အခုပုံမှာပြထားသလို ဆံပင်ပုံလေးစည်းဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတာ မျှဝေပေးမယ်နော်။ ဒီပုံစံလေးက ကြည့်ရင် ခက်မလိုလိုနဲ့ သိပ်တော့လည်းမခက်ပါဘူး။

လိုအပ်တဲ့ပစ္စည်းတွေကတော့

ခေါင်းဘီ

ခေါင်းစည်ကြိုး သေးသေးလေးတွေ

သူငယ်ချင်းတစ်ယောက် (ကူညီဖို့ပေါ့)

စပရေးဘူး

ပြုလုပ်နည်း

အရင်ဆုံး ခေါင်းကိုသေချာ ဖြီးပေးပါ။ အဲဒီနောက် ထိတ်နားမှာ ဆံပင်ကို စည်းလိုက်ပါ။ ပြီးရင် စည်းထားတဲ့နားကနေ နှစ်ခွခွဲလိုက်ပါ။ ပြီးရင်တော့ တစ်ဖက်တစ်ချက်ဆီကို ကျန်နေတဲ့ ဆံပင်တွေထဲက နည်းနည်းယူပြီး စည်းလိုက်ပါ။

ဆံပင်က နှစ်ခုဖြစ်သွားပြီဆိုရင် တစ်ဖက်ကို နှစ်ခုဆီ ခွဲလိုက်ပါ။ ပြီးရင် အလည်နှစ်ခုကို စုပြီးစည်းပေးပါ။ ဘေးနှစ်ခုကိုလည်း ဆံပင်နည်းနည်းဆီယူပြီး စည်းပေးပါ။

ပြီးရင် စုစည်းထားတဲ့ ဆံပင်နှစ်ခုကို နှစ်ဖက်ခွဲလိုက်ပါ။ ပြီးရင် ဘေးဖက်က ဆံပင်စည်းထားတဲ့ဟာကို နှစ်ခြမ်းခွဲကာ အလယ်က ဆံပင်နှစ်ခွခွဲပြီး ပေါင်းစည်းပေးပါ။ (အခုလိုပြောတာ နည်းနည်းရှုပ်နေသလိုဖြစ်နေလိမ့်မယ်။ ပုံကိုသေချာကြည့်လိုက်နော်။ အဲဒီအတိုင်းပဲ ဆက်ပြီး စည်းသွားပေးပါနော်။)

ဒါဆို အခုလိုပုံလေးဖြစ်သွားမှာပါ။

ဗီဒီယိုဖိုင်လေးကိုလည်း တွဲပြီးတင်ထားပေးပါတယ်။