လူတိုင်းလူတိုင်း နေ့စဉ်ဘဝတွေမှာ မိုဘိုင်းဖုန်းက မပါမဖြစ် ဖြစ်လာပြီးတော့ အခုနောက်ပိုင်း Social Media တွေ၊ Internet Online Games တွေကလည်း စွဲမက်ဖွယ်ဖြစ်လာတော့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့နှုန်းက အရမ်းကို မြင့်တက်လာနေတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက လက်ရှိအချိန်မှာ WiFi Service ကို နေရာအနှံ့ ဈေးသက်သက်သာသာနဲ့ မပေးနိုင်သေးတဲ့အတွက် အင်တာနက်ကို ဖုန်းရဲ့ Mobile Data နဲ့ပဲ အသုံးပြုမှုများပြားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အင်တာနက်သုံးတဲ့အချိန်မှာ ဈေးနှုန်းအသက်သာဆုံးဖြစ်မယ့် Mobile Operator ကို ရွေးချယ်ဖို့ လိုအပ်လာပါတယ်။

ဘာဖြစ်လို့ အင်တာနက် နဲ့ Facebook လိုမျိုး Social Media ကို အသုံးမပြုတဲ့သူ အခုအချိန်မှာ အလွန်ရှားပါးနေတယ်လို့ပြောလို့ရနေပါပြီ။ ပုံမှန်လူအများစုကလည်း Operator တွေက ပေးနေတဲ့ မျိုးစုံသော Internet Plan တွေနဲ့ ဈေးနှုန်းတွေကြားမှာ ဘာကိုရွေးချယ်ရမှန်းမသိဖြစ်နေတတ်ကြပါတယ်။ အဲ့ဒီအတွက် အများစုက ဒီအတိုင်း ဖုန်းဘေပဲဖြည့်လိုက်ပြီးတော့ အင်တာနက်ရော၊ ဖုန်းပြောတာရောကို အစီအစဉ်တွေ ဝယ်ယူတာထက် ပုံမှန်အတိုင်းပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ပျှမ်းမျှ သာမန် Facebook ကြည့်၊ ဖုန်းပြောတတ်တဲ့ လူတယောက်ဟာ တစ်ရက်ကို Mobile Data အနေနဲ့ 100MB လောက် အသုံးပြုလေ့ရှိပြီးတော့ ဒါက Facebook မှာ ရုပ်ရှင်ကြည့်တာတွေမပါဝင်သေးပါဘူး။ အဲ့တော့ သာမန်လူတစ်ယောက်က အမြဲတမ်း တစ်နေ့ကို ဖုန်းဘေ ၁၀၀၀ ကျပ်ဝန်းကျင် ကုန်ကျနေတာပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အင်တာနက်ကောက်ခံမှုနည်းပါးတဲ့ Operator ကိုပြောင်းလဲပြီး အသုံးပြုလိုက်မယ်ဆိုရင် ဒါက ဖုန်းဘေအသုံးပြုမှုစရိတ်ကို ပိုပြီးလျော့နည်းစေမှာပါ။

အနည်းငယ် နားလည်လွယ်အောင် ဥပမာတစ်ခုနဲ့ တွက်ပြသွားပါမယ်။ ပုံမှန် 300MB File Size ရှိတဲ့ ရုပ်ရှင်တစ်ခုကို လက်ရှိ Operator အများစုကောက်ခံနေတဲ့ 1MB ကို ၈ ကျပ်ကောက်ခံနေတဲ့ နှုန်းနဲ့ Download ဆွဲမယ်ဆိုရင် ဖုန်းဘေ ၂၄၀၀ ကုန်မှာပါ။ ဒါပေမယ့် 1MB ကို ၅ ကျပ်ပဲ ကောက်ခံနေတဲ့ SIM Card နဲ့ ပြောင်းပြီး Download ဆွဲမယ်ဆိုရင် ၂၄၀၀ အစား ၁၅၀၀ ပဲကုန်တော့မှာဖြစ်ပါတယ်။ ဒါက 300MB အသုံးပြုမှုမှာတင် ဖုန်းဘေ ၉၀၀ ပိုပြီး သက်သာစေတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီထက်ပိုသုံးဖြစ်တယ်ဆိုရင်လည်း အခုထက်ပိုပြီး သက်သာသွားဦးမှာပါ။ အဲ့ဒီတော့ ရုတ်တရက်ကြည့်လိုက်ရင် ၂ ကျပ်၊ ၃ ကျပ်လောက်ပဲကွာတယ်ဆိုပေမယ့် တကယ်တမ်း အသုံးပြုတဲ့အချိန်မှာ သိသာလာမှာဖြစ်ပါတယ်။ ဒါက ရုပ်ရှင်တွေ ကြည့်တာ၊ Download လုပ်တာတွေတင်မကပဲ အွန်လိုင်းဂိမ်းတွေဆော့တာ၊ သီချင်းတွေကို အွန်လိုင်းကနေ နားထောင်တာတွေမှာပါ ပိုပြီး သက်သာလာဖြစ်ပါတယ်။

အဲ့ဒီတော့ လက်ရှိအချိန်မှာ Ooredoo Myanmar ကပဲ 1MB ကို ၅ ကျပ်ပဲ ကောက်ခံနေတဲ့ ဖလန်းဖလန်းအင်တာနက်အစီအစဉ်ကို ပြုလုပ်နေတာဖြစ်ပါတယ်။ Ooredoo ကလည်း မြန်မာနိုင်ငံမှာ အရင်ဆုံး 4G Network ကို ဝန်ဆောင်မှုပေးခဲ့တဲ့ Operator ဖြစ်တော့ အမြန်နှုန်းလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ တကယ်လို့ ကိုယ့်မှာ Ooredoo SIM Card ရှိတယ်ဆိုရင် *555# ကို ခေါ်ဆိုလိုက်တာနဲ့ ဖလန်းဖလန်းအင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ Ooredoo SIM Card မရှိဘူးဆိုရင်လည်း အခုဖုန်းတွေအကုန်လုံးက Dual SIM ဖုန်းတွေဆိုတော့ အခုနက တွက်ပြသလိုပဲ ဖုန်းဘေက ကိုယ်သုံးသလောက် သက်သာသွားတယ်ဆိုတော့ ကိုယ်အဓိကသုံးနေတဲ့ SIM Card က Ooredoo မဟုတ်ရင်လည်း နောက် SIM Card ကို Ooredoo SIM Card ပြောင်းပြီး သုံးစွဲတာက ဖုန်းဘေကို အနည်းနဲ့အများချွေတာနိုင်ကြမှာဖြစ်ပါတယ်။

Dial *555# Now to Subscribe