[Zawgyi]
အားလံုးပဲမဂၤလာပါေနာ္။ ကေလးတစ္ေယာက္ ေမြးကင္းစကေန အသက္ ၁ ႏွစ္အတြင္း အမ်ားႀကီးေျပာင္းလဲတတ္ပါတယ္။ သူတို႔ ငိုတာ၊ တစ္ခစ္ခစ္ရယ္တာ၊ ေမွာက္လာႏိုင္တာ၊ ေလးဖက္ေထာက္သြားတာ စတဲ့ ေျပာင္းလဲမႈေတြဟာ သိပ္ကို ခ်စ္စရာေကာင္းလြန္းလွပါတယ္။
ဒီတခါမွာေတာ့ကေလးခ်စ္တတ္တဲ့ သူေတြအတြက္ေရာ MyStyle Myanmar ရဲ႕ စာဖတ္သူ ေခးေမေမတို႔အတြက္ပါ ကေလးငယ္ရဲ႕ ေျပာင္းလဲပံု အဆင့္ဆင့္ကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။
၁။ (၁) လအရြယ္
- ေခါင္းက ဟိုဖက္၊ ဒီဖက္လွည့္ေနမယ္
- လက္ကေလးေတြက တင္းတင္းပါေအာင္ စုပ္ကိုင္တတ္တယ္
- ေမေမရဲ႕ အနံ႔ကိုမွတ္မိတယ္
- အိပ္မယ္၊ ေသာက္မယ္၊ ပါမယ္၊ ေပါက္မယ္
- ေခါင္းက သိပ္မခိုင္ေသးဘူး၊ အသံေတာ့ၾကားေနရၿပီ
၂။ (၂) လသား
- လူေတြကို ၿပံဳးျပတတ္လာမယ္
- ဘူမႈတ္တတ္လာမယ္
- အသံလာတဲ့ဖက္ကို ေခါင္းလွည့္ၾကည့္မယ္
- လက္ေလးေတြကို စုပ္တတ္လာမယ္
- မ်က္ႏွာကိုစိုက္ၿပီးၾကည့္တတ္တယ္၊ ေခါင္းေလး နည္းနည္းမတ္တတ္လာမယ္
၃။ (၃) လသား
- ေမွာက္တတ္လာမယ္။ ရင္ဘတ္န႔ဲ ေခါင္းကုိေမာ့တတ္လာမယ္
- လက္ေလးေတြက အရုပ္ေလးေတြကိုင္ၿပီးလုပ္ရွားတတ္လာမယ္
- မိသားစုေတြကို မွတ္မိလာမယ္
- သင့္အသံၾကားရင္ တခစ္ခစ္ ရယ္တတ္လာမယ္
- ဘူေပါင္းေလးေတြ မႈတ္တတ္လာမယ္
၄။ (၄) လသား
- တျခားသူေတြကိုလည္း ရယ္ျပတတ္လာမယ္
- တျခားသူရဲ႕လႈပ္ရွားမႈကို အတုခိုးတတ္လာမယ္
- မ်က္လံုးၾကည့္တဲ့ေနရာ လက္ပါတခါတည္း လႈပ္ရွားတတ္လာမယ္
- ေလးဖက္ေထာက္ခ်င္လာမယ္
၅။ (၅) လသား
- ထိုင္တတ္လာမယ္
- ညဖက္မွာအိပ္လာမယ္
- အေရာင္ေလးေတြကို မွတ္တတ္၊ သေဘာက်တတ္လာမယ္
- လက္ေခ်ာင္းေလးေတြအားလံုးကိုသံုးၿပီး ပစၥည္းေလးေတြကိုင္တြယ္တတ္လာမယ္
- ခႏၶာကိုယ္ကုိ လူးတတ္လာမယ္
၆။ (၆) လသား
- မွန္ၾကည့္ရတာ သေဘာက်လာမယ္
- သူ႕နာမည္ၾကားတာနဲ႔ ျပန္ၿပီးတံု႔ျပန္တတ္လာမယ္
- လံုးလံုးေထြးေထြးစကားတခ်ိဳ႕ေျပာမယ္ (ေမေမ၊ေဖေဖ)
- အရာဝတၳဳတစ္ခုခုကို ပါးစပ္ထဲထည့္တတ္လာမယ္
- သြာေလးေတြေပါက္လာမယ္
၇။ (၇) လသားအရြယ္
- လက္တစ္ဖက္နဲ႔တစ္ဖက္ကို ပစၥည္းေလးေတြေျပာင္းေပးတတ္လာမယ္
- မ်က္လံုးပိုၿပီးျမင္လာမယ္
- အသံက ေဒါသထြက္ေနတာလား၊ ဝမ္းနည္းေနတာလားဆိုတာကို ခြဲျခားတတ္လာမယ္
- ဖြက္ထားတဲ့ပစၥည္းကိုေတာင္ရွာတတ္လာမယ္
၈။ (၈) လအရြယ္
- မ်က္ႏွာအမူအယာအမ်ိဳးလုပ္တတ္လာမယ္
- တစ္ခုခုကိုကိုင္ၿပီး မတ္တပ္ရပ္တတ္လာမယ္
