ပါတီပွဲတစ်ခုအောင်အောင်မြင်မြင်ဖြစ်မြောက်ဖို့ဆိုတာ တကယ်တော့မလွယ်ပါဘူး။ ပွဲအစကနေအဆုံးအထိ အစစအရာရာပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ ပါတီတစ်ပွဲဖြစ်ဖို့ အဆင့်ဆင့်စီစဉ်ရတာပါ။ လူတွေအများကြီးနဲ့ ငွေကြေးအကုန်အကျခံ စီစဉ်လိုက်ပေမယ့်လည်း ပျော်စရာကောင်းချင်မှကောင်းတာပါ။

ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ချစ်ရခင်ရတဲ့ မိသားစု ၊ မိတ်ဆွေအပေါင်းအသင်းအနည်းငယ်နဲ့ပဲ ပါတီပွဲသေးသေးလေးတစ်ခု ဖန်တီးချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။

(၁) ပါတီလုပ်မယ့်နေရာကြိုစဉ်းစားပါ

Source : Times of India

ပါတီတစ်ခုလုပ်တော့မယ်ဆို နေရာကအရေးကြီးပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူ ဘယ်ကိုသွားချင်လဲ စဉ်းစားပါ။ ပန်းခြံလား ဒါမှမဟုတ် တိုက်ခန်းမှာပဲ ပါတီလုပ်မှာလာစဉ်းစားပါး။ ပြီးရင် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ သူတို့ သွားချင်တဲ့ နေရာတွေ မေးပါ။

(၂) ခွင့်ပြုချက်ယူပါ

Source : Events High

တိုက်ခန်းမှာ ပါတီလုပ်မယ်ဆိုရင် မိဘ၊ သူငယ်ချင်း စသဖြင့် အတူတူနေနေတဲ့သူတွေဆီကနေ့ ပါတီပွဲမစီစဉ်ခင် ခွင့်ပြုချက်တောင်းပါ။ သူ့တို့ရဲ့ privacy ကိုလေးစားရပါမယ်။ တကယ်လို့ သူတို့က တိုက်ခန်းမှာ ပါတီလုပ်ဖို့ သဘောမကျဘူးဆိုရင် တခြားနေရာရွှေ့လိုက်ပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ။

(၃) သတင်းအတိအကျပေးထားပါ

Source : Royal Windsor Racecourse

သူငယ်ချင်းတွေကို ပါတီပွဲစဖိတ်ကတည်းက ဘယ်လိုပါတီ လူဘယ်လောက်ပဲ လာမယ်ဆိုတာ ကြိုပြောထားပါ။ ပါတီမှာဘာတွေလုပ်မယ်၊ ဘာတွေယူလာရမလဲ ဆိုတာ အကျဉ်းချုပ်ပြောပြထားပေးပါ။ပါတီကျင်းပမယ့် နေရာနဲ့ ဘယ်လိုလာရမလဲဆိုတာတွေကိုလည်းတခါတည်း သတင်းပေးထားပါ။ အချိန်နာရီတွေကိုလည်းဖိတ်တဲ့အထဲမှာ ထည့်ဖို့မမေ့ပါနဲ့။ နောက်တချက်ကတော့ ဒီပါတီပွဲကို ဘာကြောင့်လုပ်ရတယ် ဘယ်သူ့အတွက် လုပ်ပေးတယ်ဆိုတာကိုပါ ပြောပြထားပေးပါ။

(၄) အစားအသောက်တွေစီစဉ်ထားပါ

Source : Worcester Racecourse

လူတိုင်းစားသောက်နိုင်ဖို့အတွက် အစားအသောက်တွေ လုံလုံလောက်လောက် ရှိပါစေ။ ရိုးရှင်းတဲ့ အစားအသောက်တွေ ဥပမာ ကိက်၊ ဘီစကစ်၊ လက်ဖက်ရည် သို့ ဘီယာ စသည်ဖြင့် ပါတီနဲ့ လိုက်ဖက်မယ့် အရာတွေကို စီစဉ်ထားပါ။ တခုသတိထားရမှာက အသားမစားတဲ့သူတွေပါတတ်ပါတယ်။ အဲ့ဒီလိုလူမျိုးတွေအတွက်လည်း အသီးအရွတ်အနည်းအငယ်ပါ သီးသန့်စီစဉ်ထားပါ။

(၅) ဖျော်ဖြေရေး

Source : Klikk Out

ပါတီငယ်လေးတွေအတွတ် ဈေးသက်သာတဲ့ ဖျောဖြေရေးတွေပဲ သုံးပါ။ ကိုယ်ပိုင်ဂိမ်းတွေ၊ အစီအစဉ်တွေ ကစားစရာတွေ စီစဉ်ထားပါ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ DJ သမားတွေပါရင် အကူအညီတောင်းပါ။ အပြင်က DJ သမားတွေတော့ မငှားပါနဲ့။ ဈေးကြီးလို့ပါ။ ဖြစ်နိုင်ရင်တော့ သီချင်းပဲဖွင့်တာကောင်းပါတယ်။

အရမ်းကြီးဆူညံနေရင် ဘေးပက်ဝန်းကျင် အနှောက်အယှက် ဖြစ်စေတဲ့အတွက်ကြောင့် ဖျော်ဖြေရေးဖက်ကို အရမ်းဦးစားမပေးဖို့ အကြံပေးပါရစေ။