တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်ရင် ဟုတ်နေမလားမသိဘူး။ အဲလိုများဖြစ်နေပြီလား။ ဟုတ်မှာပါလေ ဆိုတဲ့ ကိုယ့်ကိုယ်ပိုင်အတွေးကို လွှမ်းမိုးချယ်လှယ်သွားတဲ့ အခိုက်အတန်မျိုးဖြစ်ဖူးလားရှင့်။ တခြားသူပြောတဲ့စကားတွေကို ဘယ်နှစ်ကြိမ်လောက် နားယောင်ဖူးပါသလဲ။ တခြားသူ ကိုယ့်ကို အသုံးချသွားတာ ဘယ်နှစ်ကြိမ်လောက် ခံရဖူးသလဲ။

သူတို့ကို ယုံပါသလား။ သင့်ကိုယ်သင် သူများပြောစကားကို အလွယ်တကူ နားမယောင်တတ်တဲ့သူတစ်ယောက်ဖြစ်စေဖို့နဲ့ တခြားသူနဲ့ လွှမ်းမိုးချယ်လှယ်မှုကို မခံရတဲ့သူဖြစ်စေဖို့ ဘယ်လို အကျင့်စရိုက် လက္ခဏာတွေရှိရမလဲဆိုတာ မျှဝေပေးသွားမယ်နော်။

၁။ တခြားသူကိုယ့်ကို လေးလေးစားစား ဆက်ဆံပါစေ။

ခပ်တည်တည် နေရင်မာနကြီးတယ်ထင်တယ်။ ပျော်ပျော်နေတော့လည်း ပေါတယ်လို့ လူတွေက ထင်ကြပါတယ်။ ကိုယ်က အလုပ်မှာ အထက်အရာရှိတစ်ဦးဖြစ်တယ်။ ဒါမှမဟုတ်လည်း သင်ဟာ သင့်နေရာနဲ့ သင်အတည်တကျလုပ်ကိုင်နေသူဆိုရင် သင့်ရဲ့ roll ကို သင်သေချာ ထိန်းသိမ်းရပါမယ်။ ကိုယ့်ကို တခြားသူမလေးမစား ဆက်ဆံတာမျိုးမဖြစ်အောင် အပြုအမူ အနေအထိုင် အပြောအဆိုကို ဂရုစိုက်ပါ။ ပျော်ပျော်နေပါ။ ပေါပေါမနေပါနဲ့။

၂။ သင့် ထင်မြင်ယူဆချက်ကို ပြောရမှာ မကြောက်ပါနဲ့။

သင့်ရဲ့ ထင်မြင်ယူဆချက်တွေ တခြားသူကို သင်ဖြစ်စေချင်တဲ့အရာတွေ သင့်အတွေးတွေကို ပြောရမှာ မကြောက်ပါနဲ့။ တခြားတစ်ယောက်ယောက်က သင့်ကို လာပြီး လွှမ်းမိုးချယ်လှယ်လာတဲ့အခါ (သို့) သင့်ကို အသုံးချဖို့ ကြိုးစားလာတဲ့အခါ သင့်ထင်မြင်ယူဆချက်တွေကို မပျောက်ဘူးဆိုရင် သင့်အနေနဲ့ သူ့ကို ရင်ဆိုင်နိုင်မှာပါ။

၃။ ဟင့်အင်းလို့ ငြင်းရမှာ မကြောက်ပါနဲ့။

လူတစ်ယောက်ကို အသုံးချဖို့ ချည်းကပ်တတ်တဲ့သူတွေဟာ အလွယ်တကူ ခေါင်းညိတ်တတ်တဲ့သူတွေကိုပဲ ပစ်မှတ်ထားကြတာပါ။ ဒ့ါကြောင့် သင့်အနေနဲ့ မေးခွန်းတွေအများကြီးမမေးဘဲ ကိစ္စတစ်ခုကို ခေါင်းမညိတ်လိုက်ပါနဲ့။ သင့်အတွက် သက်သောင့်သက်သာမဖြစ်စေတဲ့အရာ သင်သဘောမတူနိုင်တဲ့အရာတွေကို ဟင့်အင်း ဆောရီးပါလို့ ပြောလိုက်ပါ။

၎။ သင့်အချိန်ကို သင့်အားသာချက်တွေအတွက်သာ အသုံးချပါ။

တခြားသူက သင့်ကို လွှမ်းမိုး ချယ်လှယ်လာဖို့ ကြိုးစားလာတဲ့အခါ သင့်ကို ဖိအားတွေ ပေးလာမှာပါ။ အဲဒီလို ဖိအားပေးလာတဲ့အခါ ချက်ချင်းပဲ ငြင်းဆိုလိုက်ရင် သူလည်း နောက်ဆုတ်သွားမှာပါ။ သင့်အချိန်တွေကို  သင့်ရဲ့ အားသာချက်တွေအတွက်သာ အသုံးချပါ။ သင့်အားနည်းချက်တွေအတွက် အချိန်ပေးမနေပါနဲ့။

၅။ သင့်ကို လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြိုးစားလာသူတွေကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါ။

သင့်ကို ကျရှုံးအောင် ချုပ်ကိုင်ချင်တဲ့သူတွေဟာ သင့်ဘ၀ကို တိုးတက်အောင် လုပ်ပေးနေတယ်ဆိုတာ သတိရပါ။ သူတို့နဲ့ ထိတ်တိုက်ရင်ဆိုင်လိုက်ပါ။ သင့်ကို အသုံးချဖို့ ကြိုးစားလာတဲ့သူတွေကို မှတ်ထားပါ။ သင့်အရည်အချင်းနဲ့ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရင်ဆိုင်လိုက်ပါ။