မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဝက်ခြံက လှချင်တဲ့ ပျိုမေတို့ကို ဒုက္ခပေးတယ်နော်။ အထူးသဖြင့် အပြင်သွားခါနီး၊ ပွဲသွားခါနီး၊ ချစ်သူကောင်လေးနဲ့ ပထမဆုံး ဒိတ်တဲ့နေ့တွေမှာ ဝက်ခြံတွေလည်း သင်နဲ့တူတူ သူငယ်ချင်းအနေနဲ့ အဖော်လိုက်တတ်တယ်မလား။ မိန်းကလေးအများစုမှာ ဒီပြဿနာတွေကြုံရပါတယ်။ အိမ်မှာ အေးဆေးနေတဲ့အချိန်ဆို အဲ့ဝက်ခြံမထွက်တတ်ဘူး။

တစ်ခုခုအရေးကြီးတာရှိရင် ဒင်းတို့ထွက်လာပြီ။ တော်တော် ဒေါသထွက်စရာပဲနော်။ ဒီလိုဝက်ခြံထွက်ရတာက အရွယ်ရောက်လာတဲ့သူတိုင်းမှာ ကြုံရတဲ့ ရုတ်တရက် ဝက်ခြံထွက်ခြင်းလို့ခေါ်ပါတယ်။ ဒီလိုထွက်လာတတ်တဲ့ ဝက်ခြံတွေက ဘာကြောင့်ထွက်တာလဲ။ ဒီလိုထွက်မလာဖို့ ဘယ်လိုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်။

၁။ စိတ်ဖိစီးမှု

သင်သတိထားမိမှာပါ။ ဝက်ခြံတွေက အဆိုးဆုံးအချိန်တွေဆို ထွက်လာတတ်တယ်။ ဥပမာ သင်က Presentation တစ်ခုလုပ်ရမယ့်အချိန် ဝက်ခြံထွက်လာပါပြီ။ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခုလုပ်ရမယ့်အချိန်ဆိုရင် ဝက်ခြံက ရှေ့က ဦးဆောင်ထွက်နေတတ်ပြီ။

ဒါတွေဟာ စိတ်ဖီးစီးမှုများလို့ ဝက်ခြံထွက်လာတာပါ။ သိပ္ပံပညာရှင်တွေက အတွင်းစိတ်မှာဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ ဝက်ခြံထွက်ခြင်းက ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

Source: Embibe

ဒါ့အပြင် စိတ်ဖိစီးမှုက သင့်ရဲ့အိပ်ချိန်မမှန်တာတွေ သရေစာပိုစားမိတာတွေကို တိုက်ရိုက်နည်းနဲ့မဟုတ်ဘဲ သက်ရောက်မှုရှိနေပါတယ်။ အိပ်ချိန်မမှန်တာနဲ့ သရေစာက ဝက်ခြံထွက်ဖို့ အားပေးနေတဲ့အရာတွေပါ။ စိတ်ဖိစီးတာက သင့်ရဲ့ အဆီဂလင်းတွေကို လှုံ့ဆော်ပေးပြီး အဆီပိုထွက်စေပါတယ်။ ဒါကပဲ ဝက်ခြံကို ထွက်စေတာပါ။ ဒါကြောင့် ပြောရတာက လွယ်ပေမယ့် တကယ်လုပ်ဖို့ခက်တဲ့ စိတ်ဖိစီးမှုလျှော့ချခြင်းကို အထူးဂရုစိုက်ပြုလုပ်ပေးရပါမယ်။ တရားထိုင်ပေးတာ အားကစားလုပ်ပေးတာတွေက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ အကြံပေးလိုတာက အပြင်သွားခါနီးဆို စိတ်မလှုပ်ရှားဘဲ စိတ်ထဲဘာမှမထားဘဲ ပုံမှန်အတိုင်းသာ နေသင့်ပါတယ်နော်။

၂။ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်

နေရာအသစ်ကို ပြောင်းလဲရတာကလည်း ဝက်ခြံရုတ်တရက်ဖြစ်ခြင်းမှာ ပါဝင်ပါတယ်။ ဥပမာ အလုပ်သစ်ပြောင်းရတာမျိုး၊ အတန်းသစ်ပြောင်းရတာမျိုးပါ။

