ကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက်တည်း ခရီးသွားတာဟာ သင့်ရဲ့အချစ်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှာရှိစေလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

ကိုယ်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးသွားခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးကျွမ်းဝင်မှုကို ဖြစ်စေပါတယ်။ နေ့စဉ် ဒိတ်လုပ်နေကြ ပုံစံနဲ့လည်းမတူဘဲ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံအသစ်တွေကို ခံစားရစေမှာဖြစ်တာကြောင့် ရင်ခုန်စရာ ပိုကောင်းစေမှာဖြစ်ပါတယ်။ တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုမိုသိရှိလာနိုင်ပြီး လေ့လာမှုစစ်တမ်းတွေအရ ခရီးအတူတူသွားခြင်းက တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဉ် အချစ် မေတ္တာတရားတွေ ပိုတိုးလာစေပြီး ရေရှည်အတွက် ကောင်းမွန်ခိုင်မြဲစေတယ်လို့ ဆိုပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်စိတ်ချမှုဆိုတာ တဖြေးဖြေးချင်း တည်ဆောက်သွားရတာမျိုးပါ။ ကိုယ်ချစ်သူနဲ့ နှစ်ယောက်တည်း ခရီးထွက်မယ်ဆိုရင် စွန့်စားမှုတွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ယုံကြည်မှုတွေအများကြီးနဲ့ သွားကြရတာမျိုးဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ ခရီးသွားမှသာ စိတ်ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်စေမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း ရင်ဘတ်ချင်းပိုနီးလာစေမှာပါ။

ဒါကြောင့် ချစ်သူနဲ့ခရီးသွားခြင်းက တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်သလို နောင်တစ်ချိန် ဘဝခရီးကို အတူတူဖြတ်သန်းဖို့ ခွန်းအားတွေရစေမှာဖြစ်ပါတယ်။ ကိုယ်ချစ်သူနဲ့ ခရီးတစ်ခု အတူတူထွက်ခြင်းအားဖြင့် ချစ်သူနှစ်ဦးကြား ဆက်ဆံရေး နှင့်ချစ်ခြင်းမေတ္တာကို တိုးတက်စေရုံသာမက အခက်အခဲနဲ့ ပြဿနာတွေကိုလည်း အရင်ကထက်ပိုပြီး ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။

အဓိကအားဖြင့် ခရီးသွားတဲ့အခါ ကိုယ့်အကြိုက်သူ့အကြိုက်တွေကို နှစ်ဖက်ညှိညှိနှိုင်းနှိုင်း တိုင်ပင်လုပ်ဆောင်ရတာဖြစ်တာကြောင့် တစ်ယောက်ရဲ့ အကြိုက်တွေ တစ်ယောက်မကြိုက်တာတွေကို ပိုမိုသိရှိလာနိုင်မှာဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိခွင့်ရတာကြောင့် တစ်ယောက်ရဲ့ ကောင်းကွက်ဆိုးကွက်တွေကို သိရှိလာပြီး ချစ်သူနှစ်ဦးကြားက အဆင်မပြေမှုတွေ အခက်ခဲတွေကိုဖြေရှင်းဖို့ ပိုမိုလွယ်ကူလာမှာ သေချာပါတယ်။