Vietjet လေကြောင်းလိုင်းက ရန်ကုန်-ဟနွိုင်းခရီးစဉ်အပါအဝင် ပြည်တွင်းခရီးစဉ်များအားလုံးအတွက် လေယာဉ်လက်မှတ် အစောင်ရေပေါင်း ၄ သိန်းကို သုည ကျပ်နဲ့ (အခွန် နှင့် အခြားအဖိုးအခများမပါ) ဇွန် ၅ ရက်မှ ၇ ရက်ထိ ၃ ရက်ကြာ နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲအတွင်း (မြန်မာစံတော်ချိန်) ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ရုံးပိတ်ရက် မပါဝင်ဘဲ) ခရီးစဉ်တွေအတွက် ဖြစ်ပါတယ်။

အားလပ်ရက်တွေဆိုတာ လူတိုင်းဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝကနေ ခဏတဖြုတ် အနားယူခွင့်ရတဲ့နေ့ရက်တွေဖြစ်ပြီး စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်တာဝန်တွေကနေ လွှတ်မြောက်ဖို့ အားလပ်ရက်တွေ လိုအပ်ပါတယ်။ အားလပ်ရက်မရှိသလောက် နည်းပါးတဲ့ ဘဝဟာ ဘယ်လောက်တောင်မှ စိတ်ဖိစီးမှုတွေများပြီး ထိခိုက်မှု ရှိတတ်သလဲဆိုတာကို လူသားတွေ သတိမမူမိကြပါဘူး။ ပုံမှန်ကျန်းမာလန်းဆန်း တက်ကြွမှုတွေရှိနေဖို့် နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့ နေ့ရက်တွေထဲကနေ ခဏတဖြုတ် ရုန်းထွက်သင့်ပါတယ်။ ဒါမှ နေ့စဉ်ဘ၀ကို ပြန်ရောက်လာတဲ့အခါ အားအင်တွေပြည့်ဝနေမှာပဲ ဖြစ်ပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ အားလပ်ရက်တွေကို ကုန်ဆုံးဖို့အတွက်ဆိုရင် ကမ်းခြေနဲ့ မြို့ပြ နှစ်ခုစလုံးကတော့ သွားရောက်လည်ပတ်လို့ အကောင်းဆုံး နေရာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သာယာလှပတဲ့နေရာတွေက မြန်မာနိုင်ငံမှာတင် ရှိတာမဟုတ်ပါဘူး၊ အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ စာဖတ်သူအချို့ကတော့ မြန်မာနိုင်ငံအနှံ့ လည်ပတ်ဖူးပြီးဖြစ်မှာပါ။ နိုင်ငံအနှံ့ မလည်ပတ်ရသေးတဲ့သူတွေ အနေနဲ့ကလည်း ကိုယ့်နိုင်ငံတွင်းဖြစ်တဲ့အတွက် ဘယ်နေရာကိုမဆို အချိန်မရွေးထသွားလို့ ရပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ဗီယက်နမ်နဲ့ အာရှတဝိုက်မှာရှိတဲ့ လှပတဲ့မြို့တွေကို လည်ပတ်ရန် ရွေးချယ်သင့်တဲ့ အချိန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Vietjet က အခုဆိုရင် သန်းနဲ့ချီတဲ့ လေယာဉ်လက်မှတ်တွေကို သုညကျပ်မှစတင်ပြီး အထူးလျှော့ဈေးနဲ့ ရောင်းချပေးနေပြီမလို့ ဖြစ်ပါတယ်။ အခွင့်အရေးက မျက်စိရှေ့မှာတင်ပဲဆိုတော့ စာဖတ်သူတို့လည်း မိမိ ချစ်သူခင်သူတွေနဲ့အတူ Vietjet ဖြင့် ပျံသန်းရင်း ဟနွိုင်းမြို့မှတဆင့် ဗီယက်နမ်နဲ့ အာရှအနှံ့မှာရှိတဲ့ လှပတဲ့ရှုမျှော်ခင်းတွေကို ကြည့်ရှုခံစားနိုင်မယ့်ဖို့ သွားရောက်လည်ပတ်လို့ရမယ့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရ ဖမ်းဆုပ်လိုက်ပါ။

