[Zawgyi]

လူတိုင္းမွာ စိတ္ညစ္စရာ၊ စိတ္ရွဳပ္စရာကိစၥေတြဆိုတာ မၾကာခဏဆိုသလိုရွိေနတတ္ပါတယ္။ ဒီလိုမ်ိဳးေတြရွိလာခဲ့ၿပီဆိုရင္လည္း အေကာင္းဆံုးနည္းလမ္းနဲ႔ ျပန္လည္ေျဖရွင္းတတ္ဖို႔ကလည္း အေရးႀကီးလြန္းပါတယ္။

စိတ္ညစ္စရာေတြဆိုတာ ေခါင္းထဲၾကာၾကာထည့္ထားေလ ကိုယ့္အတြက္နစ္နာမႈေတြ ပိုမ်ားလာေလျဖစ္တာေၾကာင့္ စိတ္ညစ္စရာေတြရွိေနတဲ့ လူငယ္ေတြအတြက္ေျဖရွင္းရမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

မနက္ေစာေစာထပါ

ေစာေစာမထတတ္တဲ့သူတစ္ေယာက္ဆိုရင္လည္း ေစာေစာထႏိုင္ေအာင္ ႀကိဳးစားပါ။ မနက္ပိုင္းေစာေစာအိပ္ရာထတာက စိတ္ကိုၾကည္လင္လန္းဆန္းေစၿပီး ဖိစီးေနတဲ့စိတ္ေတြကိုလည္း ေလ်ာ့နည္းသြားေစမွာပါ။ မနက္ပိုင္းမွာ ေစာေစာထေလ့က်င့္ခန္းေလးလုပ္ၿပီး စိတ္ညစ္စရာကိစၥေတြကို ေမ႔ႏိုင္သေလာက္ေမ႔ထားလိုက္ပါ။

မေကာင္းတဲ့ Relationship တစ္ခုကေနရုန္းထြက္လိုက္ပါ

Relationship ဆိုတာအခ်စ္ေရးတစ္ခုထဲကို ဆိုလိုတာမ်ိဳးမဟုတ္ပါဘူး။ သူငယ္ခ်င္းေတြကလည္း ပါဝင္ေနတာဆိုေတာ့ ကိုယ့္အတြက္အရမ္းကို စိတ္ရွဳပ္စရာေကာင္းေနမယ္၊ ကိုယ့္ကိုမေကာင္းႀကံေနတာမ်ိဳးေတြ ရွိေနမယ္ဆိုရင္ေတာ့ လက္လႊတ္လိုက္တာက အေကာင္းဆံုးပဲျဖစ္ပါတယ္ေနာ္။

က်န္းမာေရးနဲ႔ကိုက္ညီတာမ်ိဳးေတြကိုစားေပးပါ

စိတ္ညစ္ေနတဲ့အခ်ိန္မွာ အစားမ်ားမ်ားစားေပးတာက စိတ္ညစ္စရာေတြကိုေပ်ာက္ကင္းေစႏိုင္တယ္လို႔လည္း သိရပါတယ္။ မ်ားမ်ားစားမယ္ဆိုရင္လည္း က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားစာမ်ိဳးေတြကို ေရြးခ်ယ္ၿပီးစားသံုးႏိုင္မွအဆင္ေျပမွာပါေနာ္။ စိတ္ညစ္စရာေတြရွိလာခဲ့ရင္ သူငယ္ခ်င္းေတြစုၿပီး အိမ္မွာပဲမုန္႔ေတြလုပ္စားတာမ်ိဳးကလည္း စိတ္ညစ္စရာေတြကို ေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။

စာအုပ္ေတြဖတ္ေပးပါ

စိတ္ေတြညစ္ၿပီး ဘာမွလုပ္စရာမရွိတဲ့အခ်ိန္မွာ စိတ္ဝင္စားစရာေကာင္းမယ့္ စာအုပ္ေလးတစ္အုပ္ကို ေအးေဆးတဲ့ေနရာေလးမွာ ထိုင္ၿပီးေတာ့ဖတ္ေနလိုက္မယ္ဆိုရင္ စိတ္ညစ္စရာေတြကို ေလ်ာ့နည္းသြားေစမွာပါ။

Photo Source: Pinterest

[Unicode]

လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကိစ္စတွေဆိုတာ မကြာခဏဆိုသလိုရှိနေတတ်ပါတယ်။ ဒီလိုမျိုးတွေရှိလာခဲ့ပြီဆိုရင်လည်း အကောင်းဆုံးနည်းလမ်းနဲ့ ပြန်လည်ဖြေရှင်းတတ်ဖို့ကလည်း အရေးကြီးလွန်းပါတယ်။

စိတ်ညစ်စရာတွေဆိုတာ ခေါင်းထဲကြာကြာထည့်ထားလေ ကိုယ့်အတွက်နစ်နာမှုတွေ ပိုများလာလေဖြစ်တာကြောင့် စိတ်ညစ်စရာတွေရှိနေတဲ့ လူငယ်တွေအတွက်ဖြေရှင်းရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မနက်စောစောထပါ

စောစောမထတတ်တဲ့သူတစ်ယောက်ဆိုရင်လည်း စောစောထနိုင်အောင် ကြိုးစားပါ။ မနက်ပိုင်းစောစောအိပ်ရာထတာက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ဖိစီးနေတဲ့စိတ်တွေကိုလည်း လျော့နည်းသွားစေမှာပါ။ မနက်ပိုင်းမှာ စောစောထလေ့ကျင့်ခန်းလေးလုပ်ပြီး စိတ်ညစ်စရာကိစ္စတွေကို မေ့နိုင်သလောက်မေ့ထားလိုက်ပါ။

မကောင်းတဲ့ Relationship တစ်ခုကနေရုန်းထွက်လိုက်ပါ

Relationship ဆိုတာအချစ်ရေးတစ်ခုထဲကို ဆိုလိုတာမျိုးမဟုတ်ပါဘူး။ သူငယ်ချင်းတွေကလည်း ပါဝင်နေတာဆိုတော့ ကိုယ့်အတွက်အရမ်းကို စိတ်ရှုပ်စရာကောင်းနေမယ်၊ ကိုယ့်ကိုမကောင်းကြံနေတာမျိုးတွေ ရှိနေမယ်ဆိုရင်တော့ လက်လွှတ်လိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်နော်။

ကျန်းမာရေးနဲ့ကိုက်ညီတာမျိုးတွေကိုစားပေးပါ

စိတ်ညစ်နေတဲ့အချိန်မှာ အစားများများစားပေးတာက စိတ်ညစ်စရာတွေကိုပျောက်ကင်းစေနိုင်တယ်လို့လည်း သိရပါတယ်။ များများစားမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားစာမျိုးတွေကို ရွေးချယ်ပြီးစားသုံးနိုင်မှအဆင်ပြေမှာပါနော်။ စိတ်ညစ်စရာတွေရှိလာခဲ့ရင် သူငယ်ချင်းတွေစုပြီး အိမ်မှာပဲမုန့်တွေလုပ်စားတာမျိုးကလည်း စိတ်ညစ်စရာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

စာအုပ်တွေဖတ်ပေးပါ

စိတ်တွေညစ်ပြီး ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းမယ့် စာအုပ်လေးတစ်အုပ်ကို အေးဆေးတဲ့နေရာလေးမှာ ထိုင်ပြီးတော့ဖတ်နေလိုက်မယ်ဆိုရင် စိတ်ညစ်စရာတွေကို လျော့နည်းသွားစေမှာပါ။

Photo Source: Pinterest