(Unicode)

မကြာခင်မှာ မြန်မာတို့ရဲ့ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အချိန် အခါသမယလေးကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာက ထူးထူးခြားခြား အစိုးရရုံးပိတ်ရက်တွေနဲ့ စနေ တနင်္ဂနွေပိတ်ရက်တို့ တိုက်ဆိုင်နေတာကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်ကို စုစုပေါင်း (၅) ရက်တိတိ တိုးမြှင့်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ အခုလို ရုံးပိတ်ရက်ရှည်ရတဲ့အချိန်လေးမှာ တစ်နှစ်တာလုံးအလုပ်တွေနဲ့ ပင်ပန်းခဲ့ရသမျှ ကောင်းကောင်းအနားယူအပန်းဖြေပြီး Stress တွေဆေးကြောဖို့ အချိန်အခါကောင်းလေးဖြစ်ပါတယ်။

အများစုကတော့ ဒီလိုသီတင်းကျွတ်အားလပ်ရက်လေးမှာ ခရီးသွားဖို့ကိုပဲ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခါကြီးရက်ကြီးမှာ ခရီးထွက်တာက ထင်သလောက်မလွယ်ပါဘူး။ ခရီးမသွားခင်တစ်လလောက်ကတည်းက ပိုက်ဆံကြိုစုထားရမယ်။ အဝတ်အစားတွေကြိုပြင်ဆင်ရမယ်။ ကိုယ်သွားရောက်လည်ပတ်မယ့်နေရာအတွက် တည်းခိုဖို့ Hotel တွေချိတ်ရမယ် စသည်ဖြင့်ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ရမှာဖြစ်ပါတယ်။ နောက်အခုက သီတင်းကျွတ်အများပြည်သူ ရုံးပိတ်ရက်ဖြစ်တာကြောင့် ခရီးသွားမယ့်သူတွေကလည်း ခပ်များများရယ်ပါ။ ကားတွေကလည်း အခုချိန်လောက်ကတည်းက လက်မှတ်တွေဝယ်လို့မရတော့သလို တည်းခိုဖို့ Hotel တွေကလည်း Booking တွေပြည့်နေလောက်ပြီဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ ရန်ကုန်မြို့နဲ့ ဝေးလံတဲ့ ခရီးတွေလည်းမသွားချင်ဘူး။ ခရီးသွားဖို့ ခါင်းရှုပ်ခံပြီး ကြိုတင်ပြင်ဆင်မှုတွေလည်းမလုပ်ချင်ဘူး။ မြို့ထဲအနီးတစ်ဝိုက်မှာပဲ အေးအေးဆေး ဆေးအနားယူပြီး အားလပ်ရက်ကို ဇိမ်ကျကျဖြတ်သန်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် စိတ်အပန်းပြေမှုအပြည့်အဝရစေမယ့် အစီစဉ်လေးတစ်ခု လမ်းညွှန်ပေးချင်ပါတယ်။ ဒါကတော့ ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး 5 Star ဟိုတယ်တစ်ခုဖြစ်တဲ့ Sedona Hotel Yangon မှာ Staycation နေရင်း Chill လို့ရနိုင်မယ့် အစီအစဉ်လေးဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ အလုပ်ရဲ့ ပင်ပန်းမှုဒဏ်တွေကို ဖြေဖျောက်နိုင်ဖို့ ခရီးအဝေးကြီးလည်း မသွားချင်ဘူးဆိုသူအတွက် အားလပ်ရက်မှာ Staycation နေတာက အသင့်တော်ဆုံးဖြစ်ပါတယ်။

