[Zawgyi]

အလုပ္နဲ႔ပဲ ခရီးသြားသြား ၊ အားလပ္ရက္မွာ အနားယူအပန္းေျဖဖို႔ပဲ ခရီးထြက္ထြက္ ခရီးသြားခ်ိန္မွာ ကိုယ့္ရဲ႕ စြမ္းအင္ကို အျမင့္ဆံုးကေန မက်ေစေအာင္ ထိန္းလို႔ရတဲ့ နည္းသိထားတာ ေကာင္းပါတယ္။ ခရီးသြားရင္း အားေမြးႏိုင္ဖို႔အတြက္ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြက သိပ္အခက္ႀကီးေတာ့ မဟုတ္ပါဘူး။

(၁) စနစ္က်တဲ့ အသက္ရႈနည္းစနစ္ သံုးပါ

Source : Mobilise

အသက္ရႈတတ္ရင္ အေမာေျပပါတယ္။ စည္းစနစ္က်တဲ့ အသက္ရႈနည္းဟာ အေမာအပန္းေျပရံုတင္မဟုတ္ဘဲ ကိုယ္ေရာစိတ္ပါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အနားရေစမွာပါ။ ခရီးသြားေနခ်ိန္မွာ အသက္ရႈေလ့က်င့္ခန္းေကာင္းတစ္ခုခုကို လက္ကိုင္ထားၿပီး သြားလာေနမယ္ဆိုရင္ လူဟာ သိသိသာသာ တက္ၾကြေနမွာပါ။ တစ္ေန႔ကို ဆယ္မိနစ္ႏႈန္းနဲ႔ အေလ့အက်င့္လုပ္ႏိုင္တဲ့ အသက္ရႈနည္းစနစ္ေတြ ရိွပါတယ္။

ဒီထဲက အထိေရာက္ဆံုး အသက္ရႈနည္း ၂ ခုရိွၿပီး တစ္ခုက ဝမ္းဗိုက္နဲ႔ အသက္ရႈတာ ျဖစ္ပါတယ္။ စိတ္ကို ဗိုက္မွာ စုစည္းထားၿပီး ၅ စကၠန္႔ၾကာေအာင္ အသက္ရႈသြင္းၿပီး ၅ စကၠန္႔ၾကာေအာင္ ရႈထုတ္ရမွာပါ။ အသက္ရႈေနခ်ိန္မွာလည္း ၁ ကေန ၅ အထိ ေရတြက္ေနၿပီး ဗိုက္ကို စိတ္နဲ႔ ျမင္ေအာင္ ၾကည့္မယ္ဆိုရင္ ဖိအား သိသိသာသာ ေလ်ာ့ပါးသြားၿပီး အာရံုေၾကာစနစ္ေတြ အနားရသြားမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခုကိုေတာ့ စြမ္းအင္အသက္ရႈျခင္းလို႔ နာမည္ေပးထားပါတယ္။ ႏွာေခါင္းကေန အသက္ကို ျပင္းျပင္းရႈၿပီး ပါးစပ္ကေန ျပန္ထုတ္တာပါ။ ဒါကို အႀကိမ္ ၂၀ အထိ လုပ္ေပးမယ္ဆိုရင္ အာရံုေၾကာစနစ္ေတြတင္ အားေကာင္းလာမွာမဟုတ္ဘဲ ကိုယ္ခံအားစနစ္ တက္လာၿပီး အဆုတ္လည္း ပိုၿပီး အလုပ္လုပ္လာမွာပါ။

(၂) ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ

Source : ameblo.jp

ေပါ့ေပါ့ပားပါး အေသးစားေလ့က်င့္ခန္းေလးေတြျဖစ္တဲ့ လမ္းေလ်ာက္ျခင္း ထထိုင္လုပ္ျခင္း Planking ေထာက္ျခင္းစတဲ့ ေလ့က်င့္ခန္းေလးေတြကို ေရခ်ဳိးခါနီး မိနစ္ ၂၀ အလိုေလာက္မွာျပဳလုပ္ေပးႏိုင္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ဇီဝလုပ္ေဆာင္မႈ ျဖစ္စဥ္ကို ႏိႈးဆြေပးၿပီး ဦးေႏွာက္တြင္း ေသြးစီးမႈကို ပိုေကာင္းေစပါတယ္။ ဒါ့အျပင္ ကိုယ္တြင္းစြမ္းအင္ကို အျမန္တက္ေစၿပီး အာရံုစူးစိုက္မႈအားလည္း ပိုေကာင္းေစမွာ ျဖစ္ပါတယ္။

