တွေ ရရှိလာနိုင်ပါတယ်။ ဒီနေ့ညအိပ်တဲ့အခါမှာလည်း အိမ်မက်မက်သမျှကို မှတ်ထားဖို့ မှတ်စုစာအုပ်ကို အနားထားပြီး အိပ်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

စီးပွားရေးနဲ့ သက်ဆိုင်နေတဲ့ ပူးတွဲလုပ်ငန်းတွေက သင့်ဆီရောက်လာနိုင်ပြီး ထိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီး စာချုပ်တွေ၊ စာရွက်စာတမ်းတွေ ဆွေးနွေးမှုများ လုပ်ဆောင်နေမှာဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ Relationship ကိစ္စတွေကို ဘေးဖယ်ထားပြီး အလုပ်နဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်ဖို့ အလွန်အာရုံစူးစိုက်နေမှာပါ။