Sedona Hotel Yangon အနေနဲ့ လာမယ့် သီတင်းကျွတ်ပိတ်ရက်လေးမှာ ချစ်ရတဲ့မိသားစုနဲ့ အတူတူ Staycation နေရင်း စိတ်လက်ပေါ့ပါးစွာ အပန်းဖြေနိုင်ဖို့အတွက် အထူးအစီစဉ်တွေကိုလည်း စီစဉ်ပေးထားပါတယ်။ သီတင်းကျွတ်လို ပျော်ရွှင်စရာအချိန်အခါလေးဆိုတာ မိသားစုအတူ သိုက်သိုက်ဝန်းဝန်းဖြတ်သန်းမှသာ ပိုပြီးအဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်မှာပါ။ ဒီလိုသီတင်းကျွတ်ပိတ်ရက်လေးမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာအမှတ်တရများစွာကို ဖန်တီးနိုင်ဖို့အတွက် Sedona Hotel ရဲ့ Staycation Package တွေက အံကိုက်ဖြစ်စေမှာဖြစ်ပါတယ်။ Sedona Hotel ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံးနေရာမှာတည်ရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်ပါတယ်။

လာရောက်အပန်းဖြေသူတွေအနေနဲ့ အင်းယားကန်နဲ့ ရန်ကုန်မြို့ရဲ့အလှကို အပေါ်စီးကနေ မြင်တွေ့ခံစားနိုင်မှာဖြစ်ပြီး Hotel ထဲစဝင်လိုက်တာနဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ ဝန်ထမ်းတွေရဲ့ ဖော်ရွေပျူငှာတဲ့ဝန်ဆောင်မှုတွေ၊ သန့်ရှင်းသပ်ရပ်ပြီး ကျယ် ဝန်းတဲ့အခန်းအပြင်အဆင်တွေက တကယ့်ကို Relax ဖြစ်စေမှာပါ။ ဒါ့အပြင် အစားအသောက်အတွက်လည်း မနက်စာဘူဖေးနဲ့ ညစာတို့အတွက် နိုင်ငံတကာမှနာမည်ကြီး Chef တွေရဲ့ ဟင်းပွဲလက်ရာတွေကို မြည်းစမ်းနိုင်ဦးမှာဖြစ်ပါတယ်။ စာဖတ်ဝါသနာအိုးတွေအတွက်လည်း တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ Hotel အခန်းအတွင်း စာအုပ်ဖတ်ရတာလည်း တကယ်ကိုစိတ်ကျေနပ်မှုအပြည့်အဝ ခံစားစေရမှာဖြစ်ပါတယ်။ စာဖတ်ရတာပျင်းလာတဲ့အခါ Sedona Hotel ရဲ့ အမိုက်စားရေကူးကန်ကြီး ရေကူးရင်း အပန်းဖြေနိုင်ပါသေးတယ်။

ဒါ့အပြင် ထူးခြားတဲ့သီတင်းကျွတ်အစီအစဉ်အနေနဲ့ လှပတဲ့ရောင်စုံမီးပုံးလေးတွေနဲ့ ရေကူးကန်အတွင်းက ရေပေါ်ရောင်စုံဖယောင်းတိုင်မီးအလှလေးတွေကိုလည်း ကိုယ်တိုင်ထွန်းညှိရင်း သီတင်းကျွတ်အချိန်အခါလေးကို ကြည်နူးဖွယ်ဖြတ်သန်းရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အားလပ်ရက်လေးမှာ အလုပ်တွေအချိန်တွေအားလုံးကိုခဏမေ့ပြီး ချစ်ရတဲ့မိသားစုအတူ အစားအသောက်ကောင်းတွေရဲ့အရသာတွေကို မြည်းစမ်းရင် ကောင်းကောင်းအနားယူဖြေနိုင်မယ့် တစ်ခုတည်းသော သုခဘုံတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ Sedona Hotel မှာ လာရောက်အပန်းဖြေမယ့်သူတွေအနေနဲ့ မနက်စာဘူဖေးနဲ့ ညစာစားသောက်ခွင့်အစီအစဉ်တွေပါဝင်တဲ့ Garden Wing က Deluxe Pool View Room သို့မဟုတ် Inya Wing က Premier Room မှာ Staycation လုပ်ဖို့ မြန်မာငွေကျပ် ၁၇၆,၇၀၀++ (အမေရိကန်ဒေါ်လာ ၁၁၄++ ဒေါ်လာ) ကစပြီး အနားယူအပန်းဖြေလို့ရမှာဖြစ်ပါတယ်။

