ကျန်းမာနုပျိုတဲ့ အသားအရေပိုင်ဆိုင်ဖို့ သံပယိုသီးက အရေးပါတဲ့ ကဏ္ဍတစ်နေရာက ပါဝင်နေပါတယ်။ အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာအများစုကို သံပယိုသီးက ဖြေရှင်းပေးနိုင်ပါတယ်။ အလှကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေမှာလည်း သံပယိုသီးက နေရာယူနေတာ ပျိုမေတိုင်း သိပြီးသားဖြစ်မှာပါ။

သံပယိုသီးက အရေပြားအတွက်သာမက သွားကျန်းမာရေး လက်သည်းကျန်းမာရေး ဆံပင်ကျန်းမာရေးတွေအတွက် အသုံးဝင်နေတာ သံသယဝင်စရာမရှိပါဘူး။ မိန်းကလေးတိုင်းသိသင့်တဲ့ သံပယိုသီးရဲ့ အလှအပကောင်းကျိုး ၇ မျိုးကို ပြောပြပေးချင်ပါတယ်။ သဘာဝကလာတဲ့ သစ်သီးတစ်မျိုးမို့ ပျိုမေတိုင်း အလှအပအတွက် သံသယကင်းစွာ အသုံးပြုနိုင်တာတော့ အသေအချာပါပဲ။

၁။ အရေပြားကို အာဟာရဖြည့်တင်းပေးပါတယ်

Source: FashionLady

အိပ်ရာမဝင်ခင် သံပယိုသီးကို ဂွမ်းစထဲ ညှစ်ထည့်ပြီး မျက်နှာပေါ်သုတ်လိမ်းပေးတာက သင့်အသားအရေကို တောက်ပစေပါတယ်။ ပြီးတာနဲ့ မျက်နှာကို ရေနဲ့ဆေးချပါ။ မနက်မှာတော့ နေလောင်ကာခရင်လိမ်းဖို့ မမေ့နဲ့နော်။

၂။ ဆံသားကို တောက်ပစေပါတယ်

Source: Pinterest

ဆံပင်ကို သံပယိုသီးရည် ထည့်ထားတဲ့ စပရေးနဲ့ ဖြန်းပေးပါ။ ပြီးရင် နေရောင်အောက် ရောက်တာနဲ့ သင့်ဆံပင်တွေ နဂိုထက် တောက်ပနေတာကို သတိပြုမိမှာပါ။

၃။ မျက်နှာပေါ်က အစက်အပြောက်တွေကို ဖယ်ရှားပေးပါတယ်

Source: Fab How

အမည်းစက်တွေ အမည်းကွက်တွေရှိတဲ့ ပျိုမေတွေအတွက် သံပယိုသီးက အထူးအသုံးဝင်ပါတယ်။ ဂွမ်းလုံးထဲ သံပယိုသီးညှစ်ပြီး မျက်နှာမှာ လိမ်းပြီး ၁၅ မိနစ်ထားပေးပါ။ ပြီးတာနဲ့ရေဆေးချပါ။ သံပယိုသီးက အက်ဆစ်ဓာတ်ရှိတာမို့ မျက်နှာအနည်းငယ်တော့ စပ်သလိုဖြစ်ပါလိမ့်မယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်တစ်မျိုးမျိုး လိမ်းဖို့ မမေ့သင့်ပါဘူး။

၎။ နှုတ်ခမ်းကွဲတာကို ကာကွယ်ပေးပါတယ်

Source: Awaaz-Nation

အရေပြားခြောက်တာ လေထုအေးတာနဲ့ ဗီတာမင်ချို့တဲ့မှုတွေကြောင့် နှုတ်ခမ်းအက်ကွဲနိုင်ပါတယ်။ ဒီပြဿနာအတွက်အိပ်ရာမဝင်ခင် သံပယိုသီးကို နှုတ်ခမ်းမှာလိမ်းပေးပါ။

၅။ ဆားဝက်ခြံတွေကို သက်သာစေပါတယ်

Source: Reader’s Digest

သံပယိုသီးပါဝင်တဲ့ ဝါဂွမ်းကို ဆားဝက်ခြံရှိရာနေရာမှာ ပွတ်ပေးပါ။ ပြီးတာနဲ့ရေဆေးချပါ။

၆။ လက်သည်းကို အာဟာရဓာတ်ပေးပါတယ်

Source: 7BeautyTips

လက်သည်းလွယ်လွယ်နဲ့ မကျိုးဖို့ လက်သည်းရောင် ကြည်ကြည်လေးဖြစ်ဖို့ သံပယိုသီးကို လက်သည်းပေါ်ပွတ်ပေးပါ။

၇။ ချွေးနံ့ပျောက်ဆေးအနေနဲ့ သုံးနိုင်ပါတယ်

Source: Collective Evolution

သံပယိုသီးအရည်၊ OatMeal နဲ့ ပျားရည်ကို ရောပေးပါ။ ချွေးနံ့ရတဲ့ နေရာပေါ် လိမ်းပေးပါ။ တစ်နာရီထားပြီး ဆေးချပါ။ ဒီလိုလုပ်တာက သင့်ချွေးနံ့ကို ပျောက်ကင်းစေပါတယ်။ ဂျိုင်းချွေးနံ့ပြင်းသူဆိုရင်လည်း သံပယိုရည်ကို မနက်တိုင်း ဂျိုင်းမှာ လိမ်းပေးပါ။ ဒီလိုလုပ်တာက ဂျိုင်းချွေးနံ့ ပျောက်ရုံမက ဂျိုင်းကိုပါ ဖွေးစေပါတယ်။

By MyStyle Myanmar