လည်ပင်းမှာအဆီတွေရှိနေရင် ဝသလိုပိုဖြစ်စေတယ်၊ ဝတာလည်း ပိုပြီးပေါ်လွင်စေပါတယ်။ ဒါကြောင့် လည်ပင်းမှာရှိတဲ့အဆီီတွေ လျော့ကျသွားစေမယ့် လေ့ကျင့်ခန်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ လည်ပင်းမှာရှိတဲ့အဆီတွေ လျော့ကျသွားရုံတင်မဟုတ်ပဲ မေးစိအောက်ကအဆီတွေ၊ မေးစိနှစ်ထပ်ဖြစ်တာတွေပါ လျော့ကျသွားစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ခေါင်းကိုအပေါ်မော့ပြီး နှုတ်ခမ်းကိုလည်း ပုံမှာပြထားတဲ့အတိုင်းလုပ်ပြီး လေရှူလိုက်၊ လေထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။ အဲ့ပုံစံအတိုင်း စက္ကန့် ၂၀ နေပေးရပါမယ်။ ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် နောက်ထပ် ကိုယ်လုပ်ချင်သလောက် ထပ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း နှုတ်ခမ်းကို ငါးပါးစပ်ပုံစံ လုပ်ပေးပါ။ အဲ့ပုံအတိုင်း ၅ စက္ကန့်နေပြီး ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ကိုယ်လုပ်နိုင်သလောက် ထပ်လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက မေးရိုးနဲ့ မေးစိကအဆီတွေ လျော့ကျစေပါတယ်။

နောက်လေ့ကျင့်ခန်းကတော့ ဘောလုံးနဲ့လုပ်ပေးရမှာပါ။ မေးစိအောက်မှာ ဘောလုံးကိုညှပ်ပြီး အပေါ်အောက် ပွတ်ဆွဲပြီး လေကျင့်ခန်းလုပ်ပေးရမှာပါ။ အကြိမ် ၂၀ ကနေ ၃၀ အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးလို့ရပါတယ်။

ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း ၆၀ ဒီဂရီလောက် ထောင်ထားပါ။ လက်ကခေါင်းကိုကိုင်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်ပြည့်အောင် နေပေးရပါမယ်။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင်တော့ ပြန်လုပ်ပေးရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၁၅ ကြိမ် (သို့) အကြိမ် ၂၀ ပါ။

ပထမပုံထဲကလိုအနေအထားနဲ့ စပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ခေါင်းကို အပေါ်မော့ပြီး ၁၀ စက္ကန့်နေပါ။ ပြီးရင် တတိယပုံထဲကလို ခေါင်းငုံ့ပြီး ၁၀ စက္ကန့်နေပါ။ ပြီးရင် ပထမပုံထဲကလိုပြန်နေပါ။ အဲ့အတိုင်းပဲ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းကတော့ အရမ်းလွယ်ပါတယ်။ လက်တစ်ဖက်နဲ့ခေါင်းကို ထိန်းကိုင်ပြီး ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးရမှာပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ အကြိမ် ၂၀ ပါ။

ပထမပုံထဲကလိုပုံစံအတိုင်းလုပ်ပြီး ၁ မိနစ်ပြည့်အောင်နေပေးပါ။ အချိန်ပြည့်ရင် ဒုတိယပုံထဲကလိုပြောင်းလုပ်ပြီး ၁ မိနစ်ပြည့်အောင် ထပ်နေပါ။ အဲ့အတိုင်း ကိုယ်လုပ်နိုင်သလောက် အကြိမ်အရေအတွက်အတိုင်း လုပ်ပေးသွားရပါမယ်။

ဒီလေ့ကျင့်ခန်းကတော့ မျက်နှာသုတ်ပုဝါကို သုံးပြီး လုပ်ပေးရမှာပါ။ မျက်နှာသုတ်ပုဝါကို ပခုံးပေါ်တင်ထားပြီး ပထမပုံထဲကလို မျက်နှာသုတ်ပုဝါအစနှစ်ဖက်ကိုဆွဲပြီး ခေါင်းအပေါ်မော့ပါ။ ပြီးရင် မျက်နှာသုတ်ပုဝါအစနှစ်ဖက်ကိုဆွဲပြီး ဒုတိယပုံထဲကလို ခေါင်းနည်းနည်းငုံ့ပါ။ အဲ့အတိုင်း ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။