Staycation Package တွေကိုတော့ အခုကစပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပေးရတဲ့ဈေးနှုန်းနဲ့တန်တဲ့ ဝန်ဆောင်မှုကိုပြည်လည်ရရှိမှာဖြစ်တာကြောင့် လာမယ့်သီတင်းကျွတ်ကာလမှာ မိသားစုနဲ့အတူတူ ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးချင်သူတွေအတွက်တော့ Sedona Hotel Yangon မှာ Staycation လုပ်ရင်း သီတင်းကျွတ်အားလပ်ရက်ကို ဇိမ်ကျကျဖြတ်သန်းလိုက်ပါနော်။

(Zawgyi)

မၾကာခင္မွာ ျမန္မာတို႔ရဲ႕ေပ်ာ္ရႊင္ဖြယ္ရာ သီတင္းကြ်တ္အခ်ိန္ အခါသမယေလးကို ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။ ယခုႏွစ္မွာက ထူးထူးျခားျခား အစိုးရရံုးပိတ္ရက္ေတြနဲ႔ စေန တနဂၤေႏြပိတ္ရက္တို႔ တိုက္ဆိုင္ေနတာေၾကာင့္ သီတင္းကြ်တ္ရံုးပိတ္ရက္ကို စုစုေပါင္း (၅) ရက္တိတိ တိုးျမွင့္သတ္မွတ္ေပးလိုက္တာျဖစ္ပါတယ္။ အခုလို ရံုးပိတ္ရက္ရွည္ရတဲ့အခ်ိန္ေလးမွာ တစ္ႏွစ္တာလံုးအလုပ္ေတြနဲ႔ ပင္ပန္းခဲ့ရသမွ် ေကာင္းေကာင္းအနားယူအပန္းေျဖၿပီး Stress ေတြေဆးေၾကာဖို႔ အခ်ိန္အခါေကာင္းေလးျဖစ္ပါတယ္။

အမ်ားစုကေတာ့ ဒီလိုသီတင္းကြ်တ္အားလပ္ရက္ေလးမွာ ခရီးသြားဖို႔ကိုပဲ စိတ္အားထက္သန္ေနၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခါႀကီးရက္ႀကီးမွာ ခရီးထြက္တာက ထင္သေလာက္မလြယ္ပါဘူး။ ခရီးမသြားခင္တစ္လေလာက္ကတည္းက ပိုက္ဆံႀကိဳစုထားရမယ္။ အဝတ္အစားေတြႀကိဳျပင္ဆင္ရမယ္။ ကိုယ္သြားေရာက္လည္ပတ္မယ့္ေနရာအတြက္ တည္းခိုဖို႔ Hotel ေတြခ်ိတ္ရမယ္ စသည္ျဖင့္ႀကိဳတင္ျပင္ဆင္မႈေတြ အမ်ားႀကီးျပဳလုပ္ရမွာျဖစ္ပါတယ္။ ေနာက္အခုက သီတင္းကြ်တ္အမ်ားျပည္သူ ရံုးပိတ္ရက္ျဖစ္တာေၾကာင့္ ခရီးသြားမယ့္သူေတြကလည္း ခပ္မ်ားမ်ားရယ္ပါ။ ကားေတြကလည္း အခုခ်ိန္ေလာက္ကတည္းက လက္မွတ္ေတြဝယ္လို႔မရေတာ့သလို တည္းခိုဖို႔ Hotel ေတြကလည္း Booking ေတြျပည့္ေနေလာက္ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္အေနနဲ႔ ရန္ကုန္ၿမိဳ႕နဲ႔ ေဝးလံတဲ့ ခရီးေတြလည္းမသြားခ်င္ဘူး။ ခရီးသြားဖို႔ ခါင္းရႈပ္ခံၿပီး ႀကိဳတင္ျပင္ဆင္မႈေတြလည္းမလုပ္ခ်င္ဘူး။ ၿမိဳ႕ထဲအနီးတစ္ဝိုက္မွာပဲ ေအးေအးေဆး ေဆးအနားယူၿပီး အားလပ္ရက္ကို ဇိမ္က်က်ျဖတ္သန္းခ်င္ပါတယ္ဆိုတဲ့ သူေတြအတြက္ စိတ္အပန္းေျပမႈအျပည့္အဝရေစမယ့္ အစီစဥ္ေလးတစ္ခု လမ္းညႊန္ေပးခ်င္ပါတယ္။ ဒါကေတာ့ ရန္ကုန္ၿမိဳ႕ရဲ႔ နာမည္အႀကီးဆံုး 5 Star ဟိုတယ္တစ္ခုျဖစ္တဲ့ Sedona Hotel Yangon မွာ Staycation ေနရင္း Chill လို႔ရႏိုင္မယ့္ အစီအစဥ္ေလးျဖစ္ပါတယ္။ ေန႔စဥ္နဲ႔အမွ်ႀကံဳေတြ႕ရတဲ့ အလုပ္ရဲ႕ ပင္ပန္းမႈဒဏ္ေတြကို ေျဖေဖ်ာက္ႏိုင္ဖို႔ ခရီးအေဝးႀကီးလည္း မသြားခ်င္ဘူးဆိုသူအတြက္ အားလပ္ရက္မွာ Staycation ေနတာက အသင့္ေတာ္ဆံုးျဖစ္ပါတယ္။

