ယနေ့ခေတ်မှာ နည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့နေထိုင်မှုပုံစံတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်ခေတ်ကလို သတင်းစာလေးဖတ်၊ ဂျာနယ်လေးဖတ်၊ ရေဒီယိုလေးနားထောင်၊ စာအုပ်လေးဖတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ကမ္ဘာတစ်လွှားမှာ စက္ကန့်နဲ့အမျှဖြစ်ပျက်ပြောင်းလဲနေတဲ့အရာတွေအားလုံးကို အချိန်နဲ့ တစ်ပြေးညီသိရှိဖို့ လိုအပ်လာပါပြီ။ ဒီလိုသိရှိဖို့အတွက် အင်တာနက်ရဲ့အခန်းကဏ္ဍက အလွန်အရေးပါလာပါတယ်။ အင်တာနက်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို အံမခန်းပါပဲ။ အချိန်တိုအတွင်း ကမ္ဘာတစ်လွှားမှာဖြစ်ပျက်နေတဲ့အရာတွေကို စက္ကန့်နဲ့အမျှ အချိန်နဲ့တစ်ပြေးညီ သိရှိလာနိုင်လို့ပါပဲ။

လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အင်တာနက်ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါလိမ့်မယ်။ လူကြီးများအနေနဲ့ဆို သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီသိရှိဖို့၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ဖတ်ဖို့၊ လူငယ်လူရွယ်များဆို သီချင်းနားထောင်မယ်၊ ဘောလုံးပွဲကို အွန်လိုင်းပေါ်က ကြည့်မယ်၊ ဂိမ်းကစားမယ်၊ ရုပ်ရှင်ဇာတ်ကားတွေ ဒေါင်းလုတ်ချမယ် စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။

တစ်ခါအလုပ်အကိုင်ရှာဖွေနေသူတွေကလည်း အွန်လိုင်းကနေပဲ အလုပ်အကိုင်ရှာမယ်၊ ကိုယ်နှစ်သက်တဲ့ အလုပ်ကိုတွေ့ရင် ရုံးကိုအချိန်ကုန်ခံသွားစရာမလိုတော့ဘဲ အွန်လိုင်းကနေပဲ အီးမေးလ်လေးပို့လိုက်ကြတာပါပဲ။ မိန်းကလေးတွေ အနေနဲ့ဆိုလည်း အချိန်ကုန်ခံ ရှော့ပင်းထွက်စရာမလိုဘဲ အွန်လိုင်းပေါ်ကနေ ဈေးဝယ်မယ်၊ ရုပ်ရှင်လက်မှတ်တို့ ကားလက်မှတ်တို့ကိုလည်း အွန်လိုင်းကပဲ အလွယ်တကူဝယ်လိုက်ရုံဆို ဘယ်လောက်အချိန်ကုန်သက်သာလဲဆိုတာ စာဖတ်သူတို့ မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား။

အခုလိုမျိုး လူငယ်လူရွယ် အရုပ်အလတ်အမြတ်မရွေး ရည်ရွယ်ချက်ပေါင်းစုံနဲ့ အသုံးပြုနေကြတဲ့ အင်တာနက်ကို မိသားစုလိုက် ပျော်ပျော်ပါးပါးနဲ့ တစ်ဝကြီး အသုံးပြုလို့ရမယ့် နည်းလမ်းလေးရှိတယ်ဆိုရင် စိတ်ဝင်စားကြတယ်မဟုတ်လား။ အဲ့ဒါကတော့ အူရီဒူးက အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Supernet Wireless အိမ်သုံးကြိုးမဲ့ အင်တာနက်ပါပဲ။ ဒီအင်တာနက်က စာဖတ်သူရဲ့အိမ်နဲ့ မိသားစုအတွက် အသင့်တော်ဆုံးနဲ့ အတန်ဆုံးဖြစ်မှာပါ။

အူရီဒူးရဲ့အိမ်သုံးကြိုးမဲ့အင်တာနက်ရဲ့အဓိကအားသာချက်ကဆိုရင် အွန်လိုင်းကနေရုပ်ရှင်အကြည်တေတိုက်ရိုက် ကြည့်မယ်၊ ဒေါင်းလုတ်လုပ်မယ်၊ ဂိမ်းကစားမယ်၊ Facebook သုံးမယ် စတာတွေကို စိတ်အေးချမ်းသာစွာနဲ့ ထူးခြားတဲ့အမြန်နှုန်းအင်တာနက်ကို အကန့်အသတ်မရှိသုံးစွဲနိုင်မှာပါ။ ဒါတင်မကသေးပါဘူး၊ တပ်ဆင်ရာမှာ စောင့်ဆိုင်းစရာမလိုဘဲ ဝယ်ယူပြီးတာနဲ့ ချက်ချင်းသုံးစွဲနိုင်မယ် အလွယ်တကူငွေပေးချေနိုင်မယ့် နေရာအများအပြားထားရှိခြင်းကြောင့်အဆင်ပြေလွယ်ကူမှာ အမှန်ပါပဲ။

ဒီအူရီဒူး အိမ်သုံးကြိုးမဲ့အင်တာနက်စက်ရဲ့ ဈေးနှုန်းကဆိုရင် ၇၅,၀၀၀ ကျပ်ဖြစ်ပြီး အမြန်နှုန်းကလည်း 5Mpbs ကို ရရှိနိုင်ပါတယ်။ ဒီအင်တာနက်စက်တစ်လုံးကို အသုံးပြုသူ ၃၂ ယောက်တိတိ ချိတ်ဆက်အသုံးပြုနိုင်ပြီး မျှတစွာသုံးစွဲခြင်းမူဝါဒအရဆိုရင် တစ်နေ့ကိုအသုံးပြုသူတစ်ယောက်က 10 GB အထိ အသုံးပြုနိုင်တာဆိုတော့ အားရပါးရသုံးလို့ရတာပေါ့။ အကန့်အသတ်မဲ့ဒေတာကို ရက် ၉၀ အထိသုံးစွဲနိုင်တာကြောင့် မိသားစုတိုင်းအတွက် အသင့်တော်ဆုံး၊ အတန်ဆုံးနဲ့ အကောင်းဆုံး အင်တာနက်ဝန်ဆောင်မှုကို ရရှိမှာဖြစ်လို့ အမြန်ဆုံးပြေးဝယ်ထားမှ စိတ်ချရမယ်နော်။