[Zawgyi]

မိန္းကေလးေတာ္ေတာ္မ်ားမ်ား လုပ္မိေနတဲ့အခ်က္ေတြကို ေယာက္်ားေလးေတြက မႏွစ္သက္ေနတာမ်ိဳးေတြရွိပါတယ္။ ဒါေတြကို ဘယ္မိန္းကေလးမွ သတိမထားမိတတ္ၾကပါဘူး။ ကိုယ္ခ်စ္သူေကာင္ေလးေရွ႕မွာပဲျဖစ္ျဖစ္၊ ကိုယ္ႀကိတ္ေၾကြေနရတဲ့ ကိုယ့္ Crush ေရွ႕မွာပဲျဖစ္ျဖစ္ သူတို႔မႀကိဳက္မ်ိဳးေတြ ကိုယ့္မွာမရွိေနေစေအာင္ ထိန္းသိမ္းလို႔ရေအာင္ ေဖာ္ျပေပးလိုက္ပါမယ္ေနာ္။

ရွည္လြန္းေနတဲ့လက္သည္းေတြ

မိန္းကေလးေတြကေတာ့ လက္သည္းေတြရွည္ေနတာက ပိုဆြဲေဆာင္မႈရွိၿပီး လွတယ္လို႔ထင္ေနၾကေပမယ့္ ေယာက္်ားေလးေတြကေတာ့ ဒီလိုမ်ိဳး ရွည္လြန္းတဲ့လက္သည္းေတြကို မႏွစ္သက္ၾကပါဘူး။ သဘာဝတုိင္းေလးပဲ နည္းနည္းရွည္တာမ်ိဳးနဲ႔ သန္႔ရွင္းေနတဲ့လက္သည္းမ်ိဳးေလးေတြကို သေဘာက်တာပါတဲ့ေနာ္။

ေရေမႊးေတြအရမ္းစြတ္တာ

မိန္းကေလးေတြက အလွအပအတြက္လည္း ဂရုစိုက္သလိုမ်ိဳး အျပင္သြားတဲ့အခ်ိန္ေတြမွာလည္း တစ္ကိုယ္လံုးေမႊးၾကိဳင္ေနေအာင္ လုပ္တတ္ၾကပါတယ္။ ေရေမႊးေတြကိုေမႊးၾကိဳင္ေနေအာင္ စြတ္မွေကာင္းမယ္လို႔သတ္မွတ္ထားၾကေပမယ့္ ေယာက္်ားေလးေတြႀကိဳက္တာကေတာ့ သင္းသင္းပ်ံ႕ပ်ံ႕ေလးနဲ႔ ေမႊးေနတာမ်ိဳးကိုပဲလိုခ်င္ၾကတာျဖစ္ပါတယ္။

ေတာက္တဲ့လိုမ်ိဳးလုိက္ကပ္ေနတဲ့သူ

အနားမွာကပ္ၿပီး အၿမဲတမ္းခၽြဲေနတဲ့သူမ်ိဳးထက္ ကိုယ့္အထာနဲ႔ကိုယ္ေနၿပီး ဘယ္သူကိုမွ မမွီခိုတတ္တဲ့သူမ်ိဳးကို ပိုၿပီးေတာ့ သေဘာက်ၿပီး သူတို႔အတြက္အားက်စရာေကာင္းတဲ့ မိန္းမမ်ိဳးလို႔သတ္မွတ္ထားတာပဲျဖစ္ပါတယ္။

အရင္ရည္းစားေဟာင္းအေၾကာင္းေျပာတတ္တဲ့သူ

ဘယ္သူမဆို ကိုယ့္ရည္းစားရဲ႕ ရည္းစားေဟာင္းအေၾကာင္းကို နားေထာင္ေနရတာမ်ိဳး ၾကားေနရတာမ်ိဳးကို ႏွစ္ၿမိဳ႕မွာေတာ့မဟုတ္ပါဘူး။ ကိုယ့္ခ်စ္သူရဲ႕ မုန္းသြားတာမ်ိဳး၊ စိတ္ပ်က္သြားတာမ်ိဳးေတြကို မခံခ်င္ဘူးဆိုရင္ေတာ့ အရင္ရည္းစားေဟာင္းအေၾကာင္း ေျပာေနတတ္တဲ့အက်င့္မ်ိဳးကို ဆင္ျခင္ပါ။

သူမ်ားအေၾကာင္းအတင္းေျပာလြန္းရင္

ေယာက္်ားေလးေတြဆိုတာ ဘယ္သူ႔အေၾကာင္းကိုမွ သိပ္ၿပီးေတာ့စိတ္ဝင္စားတဲ့သူေတြ မဟုတ္ဘူးေလ။ ဒီလိုပဲ ကိုယ္ခ်စ္တဲ့မိန္းကေလးတစ္ေယာက္က တစ္ျခားသူရဲ႕ မေကာင္းတဲ့အေၾကာင္းေတြကို စိတ္အားထက္သန္စြာနဲ႔ ေျပာေနတာမ်ိဳးေတြက သင့္ကိုအထင္ေသးစရာေကာင္းသြားေစႏိုင္ပါတယ္။