Sedona Hotel Yangon အေနနဲ႔ လာမယ့္ သီတင္းကြ်တ္ပိတ္ရက္ေလးမွာ ခ်စ္ရတဲ့မိသားစုနဲ႕ အတူတူ Staycation ေနရင္း စိတ္လက္ေပါ့ပါးစြာ အပန္းေျဖႏိုင္ဖို႔အတြက္ အထူးအစီစဥ္ေတြကိုလည္း စီစဥ္ေပးထားပါတယ္။ သီတင္းကြ်တ္လို ေပ်ာ္ရႊင္စရာအခ်ိန္အခါေလးဆိုတာ မိသားစုအတူ သိုက္သိုက္ဝန္းဝန္းျဖတ္သန္းမွသာ ပိုၿပီးအဓိပၸါယ္ရွိတဲ့ အားလပ္ရက္ေလးျဖစ္မွာပါ။ ဒီလိုသီတင္းကြ်တ္ပိတ္ရက္ေလးမွာ မိသားစုနဲ႔အတူ ေပ်ာ္ရႊင္စရာအမွတ္တရမ်ားစြာကို ဖန္တီးႏိုင္ဖို႔အတြက္္ Sedona Hotel ရဲ႕ Staycation Package ေတြက အံကိုက္ျဖစ္ေစမွာျဖစ္ပါတယ္။ Sedona Hotel ဆိုတာကေတာ့ အားလံုးသိတဲ့အတိုင္း ရန္ကုန္ၿမိဳ႕ရဲ႕ အခ်က္အခ်ာအက်ဆံုးေနရာမွာတည္ရွိတဲ့ ၾကယ္ငါးပြင့္ဟိုတယ္တစ္ခုျဖစ္ပါတယ္။

