ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုကားတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးလာပြီးကြော်ငြာတွေမှာလည်း မကြာခဏတွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုက ရုပ်ဆိုးတယ်လို့ အပြောခံရတာများတော့ စိတ်ဓာတ်ကျတယ်လို့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာခဲ့ပါတယ်။

ရုပ်ဆိုးတယ်လို့ အပြောခံရတာများတော့ စိတ်ဓာတ်ကျလွန်းမကကျတယ်လို့ ရင်ဖွင့်လာတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့

သရုပ်ဆောင်လုပ်ရင်အပြောအဆိုတော်တော်ခံရမယ်ဆိုတာသိပါတယ်….
မလှဘူး…. ဒီရုပ်ကြီးနဲ့နင်ကမင်းသမီးလုပ်ချင်တယ်…မဲသဲနေတာပဲ….နင့်ရုပ်နဲ့အဲဒီ့အိုက်တင်မျိုးလုပ်ရဲတယ် မင်းသားကိုမူနေတာသရဲမနဲ့ပဲတူတယ်….
စတဲ့ စတဲ့ ထိုးနှက်ချက်ပေါင်းများစွာကို မျက်နှာပြောင်တိုက်အားတင်းပြီး….သရုပ်ဆောင်အလုပ်ကို ကြိုးစားပြီးလုပ်နေရတာပါ…..
ပြောခံရတာတွေများတော့ စိတ်ဓါတ်ကျလွန်းမက ကျတယ်…..
တစ်ခါတစ်လေပင်ပန်းလွန်းလို့ ထွက်ပြေးချင်မိတယ်….

လို့ ရင်ဖွင့်ထားပါတယ်။

ပိုင်ဖြိုးသုက သူမဟာ လှလို့မင်းသမီးဖြစ်လာတာမဟုတ်ဘူးလို့ သူ့ကိုယ်သူခံယူထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူတင်ထားတဲ့ ပို့စ်အောက်မှာတော့ သူ့ကို အားပေးတဲ့ အာမခံပရိသတ်တွေက comment တွေ အပြန်အလှန်ရေး အားပေးခဲ့ကြပါတယ်။

နေဝင်အိပ်တန်းတက်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားခဲ့တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကို ချစ်ကြတဲ့ ပရိသတ်တွေကို ဘယ်လိုထင်ပါသလဲရှင့်။