မိန်းကလေးတော်တော်များများဟာ အလှပြင်ပြီဆိုထဲကိုက မျက်တောင်ကော့ကြတာများပါတယ်။ ဒီလိုမျက်တောင်ကော့တဲ့အခါမှာ မျက်တောင်လေးပိုရှည်သွားအောင်၊ ပိုလှသွားအောင် လုပ်လို့ရမယ့်နည်းလေးတွေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်တောင်ကော့တဲ့အခါမှာ အများစုကအပေါ်မျက်တောင်တွေကိုပဲ ကော့လေ့ရှိကြပါတယ်။ ပြီးပြည့်စုံပြီး လှပတဲ့မျက်တောင်လေးတွေကိုပိုင်ဆိုင်ချင်ရင်တော့ အောက်မျက်တောင်တွေကိုပါ ကော့ပေးရပါမယ်။ အောက်မျက်တောင်ကိုကော့တဲ့အခါမှာတော့ Fan Brush မှာ Mascara ကိုသုတ်ပြီး အဲ့ Fan Brush လေးနဲ့ အောက်မျက်တောင်ကော့ပေးပါ။ ဒါကပိုပြီးလှပစေပါတယ်။

Source: www.blog.makeupdesignory.com

မျက်တောင်ကော့တဲ့အခါမှာ အခန့်မသင့်ရင် မျက်ခွံပေါ်မှာ Mascara ပေသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် မျက်တောင်ကော့တောမယ်ဆိုရင် ကတ်ထူစက္ကူ (သို့) တစ်ခုခုခံပြီးမှ Mascara နဲ့ကော့ပါ။ ဒါဆိုရင်တော့ Mascara တွေလည်းမပေကျံတော့ဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ လှနေမှာပါ။

Source: www.aliandrake.com

မျက်တောင်ကို အရမ်းကော့နေတာမျိုးလိုချင်ရင်တော့ မျက်တောင်ကော့တဲ့အတံလေးမှာ Mascara နည်းနည်းသုတ်ပြီး Dryer မှုတ်လိုက်ပါ။ ဒီလိုလုပ်ပြီးမှ မျက်တောင်ကော့မယ်ဆိုရင်တော့ ပုံမှန်ထက်အရမ်းကော့နေမယ့် မျက်တောင်လေးတွေကို ရရှိစေမှာပါ။

Source: www.superdrug.com

အရမ်းလှပြီး ဆွဲဆောင်မှုရှိတဲ့မျက်တောင်လေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မျက်တောင်တုသာတပ်ပါ။ မျက်တောင်တုတပ်တဲ့အခါမှာလည်း Heavy ဖြစ်လွန်းတဲ့အထူကြီးတွေ မတပ်ပါနဲ့။ ပါးပါးရှည်ရှည်လေးတွေပဲတပ်ပေးပါ။ မျက်တောင်ကရှည်လေလှလေပဲနော်။ သတိထားရမှာက မျက်တောင်တုတပ်ပြီဆိုထဲက အောက်မျက်တောင်လေးတွေမှာပါ တပ်ပေးပါ။ အောက်မျက်တောင်တက်ထားတာနဲ့ မတပ်ထားတာဟာ အရမ်းသိသာပါတယ်။

Source: www.rd.com