- လက္ညိဳးေလး လက္မေလးသံုးၿပီး ပစၥည္းေတြကိုင္တတ္လာမယ္
- ေဒါသထြက္တာ၊ မေက်နပ္တာကို ျပတတ္လာမယ္
- သီခ်င္းသံၾကားရင္ ကတတ္လာမယ္၊ ကစားတတ္လာမယ္
၉။ (၉) လသား
- သူတို႕ႀကိဳက္တဲ့အရုပ္ေလးေတြရွိလာမယ္
- မတူညီတဲ့အသံေတြအမ်ိဳးမ်ိဳးလုပ္တတ္လာမယ္
- သူတို႕ကစားခ်င္တဲ့အရုပ္ကို ယူၿပီးကစားတတ္လာမယ္
၁၀။ (၁၀) လသား
သင္ေျပာတဲ့စကားတခ်ိဳ႕ကို သူနားလည္လာမယ္
လက္ေလးေတြေျမာက္ၿပီး သူႀကိဳက္တဲ့ပစၥည္းကို ယူခိုင္းတတ္လာမယ္
သူ႕ကိုယ္သူခြက္ေလးေတြ မကိုင္တတ္ကိုင္တတ္နဲ႔ ေရေသာက္ခ်င္လာမယ္
၁၁။ (၁၁) လသား
- သူလိုခ်င္တဲ့ပစၥည္းဘယ္မွာရွိသလဲဆိုတာ ညႊန္ျပတတ္လာမယ္
- ဘာမွမကိုင္ဘဲ ခဏေလးမတ္တပ္ရပ္တတ္လာမယ္
- အျမင္အာရံုပိုၿပီးတိုးတက္လာမယ္
- သူ႕တို႔ပါးစပ္ထဲကိုသူတို႕ အစားခြံတတ္လာမယ္
- မလိုခ်င္တာကို လႊင့္ပစ္တတ္လာမယ္
၁၂။ (၁၂) လသား
- မတ္တပ္ေကာင္းေကာင္းရပ္ႏိုင္လာမယ္
- လမ္းေလးနည္းနည္းေလွ်ာက္လာႏိုင္မယ္
- သင္စကားေျပာတာကို ပိုၿပီး အာရံုစိုက္လာႏိုင္မယ္
- ေမေမ ေဖေဖကိုပီပီသသ ေခၚလႏိုင္မယ္
- ပိုၿပီးခ်စ္စရာေကာင္းလာမယ္
Source: www.brightside.me
By: MyStyle Myanmar
[Unicode]
အားလုံးပဲမင်္ဂလာပါနော်။ ကလေးတစ်ယောက် မွေးကင်းစကနေ အသက် ၁ နှစ်အတွင်း အများကြီးပြောင်းလဲတတ်ပါတယ်။ သူတို့ ငိုတာ၊ တစ်ခစ်ခစ်ရယ်တာ၊ မှောက်လာနိုင်တာ၊ လေးဖက်ထောက်သွားတာ စတဲ့ ပြောင်းလဲမှုတွေဟာ သိပ်ကို ချစ်စရာကောင်းလွန်းလှပါတယ်။
ဒီတခါမှာတော့ကလေးချစ်တတ်တဲ့ သူတွေအတွက်ရော MyStyle Myanmar ရဲ့ စာဖတ်သူ ခေးမေမေတို့အတွက်ပါ ကလေးငယ်ရဲ့ ပြောင်းလဲပုံ အဆင့်ဆင့်ကို မျှဝေပေးချင်ပါတယ်နော်။
၁။ (၁) လအရွယ်
- ခေါင်းက ဟိုဖက်၊ ဒီဖက်လှည့်နေမယ်
- လက်ကလေးတွေက တင်းတင်းပါအောင် စုပ်ကိုင်တတ်တယ်
- မေမေရဲ့ အနံ့ကိုမှတ်မိတယ်
- အိပ်မယ်၊ သောက်မယ်၊ ပါမယ်၊ ပေါက်မယ်
- ခေါင်းက သိပ်မခိုင်သေးဘူး၊ အသံတော့ကြားနေရပြီ
၂။ (၂) လသား
- လူတွေကို ပြုံးပြတတ်လာမယ်
- ဘူမှုတ်တတ်လာမယ်
- အသံလာတဲ့ဖက်ကို ခေါင်းလှည့်ကြည့်မယ်
- လက်လေးတွေကို စုပ်တတ်လာမယ်
- မျက်နှာကိုစိုက်ပြီးကြည့်တတ်တယ်၊ ခေါင်းလေး နည်းနည်းမတ်တတ်လာမယ်
၃။ (၃) လသား
- မှောက်တတ်လာမယ်။ ရင်ဘတ်နဲ့ ခေါင်းကိုမော့တတ်လာမယ်
- လက်လေးတွေက အရုပ်လေးတွေကိုင်ပြီးလုပ်ရှားတတ်လာမယ်
- မိသားစုတွေကို မှတ်မိလာမယ်