လာေရာက္အပန္းေျဖသူေတြအေနနဲ႔ အင္းယားကန္နဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕အလွကို အေပၚစီးကေန ျမင္ေတြ႔ခံစားႏိုင္မွာျဖစ္ၿပီး Hotel ထဲစဝင္လိုက္တာနဲ႕ စိတ္ေက်နပ္စရာေကာင္းတဲ့ ဝန္ထမ္းေတြရဲ႕ ေဖာ္ေရြပ်ဴငွာတဲ့ဝန္ေဆာင္မႈေတြ၊ သန္႔ရွင္းသပ္ရပ္ၿပီး က်ယ္ ဝန္းတဲ့အခန္းအျပင္အဆင္ေတြက တကယ့္ကို Relax ျဖစ္ေစမွာပါ။ ဒါ့အျပင္ အစားအေသာက္အတြက္လည္း မနက္စာဘူေဖးနဲ႔ ညစာတို႕အတြက္ ႏိုင္ငံတကာမွနာမည္ႀကီး Chef ေတြရဲ႕ ဟင္းပြဲလက္ရာေတြကို ျမည္းစမ္းႏိုင္ဦးမွာျဖစ္ပါတယ္။ စာဖတ္ဝါသနာအိုးေတြအတြက္လည္း တိတ္ဆိတ္ျငိမ္သက္မႈရွိတဲ့ Hotel အခန္းအတြင္း စာအုပ္ဖတ္ရတာလည္း တကယ္ကိုစိတ္ေက်နပ္မႈအျပည့္အဝ ခံစားေစရမွာျဖစ္ပါတယ္။ စာဖတ္ရတာပ်င္းလာတဲ့အခါ Sedona Hotel ရဲ႕ အမိုက္စားေရကူးကန္ႀကီး ေရကူးရင္း အပန္းေျဖႏိုင္ပါေသးတယ္။

ဒါ့အျပင္ ထူးျခားတဲ့သီတင္းကြ်တ္အစီအစဥ္အေနနဲ႔ လွပတဲ့ေရာင္စံုမီးပံုးေလးေတြနဲ႔ ေရကူးကန္အတြင္းက ေရေပၚေရာင္စံုဖေယာင္းတိုင္မီးအလွေလးေတြကိုလည္း ကိုယ္တိုင္ထြန္းညွိရင္း သီတင္းကြ်တ္အခ်ိန္အခါေလးကို ၾကည္ႏူးဖြယ္ျဖတ္သန္းရမွာျဖစ္ပါတယ္။ ကိုယ့္ရဲ႕အားလပ္ရက္ေလးမွာ အလုပ္ေတြအခ်ိန္ေတြအားလံုးကိုခဏေမ့ၿပီး ခ်စ္ရတဲ့မိသားစုအတူ အစားအေသာက္ေကာင္းေတြရဲ႕အရသာေတြကို ျမည္းစမ္းရင္ ေကာင္းေကာင္းအနားယူေျဖႏိုင္မယ့္ တစ္ခုတည္းေသာ သုခဘံုတစ္ခုလို႔ဆိုရမွာျဖစ္ပါတယ္။ Sedona Hotel မွာ လာေရာက္အပန္းေျဖမယ့္သူေတြအေနနဲ့ မနက္စာဘူေဖးနဲ႔ ညစာစားေသာက္ခြင့္အစီအစဥ္ေတြပါဝင္တဲ့ Garden Wing က Deluxe Pool View Room သို႔မဟုတ္ Inya Wing က Premier Room မွာ Staycation လုပ္ဖုိ႔ ျမန္မာေငြက်ပ္ ၁၇၆,၇၀၀++ (အေမရိကန္ေဒၚလာ ၁၁၄++ ေဒၚလာ) ကစၿပီး အနားယူအပန္းေျဖလို႔ရမွာျဖစ္ပါတယ္။

Staycation Package ေတြကိုေတာ့ အခုကစၿပီး ေအာက္တိုဘာ ၁၅ ရက္ေန႔အထိ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။ ေပးရတဲ့ေစ်းႏႈန္းနဲ့တန္တဲ့ ဝန္ေဆာင္မႈကိုျပည္လည္ရရွိမွာျဖစ္တာေၾကာင့္ လာမယ့္သီတင္းကြ်တ္ကာလမွာ မိသားစုနဲ႔အတူတူ ေပ်ာ္ရႊင္စရာအမွတ္တရေတြကို ဖန္တီးခ်င္သူေတြအတြက္ေတာ့ Sedona Hotel Yangon မွာ Staycation လုပ္ရင္း သီတင္းကြ်တ္အားလပ္ရက္ကို ဇိမ္က်က်ျဖတ္သန္းလိုက္ပါေနာ္။