Vietjet ဖြင့် ပျံသန်းရင်း ဗီယက်နမ်မြို့ရဲ့ လှပတဲ့ကမ်းခြေတစ်နေရာမှာ သင့်ရဲ့ နွေရာသီပိတ်ရက်ကို ထပ်မံခံစားလိုက်ကြရအောင်

သာယာအေးချမ်းမှုကို တောင့်တလိုလားကြတဲ့ ခရီးသွားတွေအနေနဲ့ ရွှန်းစိုတဲ့သဲသောင်ပြင်၊ ပြာလဲ့လဲ့ရေပြင်နဲ့ လှိုင်းလုံးကြီးတွေ ပြည့်နှက်နေတဲ့ ဗီယက်နမ်ရဲ့ လှပတဲ့ကမ်းခြေလေးတွေက သင့်ရဲ့ စိတ်ကို ငြိမ်းချမ်းတည်ငြိမ်စေမှာပဲဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ လှိုင်းပုတ်သံတွေက သင့်ရဲ့ စိတ်ကိုငြိမ်းအေးစေမှာဖြစ်ပြီး ချော့သိပ်နေသလို ခံစားရမှာပါ။ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့တိုင်းပြည်လေးမှာ ခြေဗလာလေးနဲ့ ဖြူလွှလွှသဲသောင်ပြင်လေးမှာ လမ်းလျှောက်နိုင်သလို သလင်းကျောက်လို ကြည်လင်နေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေထဲမှာလည်း ပြေးလွှား ဆော့ကစားနိုင်ပါသေးတယ်။ ဗီယက်နမ်ကမ်းခြေတွေရဲ့ အားသာချက်တစ်ခုကတော့ သူ့ရဲ့ကမ်းခြေတွေက အချက်အချာကျတဲ့ မြို့ကြီးတွေနဲ့ ထိစပ်နေတာကြောင့် မြို့ပြဘဝတစ်လှည့် သာယာလှပတဲ့ ကမ်းခြေတစ်လှည့် အလှည့်ကျ လည်ပတ် ပျော်ရွှင်နိုင်တာပဲဖြစ်ပါတယ်။

ဈေးနှုန်းသက်သက်သာသာနဲ့ ပျံသန်းရင်း အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကိုလည်း အရယူချင်တယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီခွဲ အတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အထိ ပျံသန်းပြေးဆွဲမယ့် လေကြောင်းလိုင်းအပါအဝင် အခြားနိုင်ငံတကာ လေကြောင်းခရီးစဉ်အားလုံးအတွက် အထူးနှုန်းများနဲ့ လေယာဉ်လက်မှတ်တွေကို ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ ပျံသန်းပြေးဆွဲမယ့် ရက်တွေကတော့ ၂၀၁၉ ခုနှစ် သြဂုတ် ၆ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း (ရုံးပိတ်ရက်များမပါ) ပဲဖြစ်ပါတယ်။

လက်မှတ်တွေကိုတော့ Vietjet လေကြောင်းလိုင်းရဲ့ အရောင်းငှာနတွေဖြစ်တဲ့ http://www.vietjetair.com မှာလည်း ဝယ်ယူနိုင်သလို စမတ်ဖုန်းအသုံးပြုသူတွေကလည်း https://m.vietjetair.com (သို့မဟုတ်) ဖေ့ဘုတ်မှတဆင့် ဝယ်ယူချင်သူများအနေနဲ့ http://www.facebook.com/vietjetmyanmar စတဲ့ ဝက်ဘ်ဆိုက်များသို့ သွားရောက်လည်ပတ်ရင် “Booking” ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။

Vietjet ရဲ့ သုညကျပ်လက်မှတ်များကို အခုချက်ချင်းဝယ်ယူလိုက်ရင်း သင့်ရဲ့ နွေရာသီပိတ်ရက်ဗားရှင်းလေးကို ပြသလိုက်ပါ။

