အရမ်းစိုးရိမ်စိတ်များတတ်တဲ့သူတွေက စားမေးပွဲဖြေခါနီးမှာ သူများထက်ပိုပြီး စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ဝင်တတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် ရပြီးသားစာတွေတောင်မေ့ကုန်တာမျိုး၊ အလွဲလွဲအချော်ချော် ဖြစ်တာမျိုးတွေ ရှိတာကြောင့် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားပါ။ စာမေးပွဲဖြေခါနီးမှာဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်စိတ်တွေကို ဖြေလျှော့နိုင်မယ့် နည်းလမ်းတချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်။

အရမ်းမတွေးပါနဲ့

အရမ်းတွေးရင် နှစ်ဆပိုပြီး Stress ပိပါတယ်။ စာမေးပွဲနဲ့ပတ်သက်ပြီး အတွေးတွေများလေ ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်မှုတွေက ပိုဖြစ်လေပါပဲ။ ဒါကြောင့် အရမ်းမတွေးပဲ ကိုယ်လုပ်စရာရှိတာကိုလုပ်ပါ။ စိတ်ကိုလျှော့ချထားပါ။

စာကိုသေချာဖြေးဖြေးချင်းလုပ်ပါ

အနားနီးလာရင် ဘာတွေလုပ်ရမှန်းမသိတော့ဘူး ဘာစာမှမရတော့ဘူး မသိတော့ဘူးဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် စာကို သေချာတစ်ခုချင်း ဖြေးဖြေးချင်းစီ Schedule ဆွဲပြီး လုပ်သွားပါ။ သေချာအာရုံစိုက်ပြီးသား ဖြေးဖြေးနဲ့မှန်မှန်လုပ်သွားရင် အဆင်ပြေပါတယ်။

ညဘက်စောစောအိပ်ပါ

စားမေးပွဲနီးလို့ စိုးရိမ်ပြီး ညဘက်တွေမအိပ်တော့ပဲ စာကျက်တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ရေးပျက်တာများပြီး ရပြီးသားစာတွေပါ မေ့ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ရင် တကယ်ဖြေမယ့်နေ့ကျ လွဲချော်တတ်တာကြောင့် ညဘက်စောစောအိပ်ပါ။ မနက်စောစောထကျက်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ဒါက အရမ်းအရေးကြီးပါတယ်။

စိတ်ကို Relax ဖြစ်အောင်လုပ်ပါ

စိတ်ကို အတတ်နိုင်ဆုံး Relax ဖြစ်အောင်လုပ်ရပါမယ်။ တစ်နေကုန်စာလုပ်နေတာမျိုးမဟုတ်ပဲ နားချိန်လည်းထားပါ။ နားတဲ့အချိန်မှာ အပြည့်အဝနားပြီး သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာကိုလုပ်ပါ။ ဒါမှလည်း စိတ်ပေါ့ပါးပြီး စိုးရိမ်ပူပန်မှုတွေ၊ ကြောက်စိတ်တွေ မဝင်တော့မှာပါ။

အကောင်းတွေပဲတွေးပါ

အရေးကြီးတဲ့နောက်တစ်ခုကတော့ ကိုယ့်စိတ်ပါပဲ။ ကိုယ့်စိတ်က အဆိုးတွေပဲတွေးနေရင်တော့ ပိုပြီးကြောက်လာမယ်၊ စိုးရိမ်စိတ်တွေပိုများပြီး Stress တွေပိလာပါမယ်။ ဒီတော့ စာမေးပွဲနဲ့ပတ်သက်ပြီး အကောင်းဘက်ကနေပဲတွေးပါ။ ငါလုပ်နိုင်တယ်၊ ရအောင်လုပ်မယ်ဆိုတဲ့ အတွေးမျိုးပဲထားပါ။