ခရီးသွားတဲ့အခါ အပေါင်းအဖော်များ၊ မိသားစုများနှင့် ခရီးသွားခြင်းဟာ နွေးထွေးတဲ့ခံစားချက်ကို ခံစားရစေနိုင်ပါတယ်။ သို့သော် အပေါင်းအဖော်တွေ၊ မိသားစုဝင်တွေကို ဘယ်လောက်ပဲ ချစ်မြတ်နိုးနေပါစေ၊ သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ Solo ခရီး ထွက်ကိုထွက်သင့်ပါတယ်။

ဘာ့ကြောင့်လို့ ထင်ပါသလဲ။

ကိုယ်ပိုင်စွန့်စားခန့်တစ်ရပ် ဖွင့်နိုင်ခြင်း

တစ်ယောက်တည်း Solo ခရီး ထွက်တဲ့အခါ စိတ်ခံစားချက်ပေါင်းစုံကို တစ်ပြိုင်နက်တည်း ခံစားရမှာပဲဖြစ်ပါတယ်။ ပျော်သလိုလို၊ ကြောက်နေသလိုလို၊ စိတ်လှုပ်ရှားနေသလိုလို အမျိုးအမည်မသိတဲ့ ခံစားချက်ပေါင်းစုံ ရောပြွမ်းနေပြီး ထိုခံစားချက်ကြောင့်ပဲ ကိုယ်ပိုင်စွန့်စားခန့်တစ်ရပ် ဖွင့်နိုင်မှာဖြစ်ပါတယ်။

ဘဝအတွေ့အကြုံတစ်ခု ရသွားစေခြင်း

တစ်ကိုယ်တည်း Solo ခရီး ထွက်တဲ့အခါ အတွေ့အကြုံတစ်ခုတည်း ရသွားတာလည်းဖြစ်နိုင်သလို အတွေ့အကြုံပေါင်းစုံကိုလည်း ရရှိနိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့ ခံယူချက်နဲ့ သက်ဆိုင်သွားပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ဦးစားပေးနိုင်ဖို့

Solo ခရီးသွားတဲ့အခါ ဘယ်သူ့ကိုမှလည်း အချိန်ပေးစရာမလိုဘူး။ ကိုယ့်တစ်ယောက်တည်း ကိုယ့် စိတ်ကြိုက် လုပ်ချင်တဲ့အရာတွေ၊ သွားရောက်လည်ပတ်ချင်တဲ့နေရာတွေ စားချင်တဲ့အစားအစာတွေကို စိတ်ကြိုက်စားနိုင်ပါတယ်။

ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

တစ်ကိုယ်တည်းခရီးသွားတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ အသေးအဖွဲပြဿနာများကအစ တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် ဒီအလေ့အကျင့်ကို လေ့ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။