အားလုံးပဲ မင်္ဂလာပါ၊ Goblin ဇာတ်ကားထဲက ချစ်စရာကောင်းတဲ့ ကိုရီးယားမင်းသမီးလေးကို မှတ်မိကြသေးတယ်မလား။ မျက်လုံးမှေးမှေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးပေါ့။ မျက်လုံးမှေးတာကပဲ သူမရဲ့ ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေတာပါ။ သူမကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၂ ရက်နေ့မှာ မွေးတာဆိုတော့ အခုဆိုရင်ပဲ အသက် ၂၇ နှစ်ရှိနေပါပြီ။

၁၉၉၄ ခုနှစ်၊ သူမ အသက် ၃ နှစ်မှာ သူတို့ တစ်မိသားစုလုံးက တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ ကို ပြောင်းရွေ့ သွားခဲ့ပြီး အဲ့ဒီမှာ ၁၀ နှစ်ကျော်လောက် နေထိုင်ခဲ့ကြတာပါ။ သူမက စူးစမ်းလိုစိတ်ရှိပြီး သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ အခြားသူတွေက သူမကို လွှမ်းမိုးချုပ်ကိုင်တာကိုလည်း လွယ်လွယ်နဲ့ လက်ခံလေ့မရှိတဲ့သူတစ်ယောက်ပါ။

သူမက ၂၀၁၂ ခုနှစ်မှာ A Muse ဆိုတဲ့ ကိုရီးယားကားနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး အဲ့ဒီကားလေးနဲ့ပဲ သရုပ်ဆောင်ဆုတွေ အများအပြားဆွတ်ခူးရရှိခဲ့တာပါ။ Cheese In The Trap ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ Guardian: The Lonely And Great God ဇာတ်လမ်းတွဲလေးကိုလည်း စာဖတ်သူတို့ အသည်းစွဲ ကြိုက်နှစ်သက်ကြမယ်ဆိုတာ ရဲရဲကြီးအာမခံရဲပါတယ်။

သူမရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေကိုလည်း သူမရဲ့ ချစ်ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။

Photo Source: Pinterest.com