နေရာအသစ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေတွေးမိပြီး စိုးရိမ်လာတာ၊ စိတ်ပူတာတွေက ဝက်ခြံကို လှုံ့ဆော်ပေးတာနဲ့တူပါတယ်။

Source: Return Of Kings

နေရာအသစ်က သန့်ရှင်းမှုမရှိတာကလည်း ဝက်ခြံဖြစ်ရခြင်းအကြောင်းအရင်းပါပဲ။ လေထုထဲမှာ ရေခိုးရေငွေ့များတာကလည်း ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် မိုးရာသီနဲ့ နွေရာသီမှာ ဝက်ခြံဖြစ်တာများပါတယ်။

၃။ စားသောက်ပုံမမှန်လို့

Source: Shutterstock.com

သင်က အချိုကြိုက်သူ၊ သရေစာစားနေကျသူဆိုရင်တော့ ဝက်ခြံထွက်တာမဆန်းပါဘူး။ အသင့်စားအစားအသောက်တွေက Glycemic ညွှန်းကိန်းကို တက်စေပြီး ဝက်ခြံကိုပိုဆိုးစေပါတယ်။

ဒါကြောင့်အပြင်သွားမယ့်ရက်နီးတိုင်း အချိုလျှော့စားပေးပါ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကို ပိုစားပေးပါ။

၎။ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေ

Source: Allure

အပြင်သွားမယ့်ရက်နီးမှ သင်သုံးနေကျ Skin care မဟုတ်ဘဲ Skin care အမျိုးအစားသစ်ပြောင်းလိုက်ရင်တော့ ဒါဟာ ဝက်ခြံတွေအတွက် အခွင့်ကောင်းပါပဲ။

Skin Care Product အများစုက ချွေးပေါက်ပိတ်စေတဲ့ အာနိသင်ပါဝင်ပါတယ်။ ဒါတွေက ရေဓာတ်ဖြည့်ပေးတဲ့ Moisturizer တွေ တိုနာတွေနဲ့ နေလောင်ကာခရင်တွေပါ။

တချို့ Product တွေကျတော့ မျက်နှာခြောက်သွေ့သွားစေပြီး ဝက်ခြံထွက်လာပြန်ပါတယ်။ ဒါကြောင့် ဒီပြဿနာအတွက် ကုထုံးကတော့ အသားအရေတိုင်းနဲ့ သင့်တော်တယ်လို့ ရည်ရွယ်ထားတဲ့ Skin Care မျိုးကိုသုံးပါ။ သင့်အရေပြားက ထွက်နေကျအဆီတွေကို မပါသွားစေမယ့် Skin Care ကို သုံးရပါမယ်။

ရုတ်တရက်ဝက်ခြံထွက်ခြင်းကို ကာကွယ်နိုင်မယ့်အကြံပေးချက်(၃)ချက်

၁။ သင့်မျက်နှာကို ပုံမှန်သန့်စင်ပေးပါ

Source: NDTV Food

မျက်နှာမသစ်ဘဲ အိပ်ရာထဲတန်းဝင်တာမျိုးမလုပ်ပါနဲ့။ Facial cleanser ကို သုံးပြီး မျက်နှာသစ်ပါ။ ဒါပြီးတာနဲ့ Moisturizer လိမ်းပေးပါ။

၂။ မျက်နှာချေးချွတ်ပါ

Source: Women’s Health

တစ်ပတ်မှာနှစ်ကြိမ် Scrub နဲ့ ညင်သာစွာချေးချွတ်ပေးပါ။ ဒီလိုလုပ်ပေးတာက သင့်အရေပြားပေါက်တွေကို ပိတ်စေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။ ဒီဆဲလ်သေတွေက ဝက်ခြံထွက်စေလို့ပါ။

၃။ Salicylic Acid ကိုသုံးပါ

Source: SkinStore

ဝက်ခြံအမြန်ပျောက်အောင် Salicylic Acid ကိုသုံးပါ။ ဒီ Acid က သင့်အရေပြားကို ချေးချွတ်ပေးပြီး ချွေးပေါက်ပိတ်နေတာကို ပွင့်သွားစေပါတယ်။

တကယ်လို့ ဒီနည်းတွေနဲ့ ကြိုတင်ကာကွယ်လို့မရရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်တာက သင့်တော်ပါတယ်။

By MyStyle Myanmar