မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အပြင်သွားမယ့်အချိန်ရောက်လာတိုင်း ဘာဝတ်ရမလဲ တွေးရတာက အလုပ်တစ်ခုပါပဲ။ အခုနောက်ပိုင်း မိန်းကလေးတွေကြား အဝတ်များလာတာကတော့ စကပ်တိုတိုလေးတွေ ဘောင်းဘီတိုတိုလေးတွေပါ။ တချို့ကောင်မလေးတွေဆိုရင် စကပ်အတိုဝတ်မှ စတိုင်ကျတယ်လို့ အတွေးမှားတွေတောင် ဝင်နေတတ်ပါတယ်။

ဒူးနေရာ မည်းနေတဲ့ပျိုမေတွေ၊ ခြေသလုံးမှာ အမာရွတ်ရှိနေတဲ့ပျိုမေတွေနဲ့ အိမ်က မဝတ်ခိုင်းလို့ အတိုမဝတ်ရတဲ့ ပျိုမေတို့အတွက် ရည်ရွယ်ပြီး ဒူးဖုံးစကပ်လေးနဲ့ စတိုင်ကျကျလှပနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အပေါ်က ပုံလေးတွေကြည့်တဲ့အချိန် သူများတွေဝတ်ရင်လှတယ်။ ငါဝတ်ရင် မလှဘူးလို့ ပြောမယ့်ပျိုမေတွေရှိပါတယ်။ ဒီအတွက် အကြံပေးလိုတာက ဖက်ရှင်ကျချင်ရင် ကိုယ့်ရဲ့ အဝတ်အစားအပြင် ဆံပင်ကိုပါ ဂရုစိုက်ရပါမယ်။ ပြီးတော့ ဖိနပ်ပါ။ ကိုယ်ဝတ်တဲ့အင်္ကျီနဲ့ ဖိနပ်ကလည်း လိုက်ဖက်ရပါမယ်။ ကိုယ့်ရဲ့ မိတ်ကပ်ပြင်ဆင်ပုံကလည်း သဘာဝကျကျလေးနဲ့ လှနေရပါမယ်။ အိတ်လွယ်ခဲ့ရင်လည်း ကိုယ့်ဝတ်စားပုံနဲ့ လိုက်ဖက်တာမျိုး ဖြစ်သင့်ပါတယ်။ အောက်မှာပြထားတဲ့ ပုံတွေကို ထပ်ကြည့်ပြီး သင်သဘောပေါက်သွားမှာပါ။

Photo Source: Pinterest

By MyStyle Myanmar