Beauty & Fashion

Jeans ဘောင်းဘီကို ဝတ်ကြည့်စရာမလိုဘဲ မိမိနဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားဝယ်ယူနိုင်ဖို့ နည်းလမ်းကောင်း (၃) သွယ်

February 13, 2018

Jeans ဘောင်းဘီကို ဝတ်ကြည့်စရာမလိုဘဲ မိမိနဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားဝယ်ယူနိုင်ဖို့ နည်းလမ်းကောင်း (၃) သွယ်

Share this on:

အဝတ်အစားဝယ်တဲ့အခါ အထူးသဖြင့်တော့ ဘောင်းဘီတွေဝယ်တဲ့အခါမှာ ကိုယ်နဲ့ တော်မတော် ဝတ်ကြည့်ရတာက အလုပ်တစ်ခုပါပဲနော်။ အဝတ်အစားဝယ်တဲ့အခါ ဝတ်မကြည့်ချင်ဘဲ ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဘောင်းဘီကို ရွေးချယ်ဝယ်ယူနိုင်ဖို့ နည်းလမ်းကောင်း (၃) မျိုးကို မျှဝေပေးချင်ပါတယ်နော်။

၁။ လက်တစ်တောင်နဲ့ တိုင်းမယ်

မိမိရဲ့ လက်တစ်တောင်ကို အသုံးပြုပြီး ဂျင်းဘောင်းဘီရဲ့ ခါးကို မိမိနဲ့ တော်မတော် တိုင်းလို့ရပါတယ်နော်။ လက်တတောင်နဲ့ ကွက်တိဖြစ်တဲ့ ဘောင်းဘီကိုဝယ်ပါ။

၂။ လည်ပင်းနဲ့ တိုင်းမယ်

ဘောင်းဘီရဲ့ ခါးကို လည်ပင်းမှာတိုင်းလိုက်ပါ။ အစွန်းနှစ်ဖက်က အစနှစ်ခုနဲ့ ကွက်တိဖြစ်တာကို ရွေးချယ်ပါ။

၃။ တင်နဲ့ တော်မတော် ဒီလိုတိုင်းမယ်

သင့်ရဲ့ ပုခုံးနှစ်ဖက်ကို အသုံးပြုပြီး ဘောင်းဘီရဲ့ တင်နဲ့ တော်မတော် တိုင်းတာလို့ရပါတယ်နော်။ ဘောင်းဘီကို တင်နားထိ ခေါက်ပေးပြီး ပုခုံးနှစ်ဖက်အစွန်းနဲ့ တိုင်းပေးလိုက်ပါ။

Review

User Rating

3.3 (3 Votes)
error: Alert: Copyright © 2018. MyStyle Myanmar