[Zawgyi]

သင့္အေနနဲ႔ ကမၻာေပၚက လူတိုင္းကိုေတာ့ သဘာမက်ႏိုင္ဘူးေလ။ ကိုယ္စိတ္တိုင္းမက်တဲ့သူေတြလည္းရွိႏိုင္သလို၊ ကိုယ့္စိတ္နဲ႔ သဟဇာတမျဖစ္တဲ့သူေတြလည္း ရွိႏိုင္တာပဲ။ လူေတြရဲ႕သေဘာအရ ကိုယ့္ကေတာ့ တျခားသူေတြသဘာက်တာခံခ်င္တယ္။ တျခားသူလက္ခံလာတာကိုလိုခ်င္ၾကပါတယ္။ တကယ္လို႔ တျခားသူေတြက သင့္ကို သဘာမက်ဘူးဆိုရင္ သင့္ကို အနည္းနဲ႔အမ်ားေတာ့ စိတ္မေကာင္းျဖစ္ေစတာအမွန္ပါပဲ။

တခါတေလမွာ သင္မႀကိဳက္တဲ့အရာေတြေရာ၊ သင့္ကိုသေဘာမက်တဲ့အရာေတြကိုေရာ သင့္အေနနဲ႔ လ်စ္လ်ဴရႈထားသင့္ပါတယ္။ဘာလို႔လဲဆိုတာကို ေျပာမယ္ေနာ္။

၁။ ဘဝဆိုတာ တိုတိုေလးပါ

လူ႕ဘဝဆိုတာ တိုတိုေလးပါ။ အလြန္ဆံုးေနမွ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ေလးပဲေနထိုင္ရတာပါ။ ဘာလို႔ စိုးရိမ္မႈေတြ၊ တျခားသူေတြကို စိတ္အလိုမက်မႈေတြထားေနဦးမွာလဲ။

၃။ လူေတြဟာသင့္အေၾကာင္း အမ်ားႀကီးမစဥ္းစားၾကပါဘူး

သင့္အေနနဲ႔ တခါတေလမွာ လူတိုင္းကိုယ့္ကိုပဲ အျပစ္တင္ေနၾကတယ္။ သင့္ကိုပဲ အလိုမက်ျဖစ္ေနၾကတယ္လို႔ ထင္ေန၊ ခံစားေနရရင္ အဒီခံစားခ်က္ကို စြန္႔လြတ္လိုက္ပါ။ဘယ္သူကမွ အခ်ိန္ကုန္ခံၿပီး သင့္အေၾကာင္းကို အမ်ားႀကီးမစဥ္းစားပါဘူး။

၄။ သူတို႔ ကိစၥမဟုတ္ဘူးေလ

သင့္ရဲ႕ ကိုယ္ပိုင္ဘ၀ဟာ တျခားသူေတြရဲ႕ ဘ၀တစ္ခုမဟုတ္သလို တျခားသူေတြရဲ႕ ကိစၥတစ္ခုမဟုတ္ပါဘူး။ သင့္ကိုယ္တိုင္ကပဲ သင့္ကို ေပ်ာ္ရႊင္ၿငိမ္းခ်မ္းေအာင္ ျပဳလုပ္ေပၚႏိုင္မွာပါ။ လူတိုင္း သူတို႔အျမင္နဲ႔ သူတို႔ဆံုးျဖတ္ပိုင္ခြင့္ရွိတယ္။သင့္ကို ဥေပကၡာျပဳပိုင္ခြင့္ရွိတယ္။ ေခါင္းထဲမထည့္ပါနဲ႔။

၅။ တျခားသူေတြရဲ႕ အေတြးကို အာရံုမစိုက္ပါနဲ႔

သင့္အေနနဲ႔ လူတိုင္းကို မေကာင္းႏိုင္ပါဘူး။ တျခားသူေတြလည္း အဲဒီလိုပါပဲ။ သင့္ကိုသေဘာမက်တဲ့သူတစ္ေယာက္အတြက္နဲ႔ စိတ္ဖိစီးမႈမခံပါနဲ႔။

[Unicode]

သင့်အနေနဲ့ ကမ္ဘာပေါ်က လူတိုင်းကိုတော့ သဘာမကျနိုင်ဘူးလေ။ ကိုယ်စိတ်တိုင်းမကျတဲ့သူတွေလည်းရှိနိုင်သလို၊ ကိုယ့်စိတ်နဲ့ သဟဇာတမဖြစ်တဲ့သူတွေလည်း ရှိနိုင်တာပဲ။ လူတွေရဲ့သဘောအရ ကိုယ့်ကတော့ တခြားသူတွေသဘာကျတာခံချင်တယ်။ တခြားသူလက်ခံလာတာကိုလိုချင်ကြပါတယ်။ တကယ်လို့ တခြားသူတွေက သင့်ကို သဘာမကျဘူးဆိုရင် သင့်ကို အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်စေတာအမှန်ပါပဲ။

တခါတလေမှာ သင်မကြိုက်တဲ့အရာတွေရော၊ သင့်ကိုသဘောမကျတဲ့အရာတွေကိုရော သင့်အနေနဲ့ လျစ်လျူရှုထားသင့်ပါတယ်။ဘာလို့လဲဆိုတာကို ပြောမယ်နော်။

၁။ ဘဝဆိုတာ တိုတိုလေးပါ

လူ့ဘဝဆိုတာ တိုတိုလေးပါ။ အလွန်ဆုံးနေမှ နှစ်ပေါင်း ၁၀၀ ကျော်လေးပဲနေထိုင်ရတာပါ။ ဘာလို့ စိုးရိမ်မှုတွေ၊ တခြားသူတွေကို စိတ်အလိုမကျမှုတွေထားနေဦးမှာလဲ။

၃။ လူတွေဟာသင့်အကြောင်း အများကြီးမစဉ်းစားကြပါဘူး

သင့်အနေနဲ့ တခါတလေမှာ လူတိုင်းကိုယ့်ကိုပဲ အပြစ်တင်နေကြတယ်။ သင့်ကိုပဲ အလိုမကျဖြစ်နေကြတယ်လို့ ထင်နေ၊ ခံစားနေရရင် အဒီခံစားချက်ကို စွန့်လွတ်လိုက်ပါ။ဘယ်သူကမှ အချိန်ကုန်ခံပြီး သင့်အကြောင်းကို အများကြီးမစဉ်းစားပါဘူး။

၄။ သူတို့ ကိစ္စမဟုတ်ဘူးလေ

သင့်ရဲ့ ကိုယ်ပိုင်ဘဝဟာ တခြားသူတွေရဲ့ ဘဝတစ်ခုမဟုတ်သလို တခြားသူတွေရဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ သင့်ကိုယ်တိုင်ကပဲ သင့်ကို ပျော်ရွှင်ငြိမ်းချမ်းအောင် ပြုလုပ်ပေါ်နိုင်မှာပါ။ လူတိုင်း သူတို့အမြင်နဲ့ သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။သင့်ကို ဥပေက္ခာပြုပိုင်ခွင့်ရှိတယ်။ ခေါင်းထဲမထည့်ပါနဲ့။

၅။ တခြားသူတွေရဲ့ အတွေးကို အာရုံမစိုက်ပါနဲ့

သင့်အနေနဲ့ လူတိုင်းကို မကောင်းနိုင်ပါဘူး။ တခြားသူတွေလည်း အဲဒီလိုပါပဲ။ သင့်ကိုသဘောမကျတဲ့သူတစ်ယောက်အတွက်နဲ့ စိတ်ဖိစီးမှုမခံပါနဲ့။