စိတ်ကူးယဉ်ဆန်တဲ့နေရာများကို ချစ်သူနဲ့ အတူတူ ခရီးမသွားချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ ဒါပေမဲ့ ခရီးသွားမယ်လို့ ပြင်ပြီးထားခါမှ အကြောင်းအမျိုးမျိုးကြောင့် ခရီးမသွားနိုင်ခဲ့တဲ့အခါ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှပါတယ်။

ခရီးသွားခါနီး အနားနီးမှ အလုပ်ကိစ္စပေါ်လာတဲ့အခါမှာလည်း ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို အစကတည်းက ကြိုစဉ်းစားထားဖို့လိုပါလိမ့်မယ်။

သင်ရော သင်ချစ်သူရော ခရီးသွားရတာနှစ်သက်တယ်။ ပြီးတော့ ရိုမန့်တစ်ဆန်တဲ့ ခရီးမျိုးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နေရာများသို့ ခရီးသွားနိုင်ပါတယ်။

နေ့ချင်းပြန်ခရီးကို ပျော်ပွဲစားထွက်တဲ့ပုံစံအဖြစ် ပြင်ဆင်ပါ

ပျော်ပွဲစားပစ္စည်းများ၊ အခင်းများ၊ မုန့်မျိုးစုံ ပြင်ဆင်သွားပါ။ ကိုယ် သတ်မှတ်ထားတဲ့နေရာရောက်ပြီဆိုတာနဲ့ ပျော်ပွဲစားထွက်ဖို့အခင်းလေးကို ခင်းကာ ချစ်သူစုံတွဲများ နှစ်ယောက်အတူတူ တန်ဖိုးရှိတဲ့အချိန်ကို ကုန်ဆုံးနိုင်ပါပြီ။ သင့်အနေနဲ့ နေ့ချင်းပြန်ခရီးသွားရတာ ပင်ပန်းတယ်လို့ ယူဆတယ်ဆိုရင်တော့ နီးနီးနားနား ပန်းခြံကိုပဲဖြစ်ဖြစ် ပျော်ပွဲစားထွက်နိုင်ပါသေးတယ်။

ခြံအနောက်မှာ ရွက်ဖျင်တဲထိုးပါ

ရွက်ဖျင်တဲလေးထိုးပြီး Camp ထွက်ရတာကို သဘောကျတယ်ဆိုရင် သင့်ရဲ့ခြံအနောက်မှာပဲ ရွက်ဖျင်တဲလေး ထိုးလိုက်ပါ။ တကယ့် Camp ထွက်ရသလား အောက်မေ့ရမှာဖြစ်ပြီး ခရီးအသွားအပြန်ကြာချိန်၊ ပင်ပန်းချိန်တွေကိုလည်း လျော့ချနိုင်ပါသေးတယ်။

ဇိမ်ခံဟိုတယ်တစ်ခုမှာ နားနားနေနေအပန်းဖြေပါ

ခရီးဝေးဝေးလည်း သွားဖို့အခွင့်မသာတဲ့အခါ နောက်တစ်နည်းအနေနဲ့ ဇိမ်ခံဟိုတယ်တစ်ခုမှာ ရက်အနည်းငယ်ခန့် အပန်းဖြေအနားယူလိုက်ပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားသောကိစ္စများကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်နေရတဲ့အရာများ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး စိတ်ဖိစီးမှုများ ပြေပျောက်သွားပါလိမ့်မယ်။

ကိုယ့်ရဲ့အခန်းကို ကိုယ် သွားလည်ချင်တဲ့နေရာအဖြစ် ဖန်တီးလိုက်ပါ

ကိုယ်က ဘယ်နိုင်ငံသွားလည်ချင်တာလဲဆိုတာ ရွေးလိုက်ပါ။ ဥပမာ ပြင်သစ်နိုင်ငံသို့ သွားလည်ချင်တယ်ပဲ ဆိုကြပါစို့။ ဒါဆိုရင် သင့်ရဲ့အိပ်ခန်းအပြင်အဆင်ကို ပြင်သစ်နိုင်ငံက ရှုမျှော်ခင်းများနဲ့ အလှဆင်လိုက်ပါ။ အခန်းအပြင်အဆင်ကိုလည်း ပြင်သစ်နိုင်ငံက ဟိုတယ်တွေလိုမျိုး ပြင်ဆင်ကြည့်လိုက်ပါ။ သုံးရက်တန်သည် သုံးရက်၊ လေးရက်တန်သည် လေးရက် နေပြီးသွားတဲ့အခါကျမှ ကိုယ့်အခန်းရဲ့အရင်ပုံစံအတိုင်း ပြန်လည်ပြင်ဆင်လိုက်ပါ။