အရောင်ရယ်လို့ဆိုလိုက်ပြီဆိုရင် လူတိုင်းလူတိုင်းမှာ မတူညီကွဲပြားတဲ့ အကြိုက်တွေကို ပြေးမြင်ကြမှာပါ။ ကိုယ့်အကြိုက်နှင့် သူ့အကြိုက်တူချင်မှတူနိုင်သော်လည်း ယခုဖော်ပြပေးမယ့်အရောင်တွေကတော့ ၂၀၁၈ ခုနှစ်ထဲမှာ ရေပန်းစားလာမယ့်အရောင်တွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တို့လည်း ခေတ်နောက်ကျမကျန်ခဲ့ရလေအောင် သူများတွေနဲ့အပြိုင် လိုက်လံဝတ်ဆင်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အသားရောင်

အသားရောင်ကိုပဲ ၀မ်းဆက်ဝတ်ဆင်ပေးနိုင်သလို အခြားမည်သည့်အရောင်များနှင့်မဆိုလည်း အင်မတန်လိုက်ဖက်ညီအောင် တွဲဖက်ဝတ်ဆင်ပေးနိုင်သည့်အရောင်ဖြစ်တာကြောင့် မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။

အညိုရောင်

Julie Anne San Jose မ၀တ်ခင်အချိန်အထိ အညိုရောင်က အလွန်ဆွဲဆောင်မှုရှိနိုင်တယ်ဆိုတာကို အချို့ကသတိမထားမိတတ်ကြပါဘူး။ အညိုရောင်ဟာဆိုရင်လည်း မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာအလှကို ဖော်ထုတ်နိုင်တာကြောင့် ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

သဲရောင်

မိန်းကလေးတစ်ယောက်ရဲ့ သိမ်မွေ့တဲ့အသွင်ကိုပေးစွမ်းနိုင်တဲ့ သဲရောင်ဟာဆိုရင် ထသွားထလာအချိန်သာမဟုတ်ပဲ ပွဲလမ်းသဘင်များသို့ တက်ရောက်သည့်အခါ ရွေးချယ်ဝတ်ဆင်ဖို့ အကောင်းဆုံးအရောင်တစ်မျိုးပဲဖြစ်ပါတယ်။

အ၀ါရောင်

အ၀ါရောင်က ဖျက်လတ်တက်ကြွသည့် အသွင်ကိုဆောင်သည့်အတွက် အပန်းဖြေခရီးထွက်သည့်အခါများ၊ သူငယ်ချင်းများနှင့် တွေ့ဆုံလည်ပတ်သည့်အချိန်များအတွက် အသင့်တော်ဆုံးပါပဲ။

ယခုဖော်ပြခဲ့ပြီးတဲ့ အရောင်လေးမျိုးဟာဆိုရင် ၂၀၁၈ မှာရေပန်းစားလာမှာသာမဟုတ်ဘဲ ကံကောင်းခြင်းကိုပါ ပေးစွမ်းနိုင်တယ်လို့ ဆိုထားသောကြောင့် မေ့မထားဘဲ ၀တ်ဆင်ကြဖို့ Admin ကတိုက်တွန်းလိုက်ပါတယ်နော်။ ?