- သင့်အသံကြားရင် တခစ်ခစ် ရယ်တတ်လာမယ်
- ဘူပေါင်းလေးတွေ မှုတ်တတ်လာမယ်
၄။ (၄) လသား
- တခြားသူတွေကိုလည်း ရယ်ပြတတ်လာမယ်
- တခြားသူရဲ့လှုပ်ရှားမှုကို အတုခိုးတတ်လာမယ်
- မျက်လုံးကြည့်တဲ့နေရာ လက်ပါတခါတည်း လှုပ်ရှားတတ်လာမယ်
- လေးဖက်ထောက်ချင်လာမယ်
၅။ (၅) လသား
- ထိုင်တတ်လာမယ်
- ညဖက်မှာအိပ်လာမယ်
- အရောင်လေးတွေကို မှတ်တတ်၊ သဘောကျတတ်လာမယ်
- လက်ချောင်းလေးတွေအားလုံးကိုသုံးပြီး ပစ္စည်းလေးတွေကိုင်တွယ်တတ်လာမယ်
- ခန္ဓာကိုယ်ကို လူးတတ်လာမယ်
၆။ (၆) လသား
- မှန်ကြည့်ရတာ သဘောကျလာမယ်
- သူ့နာမည်ကြားတာနဲ့ ပြန်ပြီးတုံ့ပြန်တတ်လာမယ်
- လုံးလုံးထွေးထွေးစကားတချို့ပြောမယ် (မေမေ၊ဖေဖေ)
- အရာဝတ္ထုတစ်ခုခုကို ပါးစပ်ထဲထည့်တတ်လာမယ်
- သွာလေးတွေပေါက်လာမယ်
၇။ (၇) လသားအရွယ်
- လက်တစ်ဖက်နဲ့တစ်ဖက်ကို ပစ္စည်းလေးတွေပြောင်းပေးတတ်လာမယ်
- မျက်လုံးပိုပြီးမြင်လာမယ်
- အသံက ဒေါသထွက်နေတာလား၊ ဝမ်းနည်းနေတာလားဆိုတာကို ခွဲခြားတတ်လာမယ်
- ဖွက်ထားတဲ့ပစ္စည်းကိုတောင်ရှာတတ်လာမယ်
၈။ (၈) လအရွယ်
- မျက်နှာအမူအယာအမျိုးလုပ်တတ်လာမယ်
- တစ်ခုခုကိုကိုင်ပြီး မတ်တပ်ရပ်တတ်လာမယ်
- လက်ညိုးလေး လက်မလေးသုံးပြီး ပစ္စည်းတွေကိုင်တတ်လာမယ်
- ဒေါသထွက်တာ၊ မကျေနပ်တာကို ပြတတ်လာမယ်
- သီချင်းသံကြားရင် ကတတ်လာမယ်၊ ကစားတတ်လာမယ်
၉။ (၉) လသား
- သူတို့ကြိုက်တဲ့အရုပ်လေးတွေရှိလာမယ်
- မတူညီတဲ့အသံတွေအမျိုးမျိုးလုပ်တတ်လာမယ်
- သူတို့ကစားချင်တဲ့အရုပ်ကို ယူပြီးကစားတတ်လာမယ်
၁၀။ (၁၀) လသား
သင်ပြောတဲ့စကားတချို့ကို သူနားလည်လာမယ်
လက်လေးတွေမြောက်ပြီး သူကြိုက်တဲ့ပစ္စည်းကို ယူခိုင်းတတ်လာမယ်
သူ့ကိုယ်သူခွက်လေးတွေ မကိုင်တတ်ကိုင်တတ်နဲ့ ရေသောက်ချင်လာမယ်
၁၁။ (၁၁) လသား
- သူလိုချင်တဲ့ပစ္စည်းဘယ်မှာရှိသလဲဆိုတာ ညွှန်ပြတတ်လာမယ်
- ဘာမှမကိုင်ဘဲ ခဏလေးမတ်တပ်ရပ်တတ်လာမယ်
- အမြင်အာရုံပိုပြီးတိုးတက်လာမယ်
- သူ့တို့ပါးစပ်ထဲကိုသူတို့ အစားခွံတတ်လာမယ်
- မလိုချင်တာကို လွှင့်ပစ်တတ်လာမယ်
၁၂။ (၁၂) လသား
- မတ်တပ်ကောင်းကောင်းရပ်နိုင်လာမယ်
- လမ်းလေးနည်းနည်းလျှောက်လာနိုင်မယ်
- သင်စကားပြောတာကို ပိုပြီး အာရုံစိုက်လာနိုင်မယ်
- မေမေ ဖေဖေကိုပီပီသသ ခေါ်လနိုင်မယ်
- ပိုပြီးချစ်စရာကောင်းလာမယ်
Source: www.brightside.me
By: MyStyle Myanmar