Viejet ဖြင့် ပျံသန်းသင့်တဲ့ အကြောင်းအရင်းထဲမှာ အထူးဈေးနှုန်းနဲ့ရောင်းချတဲ့ လက်မှတ်တစ်ခုတည်းအတွက်ကြောင့် မဟုတ်ပဲ လေယာဉ်ပေါ်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ လက်ဆောင်လေးတွေလည်း ရယူရင်း နွေရာသီ သုခဘုံမှာ ပျော်ရွင်စရာ အတွေ့အကြုံများလည်း ခံစားနိုင်မှာကြောင့်လည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လေယာဉ်ပေါ်မှာ စီးနှင်းလိုက်ပါလာကြတဲ့ ခရီးသည်တွေအနေနဲ့ cosplay ၀တ်စုံတွေကို ဝင်ဆင်ရင်း အထူးဆုလက်ဆောင်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ ဗီယက်နမ်တွင် ကျင်းပသွားမယ့် အထူးအစီအစဉ်မှာလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနွေရာသီသုခဘုံပွဲမှာဆိုရင် တမူထူးခြားတဲ့နည်းတွေနဲ့ မတူညီတဲ့ယဉ်ကျေးမှုတွေကို လေ့လာသင်ယူနိုင်မယ့် ပျော်စရာ အတွေ့အကြုံသစ်တွေကို ပေးသွားမှာ ဖြစ်ပါတယ်။

Vietjet နဲ့ ခရီးသွားခြင်းအားဖြင့် ရင်းနှီးဖော်ရွှေပြီး ခင်မင်ဖို့ကောင်းတဲ့ လေယာဉ်အမှုထမ်းတွေက ပေးအပ်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ရယူနိုင်မယ့်အပြင် ဈေးနှုန်းသင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ စုံလင်လှတဲ့ လေယာဉ်လက်မှတ်တွေကိုလည်း ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သက်တောင့်သက်သာရှိတဲ့ လေယာဉ်အသစ်ထိုင်ခုံတွေပေါ်မှာ အရသာကောင်းမွန်တဲ့ ပူပူနွေးနွေး အစားအသောက်တွေကို သုံးဆောင်နိုင်မယ့်အပြင် အခြားသော အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကလည်း သင့်ကို စောင့်ကြိုနေပါသေးတယ်။ အထူးဈေးနှုန်းနဲ့ရောင်းချတဲ့ လက်မှတ်များနဲ့ လေယာဉ်တွင်းဖျော်ဖြေတင်ဆက်မှုတွေကြောင့်လည်း သန်းနဲ့ချီတဲ့ ခရီးသွားဧည့်သည်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားနိုင်တာ အဆန်းမဟုတ်ပါဘူး။ Vietjet ဟာ စိတ်ချလုံခြုံမှုပိုင်းမှာလည်း လေကြောင်းလိုင်း သတ်မှတ်မှုစံနှုန်းတွေရဲ့ ယုံကြည်စိတ်အချရဆုံး အဆင့် ၇ ကြယ် ၇ ပွင့်ကို ရရှိထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်နိုင်ငံနဲ့ အာရှအနှံ့ ခရီးသွားလာဖို့အတွက် Vietjet ကို ရွေးချယ်မယ်ဆိုရင်တော့ ဘဝမှာအကောင်းဆုံးအရာတွေနဲ့ ကြုံတွေ့ခံစားရမှာပဲဖြစ်ပါတယ်။

အေမီလာဘ်ကောင်လေးတွေကို Vietjet ရဲ့ တမူထူးခြားတဲ့ နွေရာသီလမ်းလျှောက်ပွဲမှာ တွေ့မြင်ရစဉ်

ပျော်ရွှင်စရာကောင်းတဲ့ Vietjet လေကြောင်းလိုင်းဖြင့် ကမ္ဘာကြီးကို စူးစမ်းရှာဖွေလိုက်ရအောင်