ဘောင်းဘီတိုဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဖက်ရှင်ကျပြီးမိမိုက်နေစေမယ့် Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။ ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျပြီးမိုက်အောင် ဝတ်လို့ရတဲ့ Outfit Idea လေးတွေလည်း ပါပါတယ်။

Tee အနက်ရောင်ဗြောင်ကို ဘောင်းဘီတိုအနက်ရောင် အကြပ်လေးနဲ့ တွဲဝတ်တာက ရိုးရိုးရှင်းရှင်းပါပဲ။ ဖိနပ် Idea နဲ့ မျက်မှန်ကြောင့် ဖက်ရှင်ကျပြီးမိုက်သွားစေတာပါ။

ဒီ Outfit Idea ဆိုလည်း ရှင်းရှင်းလေးနဲ့မိုက်ပါတယ်။ ဝတ်ရတာလည်း လွတ်လပ်ပေါ့ပါးမှုရှိစေတာကြောင့် ထသွားထလာအတွက် အဆင်ပြေသလို ခရီးသွားတဲ့အခါမှာလည်း အရမ်းအဆင်ပြေစေပါတယ်။

အထာကျကျ၊ ဖက်ရှင်ကျကျနဲ့ မိမိုက်နေစေမယ့် Outfit Idea လေးပဲ ဖြစ်ပါတယ်။ ဘောင်းဘီအတိုဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒီ Outfit လေးကို ဝတ်ကြည့်လိုက်နော်။

အမြင်ဆန်းပြီး ဖက်ရှင်ကျမိမိုက်စေမယ့် Outfit Idea လေးပါ။ ဒီ Outfit လေးအတိုင်း ဝတ်မယ်ဆိုရင် ခါးပတ်ပတ်ဖို့လည်း လုံးဝမမေ့ပါနဲ့။

ဒီ Outfit Idea လေးဆိုရင် တွဲစပ်ထားတဲ့ Color လေးတွေက Fresh ဖြစ်စေပါတယ်။ ဖက်ရှင်ကျပြီး လူငယ်ဆန်ဆန်နဲ့ မိုက်နေစေမယ့်ပုံစံလေးပါ။

ဘောင်းဘီအတိုဝတ်ရတာကြိုက်တဲ့သူတွေအတွက်တော့ Jeans ဘောင်းဘီအတိုနဲ့ အနက်ရောင် Tee ဗြောင်ကို တွဲဝတ်တဲ့ Outfit မျိုးကတော့ မပါမဖြစ်ပါပဲ။ ရိုးရှင်းပြီး ဖက်ရှင်ကျလှပနေစေမယ့် Outfit Idea လေးပါ။

ဘောင်းဘီအတိုဝတ်ရတာ ကြိုက်တဲ့သူတွေအတွက် နောက်ထပ် ဖက်ရှင်ကျပြီးမိုက်နေစေမယ့် Outfit Idea လေးပါ။

အင်္ကျီ၊ ဘောင်းဘီနဲ့ ဦးထုပ် Color က လုံးဝကို Match ဖြစ်နေတဲ့အတွက် ကြည့်ရတာ အမြင်တစ်မျိုးလေးဖြစ်ပြီး လှလည်းလှသလို မိုက်လည်းမိုက်တဲ့ Outfit Idea လေးပါ။

ဒီလို Outfit Idea လေးဆိုရင် နွေရာသီနဲ့ အရမ်းလိုက်ဖက်တဲ့ လူငယ်ဆန်ဆန်ပုံစံလေးပါ။ Color တွေစုံနေတာကိုက လူငယ်ဆန်ပြီး သွက်လက်တဲ့ပုံစံလေး ဖြစ်နေစေတာပါ။

ပူအိုက်တဲ့အချိန်မျိုးမှာ ဝတ်ဖို့အသင့်တော်ဆုံး Outfit Idea လေးပါ။ ရှင်းရှင်းလေးနဲ့ မိုက်နေမှာ သေချာပါတယ်။