အုန်းဆီဟာ ဆံကေသာအတွက် အလွန်အသုံးဝင်တာအားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ အုန်းဆီကို ဆံပင်အတွက်တင်မကဘဲ အသားအရေအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အုန်းဆီရဲ့ အသားအရေအတွက် အသုံးဝင်ပုံတွေကို ပျိုမေတို့အတွက် ရေးသားလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦးနော်။
၁။ သဘာဝအစိုဓာတ်ထိန်းခရင်
Source: Red and Honey
အုန်းဆီကို မျက်နှာအစိုဓာတ်ထိန်းခရင်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ အုန်းဆီဟာ အရေပြားထဲကို လွယ်ကူစွာ စိမ့်ဝင်နိုင်ပါတယ်။ အသုံးပြုပုံကတော့- ညဘက်အိပ်ယာမဝင်ခင် မျက်နှာသစ်ပါ။ ပြီးတာနဲ့ အုန်းဆီတစ်စက်ကို လက်ဖဝါးပေါ်တင်ပါ။ အဆိုပါအုန်းဆီနဲ့ မျက်နှာကို စက်ဝိုင်းပုံစံလိမ်းပေးပါ။ ငါးမိနစ်ထားပါ။ ပြီးရင် အဝတ်စတစ်ခုနဲ့ သုတ်လိုက်ပါ။
၂။ အရေးကြောင်း သက်သာဖို့
Source: Youtube
မျက်လုံးနားက အရေးကြောင်းသက်သာစေဖို့ မျက်လုံးတစ်ဝိုက်ကို အုန်းဆီလိမ်းလိုက်ပါ။ အုန်းဆီအပြည့်အဝစိမ့်ဝင်ဖို့ တစ်ညထားပါ။
၃။ သဘာဝမိတ်ကပ်ဖျက်ဆေး
Source: Sapo Company
အစိုဓာတ်ထိန်းရင်း မိတ်ကပ်ဖျက်ရင်း နှစ်ခုလုံးလိုက်နိုင်ပါတယ်။ ဖျက်ရခက်တဲ့ နှုတ်ခမ်းနီဆိုထားရင်လည်း အုန်းဆီကို နှုတ်ခမ်းပေါ်စက်ဝိုင်းပုံရွေ့လျားမှုနဲ့ တင်ပေးပါ။ အနွေးဓာတ်ပေးထားတဲ့ အဝတ်နဲ့ သုတ်ပေးပါ။ မျက်လုံးနားက မိတ်ကပ်တွေကိုလည်း အသေးစိပ်ဖျက်ပေးနိုင်ပါတယ်။
၎။ ရေချိုးပြီးချိန် လိုးရှင်အနေနဲ့ သုံးမယ်
Source: style.pk
ရေချိုးပြီးနောက် အုန်းဆီကို ခန္ဓာကိုယ်အနှံ့လိမ်းပေးပါ။ သူက ခြောက်သွေ့တဲ့အရေပြားကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် အမွှေးရိတ်ပြီးတဲ့အခါ အရေပြားနာကျင်မှုကိုလည်း သက်သာစေပါတယ်။ အုန်းဆီမှာ သဘာဝ SPF ပါဝင်တာမို့ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ နှုတ်ခမ်းအလှဆီ
Source: Inat.com
နှုတ်ခမ်းသားကွာတာက ရာသီမရွေးဖြစ်နိုင်ပါတယ်။ အုန်းဆီမှာ ဒဏ်ရာသက်သာစေတဲ့အာနိသင်ပါဝင်တာကြောင့် နှုတ်ခမ်းကို အားဖြည့်ပေးပါတယ်။
၆။ သဘာဝချွေးနံ့ပျောက်ဆေး
Source: wisebread.com
အုန်းဆီမှာ ဘတ်တီရီးယားတိုက်ထုတ်ပေးတဲ့ အာနိသင်ပါဝင်ပါတယ်။ ဒါကြောင့် ဘတ်တီရီးယားတွေကြောင့်ဖြစ်စေတဲ့ အနံ့ဆိုးထွက်တာကို တားဆီးပေးနိုင်ပါတယ်။
၇။ နေလောင်ထားတဲ့အသားအရေကို သက်သာစေခြင်း
Source: Youtube
နေလောင်ထားတဲ့နေရာကို အုန်းဆီလိမ်းပေးပါ။ ဒါက နေလောင်တာကို သက်သာစေပြီး နာကျင်မှုကို လျော့ချပေးပါတယ်။
၈။ ခြေဖနောင့်ကွဲတာအတွက် သုံးမယ်
ခြေဖနောင့်ကွဲထားတဲ့နေရာကို အုန်းဆီလိမ်းပေးပါ။ Lavender အဆီ အနံ့သင်းတဲ့အဆီတွေကိုလည်း အုန်းဆီနဲ့ ရောပြီး သုံးနိုင်ပါတယ်။
၉။ သဘာဝဆံပင်ပျော့ဆေး
Source: Snapguide
အုန်းဆီက အစိုဓာတ်ပေးပြီး ဆံပင်ကို အားသွင်းပေးပါတယ်။ ဆံပင်ကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးပါ။
၁၀။ ဗောက်ပျောက်ဆေး
Source: LiveAbout
ဆံပင်ပေါက်မြန်ပြီး ဗောက်ပျောက်စေပါတယ်။ ဆံပင်အတိုအရှည်အလိုက် အုန်းဆီကို ချိန်ပြီးလိမ်းပါနော်။
အုန်းဆီဟာ အလှအပအတွက် အထူးအသုံးဝင်တာကြောင့် ပျိုမေတိုင်း ဆောင်ထားသင့်တဲ့ဆီတစ်မျိုးဖြစ်ပါတယ်။ အသုံးဝင်ပုံများပြားတာကြောင့် ပျိုမေတို့ ကျေနပ်နှစ်သက်မယ်လို့ထင်မိပါတယ်။