Vietjet ရဲ့ “အချစ်နှင့်ဆက်သွယ်ခြင်း – သင့်ရဲ့ နွေရာသီဗားရှင်းလေးကို ပြသလိုက်ပါ” ဆိုတဲ့ ပရိုမိုးရှင်းလေး တစ်ဖန်ပြန်လည် ကျင်းပလိုက်ပြန်ပါပြီ။ ဒီတစ်ခါ သုညကျပ် (အခွန်အခနှင့် အခြားအဖိုးအခမပါ)မှစတင်တဲ့ အထူးဈေးနှုန်းနဲ့ ရောင်းချတဲ့ သန်းနှင့်ချီတဲ့ ပရိုမိုးရှင်းလက်မှတ်များကို ၂၀၁၉ ခုနှစ် ဇွန် ၁၉ ရက်မှ ဇွန် ၂၁ ရက်ထိ နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲအတွင်းတွင် ရောင်းချပေးမှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလက်မှတ်တွေက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နိုင်ငံတွင်း လေကြောင်းလိုင်းအားလုံး နှင့် အခြားနိုင်ငံတကာ လေကြောင်းလိုင်းတွေအတွက်လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ပျံသန်းပြေးဆွဲမယ့် အချိန်ကာလကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ပိတ်ရက်များမပါ) ပဲဖြစ်ပါတယ်။

တချို့လူတွေကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ပိတ်ရက်လေးတွေကို နှစ်သက်ကြပြီး တချို့ကတော့ စွန့်စားခန့်တွေနဲ့ ပြည့်နေတဲ့ အားလပ်ရက်လေးတွေကို လိုလားကြသလို ကမ်းခြေမှာပဲ အားလပ်ရက်ကို ပျော်ပျော်ပါးပါး ကုန်ဆုံးချင်ကြတဲ့ လူတချို့လည်း ရှိကြပါသေးတယ်။ ထိုကမ်းခြေချစ်သူတွေကတော့ စိတ်လှုပ်ရှားစရာ အားလုံးနဲ့ ထိတွေ့ခံစားနိုင်ရလောက်အောင် ကံကောင်းကြပါတယ်။

ဖြူလွှလွှသဲသောင်ပြင်လေးကို အဖော်ပြုနေတဲ့ ပြာလဲ့လဲ့ ရေပြင်မှာ သင်က ကမ်းခြေပေါ်မှာ လမ်းလျှောက်လိုက်၊ ပင်လယ်ရေထဲမှာ ရေဆော့ကစားလိုက်၊ ရေထဲမှာ ဘော်လီဘောကစားလိုက်၊ ရေပေါ်မှာ ပေါလောလေး ဆော့ကစားလိုက်စတဲ့ ပုံစုံမျိုးစုံ အပန်းဖြေနေတဲ့ပုံသဏ္ဍာန်ကို စိတ်ကူးယဉ်ကြည့်လိုက်ရုံနဲ့ သင့်ကို ပျော်ရွှင်သွားစေတယ် မဟုတ်လား။ သင့် စိတ်ထဲမှာရော ခန္ဓာကိုယ်ထဲမှာပါ ကိန်းအောင်းနေတဲ့ စိတ်ဖိစီးမှုတွေအားလုံး သင့်ရဲ့ အဝေးဆုံးကို ပြေးထွက်သွားပြီး သင်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။

သင့်ရဲ့ စိတ်ထဲမှာတော့ နွေရာသီက ပြီးဆုံးသွားပြီး ရှည်လျားလွန်းလှတဲ့ မိုးရာသီကပဲ သင့်ကို စောင့်ကြိုနေတယ်လို့ သင် တွေးထင်နေပါလိမ့်မယ်။ ထိုအတွေးထဲက ခဏတာလောက် ရုန်းထွက်ပြီး ဗီယက်နမ်မှာရှိတဲ့ အာရှရဲ့အလှပဆုံး ကမ်းခြေတွေ Asia’s most beautiful beaches မှာ အပန်းဖြေအနားယူလိုက်ရင် မကောင်းဘူးလား။

ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲမှာတည်ရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ကမ်းခြေတွေကလည်း နာမည်ကြီးကျော်ကြားလှပါတယ်။ Nha Trang ကမ်းခြေ ၊ Doc Let ကမ်းခြေ ၊ Danang ကမ်းခြေ ၊ An Gang ကမ်းခြေ ၊ Mui Ne ကမ်းခြေနဲ့ အခြားသော ကမ်းခြေတွေအားလုံးဟာ သန့်ရှင်းကြည်လင်တဲ့ ရေနဲ့ လတ်ဆတ်တဲ့ ပင်လယ်လေပြေလေညှင်းလေးတွေနဲ့ ပြည့်နှက်နေကြပါတယ်။ ရေကူးခြင်း၊ ရေအောက်အသက်ရှု ကိရိယာဖြင့် ရေငုပ်ခြင်း၊ ရေအောက်မှာ ကူးခတ်သွားလာခြင်း စတဲ့ ရေနဲ့ပတ်သက်တဲ့ အားကစားတွေပြုလုပ်ချိန်မှာ လှပတဲ့ သန္တာကျောက်တန်းကြီးများနဲ့ ပင်လယ်နေသတ္တဝါတွေကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရမယ်ဆိုရင် သင် အင်မတန်အံ့အားသင့်သွားမှာပဲဖြစ်ပါတယ်။

သင်က စိမ်းပြာရောင် ရေနွေးနွေးလေးရှိတဲ့ သာယာလှပတဲ့ကမ်းခြေမှာ အပန်းဖြေနေပြီး သင့်ရဲ့ ခြေချောင်းလေးတွေအောက်မှာ ပိုးသားလေးလို့ ဖြူဖွေးနူးညံ့တဲ့ သဲတွေက နေရာယူထားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ

ဗီယက်နမ်နိုင်ငံရဲ့ အကျော်ကြားဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ Nha Trang ကမ်းခြေမှာ ဖြူလွှလွှသဲသောင်ပြင်၊ နိမ့်ချည်မြင့်ချည် လှိမ့်နေတဲ့ ရေပြာပြာ လှိုင်းလုံးလေးများ၊ စိမ်းစိုနေတဲ့ တောင်တန်းများ၊ ညင်သာစွာ ယိမ်းနွဲ့နေတဲ့ အုန်းပင်များ၊ အရသာထူးကဲကောင်းမွန်တဲ့ ပင်လယ်စာ စားသောက်ဆိုင်များ တည်ရှိတဲ့အပြင် သက်ဝင်လှုပ်ရှားနေတဲ့ ညဈေးတန်းမှာလည်း ဈေးဝယ်ထွက်လို့ရပါသေးတယ်

Vietjet ရဲ့ သုညကျပ်မှစတင်တဲ့ ပရိုမိုးရှင်းလက်မှတ်များကို အသုံးပြုရင်း အာရှရဲ့အလှပဆုံးကမ်းခြေမှာ အပန်းဖြေရင်း ထူးခြားတဲ့လက်ဆောင်မွန်များကိုလည်း အရယူလိုက်ပါ

နိုင်ငံခြားကို ခရီးထွက်ရင်း နွေရာသီပိတ်ရက်တွေကို ကုန်ဆုံးမယ်ဆိုရင် ငွေကုန်ကြေးကျများမယ်လို့ သင် တွေးနေပါလိမ့်မယ်။ ဒါပေမဲ့ Vietjet နဲ့ ပျံသန်းလိုက်မယ်ဆိုရင်တော့ ငွေအမြောက်အမြား အကုန်ကျခံစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Vietjet က အာရှတစ်ဝိုက်ပျံသန်းသွားလာဖို့အတွက် သုညကျပ်မှစတင်တဲ့ လေယာဉ်လက်မှတ်များ (အခွန်အခနှင့် အခြားအဖိုးအခများမပါ)ကို သန်းနဲ့ချီပြီး ရောင်းချပေးနေပြီပဲဖြစ်ပါတယ်။ သင့်ရဲ့ ကုန်ကျစရိတ် လျော့ချနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Vietjet နဲ့အတူ ဟနွိုင်းမှတဆင့် ဗီယက်နမ်မှာရှိတဲ့ သာယာလှပတဲ့ကမ်းခြေများနဲ့ အာရှတစ်ဝိုက်ကို စူးစမ်းရှာဖွေလိုက်ပါ။

ပရိုမိုးရှင်းလက်မှတ်များကိုတော့ ၂၀၁၉ ခုနှစ် ဇွန် ၁၉ ရက်မှ ဇွန် ၂၁ ရက်အထိ ၃ ရက်တာကာလအတွင်း နံနက် ၁၁ နာရီ ခွဲမှ နေ့လည် ၁ နာရီခွဲ(မြန်မာစံတော်ချိန်)များတွင် ရောင်းချပေးမှာပဲဖြစ်ပါတယ်။ ထိုပရိုမိုးရှင်းလက်မှတ်လေးတွေက မြန်မာနိုင်ငံ၊ ရန်ကုန်အပါအဝင် ဗီယက်နမ်နိုင်ငံတွင်း လေကြောင်းလိုင်းအားလုံးနဲ့ အခြားနိုင်ငံတကာ ခရီးစဉ်အတွက်လည်း အကျုံးဝင်ပါတယ်။ ပျံသန်းပြေးဆွဲမယ့် နေ့ရက်လေးတွေကတော့ ၂၀၁၉ ခုနှစ် ဇူလိုင် ၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိပဲ (ပိတ်ရက်များမပါ) ဖြစ်ပါတယ်။