(၃) ညဘက္မွာ ပ်ားရည္အနည္းငယ္ စားေပးပါ

Source : gramha.net

အိပ္ရာဝင္ခါနီး ေရေႏြး (သို႔) Green Tea ထဲ ပ်ားရည္ကို လက္ဖက္စားဇြန္း ၁ဇြန္း ၂ ဇြန္း စားေပးျခင္းဟာ ညဘက္ ခႏၶာကိုယ္စနစ္ကို ျပန္ေကာင္းေအာင္ သဘာဝအတိုင္း ျပဳျပင္ေပးႏိုင္ပါတယ္။ အိပ္စက္ျခင္း ေဟာ္မုန္းေတြကိုလည္း ခ်ိန္ညိွေပးၿပီး ခႏၶာကိုယ္ ေယာင္ယမ္းမႈ သက္သာေစေအာင္ အသည္းကိုလည္း အားျဖည့္ေပးပါတယ္။

ပ်ားရည္ဟာ မယ္လတိုနင္ေဟာ္မုန္းလို႔ ေခၚတဲ့ ခႏၶာကိုယ္ တစ္သွ်ဴးေတြ ျပန္ေကာင္းမြန္ေစတဲ့ ေဟာ္မုန္းကို ထုတ္ေပးပါတယ္။ ဒီေဟာ္မုန္းဟာ ဆဲလ္ေတြ က်န္းမာေရးအတြက္ မရိွမျဖစ္ လိုအပ္ၿပီး ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္စြမ္း ရိွပါတယ္။

(၄) နံရံမွာ ေျခေထာက္ေတြ ကပ္ေထာင္ထားပါ

Source : Hugger Mugger

ေျခေထာက္ေတြကို နံရံကပ္ၿပီး မိုးေပၚေထာင္ကာ ကိုယ္ ၊ လက္ ေျခေတြကို ေလွ်ာ့ထားပါ။ ဒါဟာ ခႏၶာကိုယ္အေၾကာေတြတင္ ေလ်ာ့သြားတာ မဟုတ္ဘဲ ဖိအားနဲ႔ ပင္ပန္းႏြမ္းနယ္တာပါ ခ်က္ခ်င္း သက္သာသြားပါလိမ့္မယ္။ တစ္ေန႔ကို ၁၀ မိနစ္ကေန ၁၅ မိနစ္အထိ လုပ္ေပးတာဟာ အေညာင္းေျပၿပီး လူလည္း ေပါ့ပါးေစပါတယ္

[Unicode]

အလုပ်နဲ့ပဲ ခရီးသွားသွား ၊ အားလပ်ရက်မှာ အနားယူအပန်းဖြေဖို့ပဲ ခရီးထွက်ထွက် ခရီးသွားချိန်မှာ ကိုယ့်ရဲ့ စွမ်းအင်ကို အမြင့်ဆုံးကနေ မကျစေအောင် ထိန်းလို့ရတဲ့ နည်းသိထားတာ ကောင်းပါတယ်။ ခရီးသွားရင်း အားမွေးနိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေက သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။

(၁) စနစ်ကျတဲ့ အသက်ရှုနည်းစနစ် သုံးပါ

Source : Mobilise

အသက်ရှုတတ်ရင် အမောပြေပါတယ်။ စည်းစနစ်ကျတဲ့ အသက်ရှုနည်းဟာ အမောအပန်းပြေရုံတင်မဟုတ်ဘဲ ကိုယ်ရောစိတ်ပါ နှစ်နှစ်ခြိုက်ခြိုက် အနားရစေမှာပါ။ ခရီးသွားနေချိန်မှာ အသက်ရှုလေ့ကျင့်ခန်းကောင်းတစ်ခုခုကို လက်ကိုင်ထားပြီး သွားလာနေမယ်ဆိုရင် လူဟာ သိသိသာသာ တက်ကြွနေမှာပါ။ တစ်နေ့ကို ဆယ်မိနစ်နှုန်းနဲ့ အလေ့အကျင့်လုပ်နိုင်တဲ့ အသက်ရှုနည်းစနစ်တွေ ရှိပါတယ်။

