တစ်ချို့သူတွေဟာ ရုပ်လက္ခဏာ ကျန်းကျန်းမာမာကြီး ရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ရှိထားပါတယ်။ Psychopath လို့ခေါ်တဲ့ စိတ်မူမမှန်ခြင်းဟာ ကုစားရမယ့် ဝေဒနာဖြစ်ပြီး Psychopath တော်တော်များများမှာ အခုပြောမယ့် လက္ခဏာတွေ ရှိတတ်ပါတယ်။

(၁) အတ္တစွဲကြီးတယ်

ကိုယ့်ကိုယ်ကို ဗဟိုပြုလွန်းခြင်း ၊ အထင်ကြီးလွန်းခြင်း နဲ့အောက်ခြေလွတ်ခြင်းဟာ စိတ်မူ မမှန်တဲ့ရောဂါ လက္ခဏာတွေထဲမှာ ပါပါတယ်။ Narcissism လို့ခေါ်တဲ့ မာန်တက်ခြင်းကြုံနေသူဟာ သူ့ကိုယ်သူ လူမှူစံနဲ့ဥပဒေတွေရဲ့ အထက်မှာ ရှိနေသူလို့ ယုံကြည်တတ်ကြပြီး ဒီအစွဲဆိုးလာသူဟာ လူ့အဖွဲ့အစည်းကိုပါ အန္တရာယ်ပေးသူတွေ ဖြစ်တတ်ပါတယ်။

(၂) ပုံပြင်တွေ ဖန်တီးတတ်တယ်

Psychopath တွေဟာ တစ်ခါတစ်ရံမှာ ထူးခြားဆန်းပြားပြီး စိတ်လှူပ်ရှားစရာ ဇာတ်ကြောင်းတွေကို ငေးလောက်အောင် ပြောနိုင်သူတွေ ဖြစ်ပါတယ်။ လူတွေ ယုံအောင် ကျအောင် ပြောနိုင်သူတွေ ဖြစ်ပြီး တစ်ခါလောက် သူတို့နဲ့စကားပြောကြည့်ရင် ဘယ်လောက် ယုံစရာကောင်းသလဲဆိုတာ တွေ့တတ်ပါတယ်။

တကယ်က Psychopath တွေဟာ လူတွေကို ဖမ်းစားနိုင်တဲ့ အကြောင်းအရာတွေကို စီစဉ်နိုင်သူတွေ ဖြစ်ပြီး လူတွေ အထင်ကြီးအောင်လည်း လုပ်ပြတတ်ပါတယ်။

(၃) မစဉ်းစားဘဲ ဝုန်းဒိုင်းလုပ်ရဲတယ်

သာမန်စိတ် သာမန်အတွေး ရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို နာအောင် လုပ်ဖို့သိပ်ခက်ပါတယ်။ စိတ်ဝေဒနာဖြစ်လာရင်တော့ မလုပ်ရဲတာတွေ လုပ်လာပါတယ်။ အနုစား စိတ်မူမမှန်ရင်တောင် ကိုယ်အသားနာမှာ မစဉ်းစားတော့ပါဘူး။

(၄) ပျင်းတယ်လို့မရှိဘူး

တကယ်က သူတို့ဟာ တစ်ခုခုနဲ့သူတို့ကိုယ်သူတို့အလုပ်များအောင် လုပ်ထားသူတွေ ဖြစ်ပါတယ်။ ဘာလုပ်မလဲ စဉ်းစားမယ့်အစား ဘာမှမစဉ်းစားဘဲ ကောက်ပြီး လုပ်တတ်သူတွေ ၊ ပျင်းတာကိုသည်းမခံတဲ့သူတွေပါ။

(၅) မမျှော်လင့်ထားတာတွေ ပြုမူတယ်

ရုတ်တရပ်ကြီး စိတ်ထ ထဖောက်တာဟာ Psychopath တစ်ယောက်ရဲ့ လက္ခဏာပါ။ ဒါဟာ ရှက်စရာလား ၊ လုပ်သင့် မလုပ်သင့်သလားဆိုတာ သူမစဉ်းစားတော့ပါဘူး။ သူဟာ စိတ်ခံစားမှူ ရိုလာကိုစတာ စီးနေသူဖြစ်ပါတယ်။

(၆) တစ်ခြားသူတွေရဲ့ စိတ်ကို ပိုဖတ်နိုင်တယ်

Psychopath တွေရဲ့ နောက်ထပ် Skill တစ်ခုက ထူးခြားပါတယ်။ သူတို့ဟာ တစ်ခြားသူတွေနဲ့မတူတဲ့ Emotion Experiences တွေ ရှိပါတယ်။ အဲဒါကတော့ တစ်ခြားသူတွေ စိတ်ခံစားချက်နဲ့တုန့်ပြန်မှူကို သိနေတာပါပဲ။

ဒီလို ဖတ်နိုင်လို့လည်း သူပစ်မှတ်ထားတဲ့ သားကောင်ရဲ့ အားနည်းချက်ကို ထောက်လှမ်းနိုင်ပြီး အကြမ်းဖက်နိုင်ပါတယ်။