Photo Source: Pinterest

[Unicode]

မိန်းကလေးတော်တော်များများ လုပ်မိနေတဲ့အချက်တွေကို ယောက်ျားလေးတွေက မနှစ်သက်နေတာမျိုးတွေရှိပါတယ်။ ဒါတွေကို ဘယ်မိန်းကလေးမှ သတိမထားမိတတ်ကြပါဘူး။ ကိုယ်ချစ်သူကောင်လေးရှေ့မှာပဲဖြစ်ဖြစ်၊ ကိုယ်ကြိတ်ကြွေနေရတဲ့ ကိုယ့် Crush ရှေ့မှာပဲဖြစ်ဖြစ် သူတို့မကြိုက်မျိုးတွေ ကိုယ့်မှာမရှိနေစေအောင် ထိန်းသိမ်းလို့ရအောင် ဖော်ပြပေးလိုက်ပါမယ်နော်။

ရှည်လွန်းနေတဲ့လက်သည်းတွေ

မိန်းကလေးတွေကတော့ လက်သည်းတွေရှည်နေတာက ပိုဆွဲဆောင်မှုရှိပြီး လှတယ်လို့ထင်နေကြပေမယ့် ယောက်ျားလေးတွေကတော့ ဒီလိုမျိုး ရှည်လွန်းတဲ့လက်သည်းတွေကို မနှစ်သက်ကြပါဘူး။ သဘာဝတိုင်းလေးပဲ နည်းနည်းရှည်တာမျိုးနဲ့ သန့်ရှင်းနေတဲ့လက်သည်းမျိုးလေးတွေကို သဘောကျတာပါတဲ့နော်။

ရေမွှေးတွေအရမ်းစွတ်တာ

မိန်းကလေးတွေက အလှအပအတွက်လည်း ဂရုစိုက်သလိုမျိုး အပြင်သွားတဲ့အချိန်တွေမှာလည်း တစ်ကိုယ်လုံးမွှေးကြိုင်နေအောင် လုပ်တတ်ကြပါတယ်။ ရေမွှေးတွေကိုမွှေးကြိုင်နေအောင် စွတ်မှကောင်းမယ်လို့သတ်မှတ်ထားကြပေမယ့် ယောက်ျားလေးတွေကြိုက်တာကတော့ သင်းသင်းပျံ့ပျံ့လေးနဲ့ မွှေးနေတာမျိုးကိုပဲလိုချင်ကြတာဖြစ်ပါတယ်။

တောက်တဲ့လိုမျိုးလိုက်ကပ်နေတဲ့သူ

အနားမှာကပ်ပြီး အမြဲတမ်းချွဲနေတဲ့သူမျိုးထက် ကိုယ့်အထာနဲ့ကိုယ်နေပြီး ဘယ်သူကိုမှ မမှီခိုတတ်တဲ့သူမျိုးကို ပိုပြီးတော့ သဘောကျပြီး သူတို့အတွက်အားကျစရာကောင်းတဲ့ မိန်းမမျိုးလို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

အရင်ရည်းစားဟောင်းအကြောင်းပြောတတ်တဲ့သူ

ဘယ်သူမဆို ကိုယ့်ရည်းစားရဲ့ ရည်းစားဟောင်းအကြောင်းကို နားထောင်နေရတာမျိုး ကြားနေရတာမျိုးကို နှစ်မြို့မှာတော့မဟုတ်ပါဘူး။ ကိုယ့်ချစ်သူရဲ့ မုန်းသွားတာမျိုး၊ စိတ်ပျက်သွားတာမျိုးတွေကို မခံချင်ဘူးဆိုရင်တော့ အရင်ရည်းစားဟောင်းအကြောင်း ပြောနေတတ်တဲ့အကျင့်မျိုးကို ဆင်ခြင်ပါ။

သူများအကြောင်းအတင်းပြောလွန်းရင်

ယောက်ျားလေးတွေဆိုတာ ဘယ်သူ့အကြောင်းကိုမှ သိပ်ပြီးတော့စိတ်ဝင်စားတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီလိုပဲ ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်က တစ်ခြားသူရဲ့ မကောင်းတဲ့အကြောင်းတွေကို စိတ်အားထက်သန်စွာနဲ့ ပြောနေတာမျိုးတွေက သင့်ကိုအထင်သေးစရာကောင်းသွားစေနိုင်ပါတယ်။

Photo Source: Pinterest