တချို့က အချိန်မရှိလို့ ညဘက်မှ စာလုပ်ရတာမျိုးရှိသလို၊ ညဘက်မှ Mood ဝင်လို့ စာလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို ညဘက်မှာ စာလုပ်မယ့်သူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။ တစ်နေကုန်လည်းစာလုပ်ပြီး ညဘက်လည်း စာထပ်လုပ်တာမျိုးတော့ မလုပ်ပါနဲ့။ အချိန်တစ်ခုသတ်မှတ်ပြီးပဲ လုပ်သင့်ပါတယ်။

Schedule ဆွဲထားပါ

အရေးကြီးတာက Schedule ဆွဲထားဖို့ပါပဲ။ စိတ်ပါတာ ထလုပ်တာထက်စာရင် စာလုပ်ဖို့ အချိန်နဲ့ လုပ်မယ့်အရာတွေကို သေချာ Schedule ဆွဲထားမယ်ဆိုရင် ပိုပြီးစနစ်တကျရှိစေပါတယ်။ စာလုပ်ရတာလည်း ပိုပြီးတော့ Moti ရစေပါတယ်။

အိပ်ချင်ပြေမယ့်အစားအသောက်

ညဘက်မှာစာလုပ်မှာဆိုတော့ အိပ်မငိုက်ဖို့လိုပါတယ်။ ဗိုက်ဆာရင်လည်း စာလုပ်ရတာ စိတ်မပါဖြစ်တတ်သလို ဗိုက်ပြည့်လွန်းပြန်တော့လည်း အိပ်ချင်လာပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အိပ်ချင်ပြေမယ့်အစားအသောက်တွေ စားသောက်ပေးပါ။

အိပ်ယာပေါ်မှာမလုပ်ပါနဲ့

စာလုပ်တဲ့အခါ ဘယ်တော့မှ အိပ်ယာပေါ်မှာမလုပ်ပါနဲ့။ ညဘက်ဆိုပိုဆိုးပါတယ်။ အလွယ်တကူ လှဲမိသွားရာကနေ အိပ်ပျော်သွားပါလိမ့်မယ်။ အိပ်ယာမြင်ရင်အိပ်ချင်ပြီး စာမလုပ်ချင်တော့ပဲ ပျင်းလာပါလိမ့်မယ်။

ဖုန်းကိုအဝေးဆုံးမှာထားပါ

အနားမှာဖုန်းရှိနေရင် ခဏခဏဖုန်းသုံးနေမိပါလိမ့်မယ်။ ဖုန်းကနေ စာဝင်လာတိုင်း ကြည့်မိနေပါလိမ့်မယ်။ ဒါက စာလုပ်ရတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် စာလုပ်မယ်ဆိုရင် ဖုန်းကို အဝေးဆုံးမှာသာထားပါ။

မီးရောင်ကောင်းကောင်းရအောင်လုပ်ပါ

ညဘက်စာလုပ်တာဆိုပြီး မီးရောင်မှိန်မှိန်လေးနဲ့လုပ်ရင် အိပ်ချင်လာပါလိမ့်မယ်။ မျက်စိလည်းထိခိုက်စေပါတယ်။ ဒါကြောင့် မီးရောင်ကောင်းကောင်းရအောင်လုပ်ပါ။ တစ်ယောက်ထဲ သီးသန့်လုပ်တာ ပိုကောင်းပါတယ်။