ဒီထဲက အထိရောက်ဆုံး အသက်ရှုနည်း ၂ ခုရှိပြီး တစ်ခုက ဝမ်းဗိုက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ စိတ်ကို ဗိုက်မှာ စုစည်းထားပြီး ၅ စက္ကန့်ကြာအောင် အသက်ရှုသွင်းပြီး ၅ စက္ကန့်ကြာအောင် ရှုထုတ်ရမှာပါ။ အသက်ရှုနေချိန်မှာလည်း ၁ ကနေ ၅ အထိ ရေတွက်နေပြီး ဗိုက်ကို စိတ်နဲ့ မြင်အောင် ကြည့်မယ်ဆိုရင် ဖိအား သိသိသာသာ လျော့ပါးသွားပြီး အာရုံကြောစနစ်တွေ အနားရသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကိုတော့ စွမ်းအင်အသက်ရှုခြင်းလို့ နာမည်ပေးထားပါတယ်။ နှာခေါင်းကနေ အသက်ကို ပြင်းပြင်းရှုပြီး ပါးစပ်ကနေ ပြန်ထုတ်တာပါ။ ဒါကို အကြိမ် ၂၀ အထိ လုပ်ပေးမယ်ဆိုရင် အာရုံကြောစနစ်တွေတင် အားကောင်းလာမှာမဟုတ်ဘဲ ကိုယ်ခံအားစနစ် တက်လာပြီး အဆုတ်လည်း ပိုပြီး အလုပ်လုပ်လာမှာပါ။

(၂) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

Source : ameblo.jp

ပေါ့ပေါ့ပားပါး အသေးစားလေ့ကျင့်ခန်းလေးတွေဖြစ်တဲ့ လမ်းလျောက်ခြင်း ထထိုင်လုပ်ခြင်း Planking ထောက်ခြင်းစတဲ့ လေ့ကျင့်ခန်းလေးတွေကို ရေချိုးခါနီး မိနစ် ၂၀ အလိုလောက်မှာပြုလုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝလုပ်ဆောင်မှု ဖြစ်စဉ်ကို နှိုးဆွပေးပြီး ဦးနှောက်တွင်း သွေးစီးမှုကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်တွင်းစွမ်းအင်ကို အမြန်တက်စေပြီး အာရုံစူးစိုက်မှုအားလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။

(၃) ညဘက်မှာ ပျားရည်အနည်းငယ် စားပေးပါ

Source : gramha.net

အိပ်ရာဝင်ခါနီး ရေနွေး (သို့) Green Tea ထဲ ပျားရည်ကို လက်ဖက်စားဇွန်း ၁ဇွန်း ၂ ဇွန်း စားပေးခြင်းဟာ ညဘက် ခန္ဓာကိုယ်စနစ်ကို ပြန်ကောင်းအောင် သဘာဝအတိုင်း ပြုပြင်ပေးနိုင်ပါတယ်။ အိပ်စက်ခြင်း ဟော်မုန်းတွေကိုလည်း ချိန်ညှိပေးပြီး ခန္ဓာကိုယ် ယောင်ယမ်းမှု သက်သာစေအောင် အသည်းကိုလည်း အားဖြည့်ပေးပါတယ်။

ပျားရည်ဟာ မယ်လတိုနင်ဟော်မုန်းလို့ ခေါ်တဲ့ ခန္ဓာကိုယ် တစ်သျှူးတွေ ပြန်ကောင်းမွန်စေတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ ဆဲလ်တွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) နံရံမှာ ခြေထောက်တွေ ကပ်ထောင်ထားပါ

Source : Hugger Mugger

ခြေထောက်တွေကို နံရံကပ်ပြီး မိုးပေါ်ထောင်ကာ ကိုယ် ၊ လက် ခြေတွေကို လျှော့ထားပါ။ ဒါဟာ ခန္ဓာကိုယ်အကြောတွေတင် လျော့သွားတာ မဟုတ်ဘဲ ဖိအားနဲ့ ပင်ပန်းနွမ်းနယ်တာပါ ချက်ချင်း သက်သာသွားပါလိမ့်မယ်။ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ လုပ်ပေးတာဟာ အညောင်းပြေပြီး လူလည်း ပေါ့ပါးစေပါတယ်