တစ်ဆက်တည်း အပေါ်ထပ် အင်္ကျီ၊ ဘောင်းဘီ (Overall) များသည် မည်သည့်အရောင်ရှိ၍ မည်သို့သောအသားကိုအသုံးပြုထားသည်ဆိုစေကာမူ နှစ်တိုင်းနှစ်တိုင်း မျက်လုံးထဲမရိုးနိုင်အောင် အမြဲအမြင်ဆန်းသစ်နေသည့် ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ခေတ်မီစတိုင်ကျ၍ အချိန်နေရာမရွေးသောအနက်ရောင်သည် ရာသီမည်မျှပြောင်းလဲသွားသော်လည်း မည်သို့သောအခါမှ ဒိတ်အောက်မသွားနိုင်ပေ။ Overall များကို ကြိုက်နှစ်သက်သော်လည်း စတိုင်ကျကျနှင့် လိုက်ဖက်ညီအောင် ဘယ်လိုဝတ်ဆင်ရမလဲမသိသေးသော ပျိုမေလေးများအတွက် လွယ်ကူရိုးရှင်းသောနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

ဖဲသား Overall တစ်စုံကို ကွင်းထိုးဖိနပ်အပါးနှင့် ခေါင်းလောင်းလက်ရှိသောအပေါ်အင်္ကျီတစ်ထည်တို့ဖြင့် လိုက်ဖက်ညီစွာ ၀တ်ဆင်ပေးနိုင်ပါတယ်။

နောက်တစ်မျိုးအနေဖြင့် သားရေသား Overall ကို အဖြူရောင်တီရှပ်၊ ထသွားထလာပုံစံရှိသည့် ဒေါက်ဖိနပ်များဖြင့် အတွဲညီညီတွဲဖက်ပေးနိုင်ပါတယ်။

ချစ်ရသူနှင့် ဒိတ်လုပ်ရန်ချိန်းထားသည့်အချိန်အတွက် စိတ်ကူးယဉ်ဆန်သောအပွင့်ဒီဇိုင်းအပေါ်အင်္ကျီနှင့် ထိပ်ချွန်ဒီဇိုင်းဒေါက်ဖိနပ်အတွဲတို့က အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။

သားရေ Overall ကို ပုခုံးကျလက်ဒီဇိုင်း အပေါ်အင်္ကျီနှင့် ပေါင်းစပ်လိုက်သည့်အခါ ခေတ်မီစတိုင်ကျသောပွဲတက်ဖက်ရှင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

တနေရာမှ တနေရာသို့ ကူးသန်းသွားလာနေရသည့်အချိန်များတွင် Overall၊ ရှုးဖိနပ် နှင့် ရိုးရိုးတီရှပ်များကို ၀တ်ဆင်ထားခြင်းလောက် လွတ်လပ်မှုရှိလိမ့်မည်မဟုတ်ပေ။

Overall အတွင်းမှာမှ ကြယ်သီးတပ်ဘလောက်စ်အင်္ကျီကို ၀တ်ဆင်ထားပြီး အပေါ်မှနေ၍ ကုတ်အင်္ကျီကိုလွှားထားခြင်းသည် အပ်ချုပ်ဆိုင်တွင် သေချာစနစ်တကျ သွားရောက်အပ်နှံထားသည့် အသွင်ကိုပေးစွမ်းနိုင်ပါတယ်။

အစက်အပြောက်ပါ ဘလောက်စ်အင်္ကျီနှင့် ပေါ်လွင်ထင်ရှားနေစေမည့် အနီရောင်ကို Overall နှင့် ပေါင်းစပ်ဝတ်ဆင်ထားသောကြောင့် တချိန်တည်းမှာပင် မိန်းမဆန်၍ ချစ်စဖွယ်အသွင်ကိုပါ ရရှိနိုင်ပါတယ်။