ခရီးသည်တွေ ပျော်ရွှင်နိုင်ဖို့အတွက် စီစဉ်ထားတဲ့ နွေရာသီသုခဘုံလေးက ကောင်းကင်ပြာပေါ်မှာ ရောင်စုံထပ်မံခြယ်သနိုင်ဖို့အတွက် ရည်ရွယ်ပြီး ခရီးသည်အားလုံးပါဝင်ဆင်နွှဲနိုင်မှာပဲဖြစ်ပါတယ်။ ထိုနွေရာသီစီတန်း လှည့်လည်ပွဲလေးက ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကျင်းပပေးမှာဖြစ်ပြီး စိတ်ဝင်စားစရာ လက်ဆောင်အမြောက်အမြားကိုလည်း လက်ဆောင်ပေးဦးမှာပါ။

ပထမဦးဆုံးအနေနဲ့ Vietjet ရဲ့ လာဘ်ကောင်လေး AMY က ခရီးသည်တွေအားလုံးကို နွေးထွေးပျူငှာစွာ ကြိုဆိုမှာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတစ်ဝိုက်မှာ ပျော်ရွှင်စရာ နွေရာသီကုန်ဆုံးနိုင်ဖို့အတွက် လေကြောင်းလိုင်းက ကြီးမှူးကျင်းပပေးတဲ့ အကြီးမားဆုံးဖျော်ဖြေပွဲကြီးပဲဖြစ်ပါတယ်။ Vietjet ဖြင့် ခရီးသွားသူများသာ ကြုံတွေ့နိုင်မယ့် အခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ်။ ထိုအစီအစဉ်အရ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အတွင်း ခရီးသွားမယ်ဆိုရင် ခရီးသွားဧည့်သည်များက Cosplay ဝတ်စုံများကို ဝတ်ဆင်နိုင်ပြီး ထူးခြားတဲ့လက်ဆောင်များကိုလည်း လက်ခံရရှိနိုင်မှာပဲဖြစ်ပါတယ်။

Vietjet လေယာဉ်ပေါ်တွင် ခရီးသည်များ လက်ဆောင်ပစ္စည်းများ ရယူနေစဉ်

လေယာဉ်လက်မှတ်တွေကိုတော့ Vietjet လေကြောင်းလိုင်းရဲ့ အရောင်းငှာနတွေဖြစ်တဲ့ http://www.vietjetair.com မှာလည်း ဝယ်ယူနိုင်သလို စမတ်ဖုန်းအသုံးပြုသူတွေကလည်း https://m.vietjetair.com (သို့မဟုတ်) ဖေ့ဘုတ်မှတဆင့် ဝယ်ယူချင်သူများအနေနဲ့ http://www.facebook.com/vietjetmyanmar စတဲ့ ဝက်ဘ်ဆိုက်များတွင် ဝယ်ယူနိုင်ပါပြီ။ ဒ့ါအပြင် ၀၉ ၇၈၉ ၃၂၃ ၈၂၈ ဆိုတဲ့ Call Center ကို ဖုန်းဆက်ပြီးလည်း မှာယူနိုင်သလို အရောင်းငှာနတည်ရှိရာ ၀၁-၀၆ ၊ ပထမထပ်၊ ယုဇန Business တာဝါ၊ အမှတ် (၂၅) ဓမ္မစေတီလမ်း၊ မြေနီကုန်း၊ ရန်ကုန်မြို့သို့လည်း လူကိုယ်တိုင် လာရောက် စုံစမ်း ဝယ်ယူနိုင်ပါတယ်။ ရုံးဖွင့်ရကအတွင်း လာရောက်လိုပါက နံနက် ကိုးနာရီမှ ညနေ ငါးနာရီ ရုံးချိန်အတွင်း လာရောက်နိုင်ပြီး စနေနေ့တွင် လာရောက်လိုပါက နံနက် ကိုးနာရီမှ နေ့လည် ၁၂ နာရီအတွင်း စုံစမ်းဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ Vietjet နဲ့အတူ ရန်ကုန်ကနေ ဟနွိုင်းကို နှစ်နာရီထက် နည်းတဲ့အချိန်နဲ့ လိုက်ပါပျံသန်းပြီး ဗီယက်နမ်မှာ ဗီဇာမလိုပဲ ၁၄ ရက်နေထိုင်နိုင်တယ်ဆိုတာ သင်သိပါသလား။

အကြီးမားဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Vietjet ရဲ့ နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ချက်ကတော့ ခရီးသွားဧည့်သည်များအနေနဲ့ ဟနွိုင်းမှတဆင့် ဗီယက်နမ်ရဲ့ ဆွဲဆောင်မှုရှိပြီးလှပတဲ့ နေရာဒေသတွေဖြစ်တဲ့ Danang ၊ Nha Trang ၊ Can Tho (သို့) ဟိုချီမင်းမြို့သို့ သွားလာနိုင်သလို တိုကျို၊ အိုဆာကာ (ဂျပန်) နဲ့ ဆိုးလ် (ကိုရီးယား) စတဲ့ နိုင်ငံတကာမှာရှိတဲ့ လှပတဲ့နေရာဒေသသို့လည်း ဈေးသက်သာတဲ့ လေယာဉ်လက်မှတ်များဖြင့် ခရီးသွားနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ဖော်ရွှေပျူငှာတဲ့ လေယာဉ်အမှုထမ်းများက ခရီးသည်များ စိတ်ကျေနပ်မှုအပြည့်အဝရအောင် ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ အစားအသောက်တွေကိုလည်း တည်ခင်းဧည့်ခံပေးမယ့်အပြင် အခြားသော ဝန်ဆောင်မှုတွေကိုလည်း ဝန်ဆောင်မှုပေးသွားဦးမှာပဲဖြစ်ပါတယ်။

အေမီလာဘ်ကောင်လေးတွေ၊ Vietjet ရဲ့ လေယာဉ်အမှုထမ်းတွေနဲ့အတူတူ ထိုနွေရာသီစီတန်း လှည့်လည်ပွဲလေးက တပျော်တပါးပါဝင်ဆင်နွှဲရင်း သင့်ရဲ့ အားလပ်ရက်ကို ကုန်ဆုံးလိုက်ပါ

Vietjet လေကြောင်းလိုင်းသည် တစ်နေ့ကို အကြိမ်ရေ ၄၀၀ ခန့် ပျံသန်းပြေးဆွဲနေပြီး ခရီးသွားဧည့်သည် သန်း (၈၀) ကျော်ခန့်အတွက် ဗီယက်နမ်ပြည်တွင်းလေကြောင်းလိုင်း (၁၁၃) လိုင်းအပါအဝင် ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်ပြည်မကြီး၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ မလေးရှား၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတကားလေကြောင်းလိုင်းများအတွက်လည်း ပျံသန်းပြေးဆွဲနေပြီပဲဖြစ်ပါတယ်။ ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွှေပျူငှာတဲ့ လေယာဉ်အမှုထမ်းများက လေယာဉ်ပျံသန်းပြေးဆွဲနေချိန်တွင် ခရီးသည်များအတွက် လတ်ဆတ်ပြီး ပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ အစားအစာများကို တည်ခင်းဧည့်ခင်းပေးတဲ့အပြင် အခြားအရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှုပေးအပ်သွားမှာပဲဖြစ်ပါတယ်။

Vietjet လေကြောင်းလိုင်းက “၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးလေကြောင်းလိုင်း” အဖြစ် သတ်မှတ်ခြင်းခံရပြီး ၂၀၁၉ ခုနှစ်အတွင်း လုံခြုံစိတ်ချရမှုအရှိဆုံး လေကြောင်းလိုင်း အဆင့် ၇ ၊ ကြယ် ၇ ပွင့်ဆုကို လက်ခံရရှိထားတာပဲဖြစ်ပါတယ်။ Vietjet လေကြောင်းလိုင်းကဆိုရင် ငွေကြေးပိုင်းအရရော ဝန်ဆောင်မှုနဲ့ လုံခြုံမှုစတဲ့ ရှုထောင့်ပေါင်းစုံက ပြီးပြည့်ပြီးကောင်းမွန်နေတာကြောင့် လေကြောင်းဘဏ္ဍာရေးဂျာနယ်တွင် ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း အခု (၅၀) ထဲတွင် တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းဝင်ထားတဲ့ လေကြောင်းလိုင်းတစ်ခုပဲဖြစ်ပါတယ်။