COVID-19 ကူးစက်ပြန့်နှံ့နေချိန်အတွင်း အိမ်တွင်းအောင်းနေရချိန်မှာ အကျိူးရှိတာလေးတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးအရ Stay ရှောင်ပြီးလည်းဖြစ် ၊ အချိန်တွေ အလဟဿမကုန်စေဘဲ ပညာသစ်တွေလည်း တတ်မြောက်ပြီး ဖြစ်အောင် အခမဲ့ တက်လို့ရတဲ့ အွန်လိုင်း e-Learning Platforms တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပလက်ဖောင်းတွေကတော့ တကယ့်ပညာရေးကျွမ်းကျင်တဲ့ ဆရာ/ဆရာမကြီးတွေ သင်ပေးတာလည်း ဖြစ်ပြီး စိတ်ဝင်စားစရာ Courses တွေလည်း တကယ်ကို စုံလင်ပါတယ်။ ကိုယ့်အိမ်မှာ အင်တာနက်ရှိရုံနဲ့ ကိုယ့်ဖုန်းထဲမှာ ဘေလ်ရှိရုံနဲ့တင် ဒီ Courses တွေ စိတ်ကြိုက်တက်လို့ရပါတယ်။ တကယ်လို့ ဘယ်သင်တန်းတက်ရမလဲ မသိရင်တော့ အခုပြောမယ့် သင်တန်းတွေထဲက ရွေးချယ်သင်ယူနိုင်ပါတယ်။

(၁) ဘာသာစကားသစ်

Photo : Pearson English

Second Language တစ်ခု တတ်မြောက်ခြင်းဟာ ဆုံးဖြတ်ချက်စွမ်းရည် ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ဒီတော့ အခုလိုအားလပ်ရက်မှာ မန်ဒရင်းစကားတတ်ချင်လား ၊ စပိန်စကား သင်မလား ။ သင်တန်းကျောင်းတက်စရာမလိုဘဲ ကိုယ့်အိမ်ကနေ သင်လို့ရပါတယ်။ နာမည်ကြီး အွန်လိုင်း သင်တန်းကျောင်းတွေကတော့ Udemy ၊ Coursera ၊ Babbel နဲ့ DuoLingo တို့ ဖြစ်ပါတယ်။

(၂) Programming

Photo : Upskilled

Code ရေးနည်းတတ်တာဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်အဖြစ်လည်း လမ်းကြောင်းပွင့်စေပါတယ်။ Codecademy က Programming ကို အခြေခံကနေ အဆင့်မြင့်တန်းတွေအထိ သင်ပေးနေတဲ့ ထိပ်တန်း e-Learning ပလက်ဖောင်းဖြစ်ပါတယ်။ EdXကလည်း ကမ္ဘာကျော် Microsoft တို့ Harvard တို့လို အဖွဲ့အစည်းတွေဆီက Coding Course တွေ သင်ပေးနေပါတယ်။

(၃) တေးဂီတ

Photo : Picfair

အားရက်တွေမှာ ဂစ်တာတီးသင်တာက အကြံကောင်းတစ်ခုပါပဲ။ ဂီတဟာ သင့်ကို အပျင်းလည်းပြေစေသလို ဖိအားတွေလည်း သက်သာစေပါတယ်။ တကယ့် Legends ကြီးတွေ ဖြစ်တဲ့ ကားလို့စ် ဆန်တာနာနဲ့ ဟာဘီဟန်းကော့တို့ဆီက ဂစ်တာတီးနည်း သင်ချင်သလား။ MasterClass နဲ့ သင်နိုင်ပါတယ်။ UDemy နဲ့YouTube တို့မှာလည်း ရုပ်သံသင်ခန်းစာဖိုင်တွေ တင်ထားပါတယ်။

(၄) အချက်အပြုတ်

Photo : Cellublue

ဒီနေ့ခေတ်မှာ e-Learning နည်းပညာက ဘာသင်ချင်သင်ချင် အခက်အခဲမရှိအောင် လုပ်ပေးထားပါတယ်။ ဟင်းအမယ်ဆန်းတွေကို အရသာရှိရှိ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သိရဖို့ အင်တာနက်ပဲ လိုပါတော့တယ်။ နာမည်ကြီးတဲ့ Chef ကြီးတွေ ဖြစ်တဲ့ ဂေါ်ဒွန် ရမ်ဆေးတို့ တောမတ်စ်ကယ်လာတို့ကို သင့်မီးဖိုချောင်ထဲ ခေါ်သွားဖို့အတွက် MasterClass ၊ Roxube နဲ့ America’s Test Kitchen တို့ထဲ ဝင်ဖို့ပဲ လိုပါတယ်။

(၅) စာရေးနည်း

Photo : Netquest

စာရေးဆရာကောင်းတစ်ယောက် ဖြစ်ချင်လို့ပဲ ဖြစ်ဖြစ် ၊ Copy/Content Writing ရေးနည်း သိချင်လို့ပဲ ဖြစ်ဖြစ် နောက်ဆုံး အီးမေးလ်ရေးတာအထိ e-Learning Site တွေမှာ ပညာရှာနိုင်ပါတယ်။ သမရိုးကျသင်ရိုးတွေထက် ပိုမိုကောင်းမွန်တဲ့ စာရေးနည်းသင်တန်းတွေကို MasterClass ၊ Udemy ၊ EdX နဲ့ Coursera တို့မှာ လေ့လာနိုင်ပါတယ်။

အခုပြောခဲ့တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ပညာရပ်တွေဟာ သင့်အားလပ်ရက်တွေကို အကျိုးရှိစေရုံတင်မဟုတ်ဘဲ သင့်ဘဝအတွက်ပါ တကယ့်ကို အသုံးဝင်လာပါလိမ့်မယ်။