ဂျင်းအကျပ်များကို ဝတ်ရတာ စိတ်ကုန်လာပြီဆိုတဲ့သူတို့အတွက် Baggy ဂျင်း ဖက်ရှင်များဖြင့် အစားထိုး ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။

Baggy ဂျင်း ဖက်ရှင် ဆိုတာကတော့ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဝတ်ဆင်နိုင်မယ့် ဂျင်းအပွ ဖက်ရှင်တွေပဲဖြစ်ပါတယ်။

အရမ်းပွယောင်းလွန်းတာမျိုးမဟုတ်ဘဲ မပွတပွဖက်ရှင်မျိုးဖြစ်ပါတယ်။ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်ကြား အင်မတန်ရေပန်းစားကာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။

သို့သော် ယနေ့ခေတ်မှာတော့ ထိုဖက်ရှင်ရေစီးကြောင်းက တကျော့ပြန်လည်ခေတ်စားလာသည်နှင့်အမျှ လူငယ်တွေအကြား ဂျင်းအပွ ဖက်ရှင်လေးက တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပြန်ပါပြီ။

ဂျင်းအပွဖက်ရှင်တွေကို ဘယ်လိုစတိုင်လ်ကျကျ ဝတ်ဆင်နိုင်မလဲဆိုတာ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကနေတဆင့် လေ့လာကြည့်ရှုနိုင်ပါတယ်။

အလန်းစား Crop Top တွေနဲ့ တွဲဝတ်ပါ

ဒီဖက်ရှင်လေးကတော့ ယခုနှစ်အတွင်း ခေတ်စားနေတဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာပါ။

အိတ်ကပ်များများပါတဲ့ ဂျင်းအပွဖက်ရှင်

ဖက်ရှင်စတိုင်လ်အသစ်တစ်မျိုး ဖန်တီးချင်တဲ့သူတို့အတွက်တော့ ဒီဖက်ရှင်မျိုးကို စမ်းကြည့်သင့်ပါတယ်။

Cardigans နဲ့ ယခုလိုတွဲဝတ်ပါ

Cardigans တစ်ထည်တည်းနဲ့ ယခုလို ရှိုးထုတ်နိုင်ပါသေးတယ်။

ဂျင်းဂျက်ကတ်

ခပ်မိုက်မိုက်စတိုင်ကြိုက်တဲ့သူတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ပါတယ်။

အင်္ကျီအကွက်နဲ့ တွဲဝတ်ပါ

ချည်သားအင်္ကျီအကွက်တွေကတော့ ဘယ်တော့မှရိုးမသွားနိုင်တဲ့ ဖက်ရှင်တစ်မျိုးပါပဲ။

Sweatshirt နဲ့ တွဲဝတ်ထားတဲ့ဖက်ရှင်

Sweatshirt ဖက်ရှင်များသည် လူငယ် လူရွယ်များကို ပိုမိုငယ်ရွယ်သွားစေကာ ကြည့်ကောင်းနေစေမယ့် ဖက်ရှင်တစ်ခုဖြစ်ပါတယ်။

Graphic Tee နဲ့ ဂျက်ကတ်ဖက်ရှင်

ပူအိုက်တဲ့နေ့တွေမှာ Graphic Tee တစ်ထည်တည်းနဲ့ ရှိုးထုတ်နိုင်ပါတယ်။

Image Source: Pinterest