စိတ်လက်အပန်းပြေဖို့အတွက် နောက်တစ်ခေါက် ခရီးထွက်ဖို့ အစီအစဉ်ဆွဲတဲ့အခါ အခုဖော်ပြပေးမယ့် အာရှနိုင်ငံများ ကိုလည်း သင့်ရဲ့ခရီးသွားမယ့်စာရင်းထဲ ထည့်သွင်းရေးမှတ်ထားဖို့လိုပါလိမ့်မယ်။ အာရှနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားများရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

သီရိလင်္ကာ

ရှေးဟောင်းယဉ်ကျေးမှုအနုပညာများ ပေါကြွယ်ဝခြင်း၊ သဘာဝသားရဲတိရစ္ဆာန်များ ပေါများခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများရဲ့အာရုံကို သိမ်းပိုက်ထားပါတယ်။

ဂျပန်

ဂျပန်မှာ လည်ပတ်စရာတွေ အများအပြားရှိပြီး သူ့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်က ကောင်းမွန်တဲ့အတွက်ကြောင့် တစ်ခေါက်သွားလည်ပြီးရင် မပြန်ချင်လောက်အောင် ခံစားရပါလိမ့်မယ်။ ရှော့ပင် ထွက်ဖို့ဆိုရင်တော့ မြို့ကြီးပြကြီးတွေကို သွားလည်သင့်ပြီး သဘာဝပတ်ဝန်းကျင်အလှကို ခံစားချင်တယ်ဆိုရင်တော့ တောတောင်များ၊ ကျေးလက်ဒေသများကို သွားရောက်လည်ပတ်သင့်ပါတယ်။

ထိုင်း

အပြုံးများနှင့် ပြည့်နှက်နေသောမြေအဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ထိုင်းနိုင်ငံသည်လည်း သဘာဝကမ်းခြေများ ပေါကြွယ်ဝလွန်းတာကြောင့် ခရီးသွားများ အင်မတန်မျက်စိကျကြပါတယ်။

ကမ္ဘောဒီးယား

ခမ်းနားလှပတဲ့ နန်းတော်ကြီးများ၊ သာယာလှပတဲ့ သဘာဝကမ်းခြေများ၊ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရှေးဟောင်းအန်ကောဝပ်ကြီးလည်း တည်ရှိတဲ့အတွက်ကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။

အိန္ဒိယ

ယဉ်ကျေးမှုမျိုးစုံထွန်းကားရာနေရာဒေသကို သွားလည်ချင်တယ်ဆိုရင်တော့ အိန္ဒိယကို သွားရောက်လည်ပတ်သင့်ပါတယ်။ အိန္ဒိယအစားအစာများ မြည်းစမ်းကြည့်ရင်း သူတို့ရဲ့ယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်ပါတယ်။

ဗီယက်နမ်

ဗီယက်နမ်ကတော့ အစားအသောက်ချစ်သူများအတွက် အသင့်တော်ဆုံးနေရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့အစားအစာတွေက မြင်လိုက်တာနဲ့ သွားရေကျစရာကောင်းလွန်းလို့ပဲဖြစ်ပါတယ်။

မြန်မာ

ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်ဆုံးအာရှနိုင်ငံထဲတွင်လည်း ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ရင်သပ်ရှုမောဖွယ်ကာ ရှုမျှော်ခင်းများ၊ တောတောင်အလှအပများ ပေါကြွယ်ဝတဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကိန်းအောင်းနေတဲ့အတွက်ကြောင့် သွားရောက်လည်ပတ်သင့်တဲ့နိုင်ငံထဲတစ်ခုအပါအဝင်ပါပဲ။

တောင်ကိုရီးယား

ကိုရီးယားကားတွေ ကြည့်ပြီး ကိုရီးယားသွားချင်တယ်ဆိုရင်တော့ တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ သူတို့ရဲ့အစားအစာများကိုလည်း မြည်းစမ်းကြည့်ရင်း အေးချမ်းလှပတဲ့အငွေ့အသက်ကို ခံစားကြည့်ရှုနိုင်ပါတယ်။