မိဘတွေဖြစ်လာပြီဆိုရင် သားသမီးဆိုတာ ရင်နှစ်သည်းချာလေးတွေပါပဲ။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်တာ မိဘတိုင်းသိကြမှာပါ။ ကလေးတစ်ယောက် အရွယ်ရောက်လာဖို့ အချိန်တွေ အင်အားတွေအများကြီးစိုက်ထုတ်ရပါတယ်။ သေးသေးမွှားမွှားလေးလို့ ထင်ရပေမယ့် ကလေးတွေရဲ့ အပြုအမူတွေနဲ့ ပတ်သတ်လို့ လျစ်လျူမရှုသင့်တဲ့အပြုအမူလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ တခြားလူတွေ နိုင်ထက်စီးနင်းပြုနေတာ မကောင်းလုပ်နေတာတွေကို လျစ်လျူရှုထားခြင်း။

ဖြေရှင်းနည်း – သင့်ရဲ့ ကလေးကို အတင်းအဖျင်းပြောတာနဲ့ အသိစိတ်နဲ့ပြောပြတာဆိုတာ နှစ်ခုကြားမှာ ဘာတွေကွာသလဲ ဘာတွေခြားနားချက်တွေရှိသလဲဆိုတာ သေချာရှင်းပြသင့်ပါတယ်။ ကလေးတွေပြောလာတဲ့စကားတွေကို နားထောင်ပြီး ဆုံးဖြတ်ပေးပါ။ သူတို့လေးတွေဟာ ငယ်ရွယ်သေးတဲ့အတွက် အခြေအနေတစ်ခုကိုနားလည်အောင် ရှင်းပြပေးပြီး ပြဿနာတစ်ခုကို အတူတူ အဖြေရှာကြပါ။

၂။ မောင်နှမချင်း အူတိုခြင်း ၊ ပြိုင်ဆိုင်ခြင်း။

ဖြေရှင်းနည်း – ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပါ။ ကလေးတွေအချင်းချင်း ရန်မဖြစ်ဖို့ တားမြစ်ထားပါ။ ညီအကိုအချင်းချင်း မောင်နှမအချင်းချင်း အသင့်အဖွဲ့တစ်ခုကို အချင်းချင်း ဖေးမကူညီတတ်ဖို့ သင်ပေးပါ။ တစ်ယောက်ရဲ့ ခံစားချက်ကိုတစ်ယောက် လေးစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်းပြပါ။ အသေးအမွှားကိစ္စလေးတွေကအစ ကလေးနှစ်ယောက်လုံးကို မျက်နှာသာမပေးဘဲ တန်းတူဂရုစိုက်ပါ။

၃။ ခိုးဝှက်တတ်ခြင်။

ဖြေရှင်းနည်း – သိပ်ကိုအရေးကြီးပါတယ်။ ကိုယ်ကသိပြီဆိုရင် စိတ်ကိုငြိမ်ငြိမ်ထားပါ။ အေးအေးဆေးဆေး ဖြေရှင်းပါ။ ဒီလိုလုပ်တာ မကောင်းကြောင်း မှားကြောင်းရှင်းပြပါ။ ပြီးရင် ပိုင်ရှင်ကိုပြန်ပေးဖို့ တောင်းပန်စကားပြောဖို့ သင်ပေးပါ။ ခိုးတတ်ဝှက်တတ်တာဟာ အကျင့်ပါသွားရင်နောက်ပိုင်းမှာလည်း သူများပစ္စည်းတွေ ခိုးတာဝှက်တာတွေထိဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ အပြုအမူလေးတွေကို ဂရုစိုက်ပါနော်။

၎။ လေးလေးစားစား မဆက်ဆံတဲ့ အပြုအမူတွေ

ဖြေရှင်းနည်း – ကလေးတွေကို မိဘတွေကိုယ့်ထက်အသက်ကြီးသူတွေကို လေးလေးစားစား ဆက်ဆံဖို့ ငယ်သူတွေကို ဖေးမကူညီဖို့ သင်ပေးပါ။

၅။ လိမ်လည်ခြင်း

အသေးအမွှားဆိုပေမယ့် မိဘတွေ လျစ်လျူမရှုသင့်တဲ့ ကလေးတွေရဲ့ အပြူအမူ ၇ မျိုး

ဖြေရှင်းနည်း – သင့်ရဲ့ကလေးကို ရိုးသားမှုနဲ့ ယုံကြည်မှုဟာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ဘယ်လောက်အရေးကြီးကြောင်း နားလည်အောင်ရှင်းပြပေးပါ။ သင့်တော်တဲ့အပြစ်ပေးဖို့ အချိန်ယူစဉ်းစားပြီး အပြစ်ပေးပါ။ လိမ်ညာတာကို လုံးဝ လက်မခံနိုင်ကြောင်း ၊ ဘယ်လောက် ဆိုးကြောင်းရှင်းပြပါ။

၆။ ကလေးက ကိုယ့်ကို အနှောင့်အယှက်ပေးခြင်း

ဖြေရှင်းနည်း – ကိုယ်က အလုပ်ကိစ္စစကားပြောနေတဲ့အခါ ၊ လူကြီးတွေနဲ့ တွေ့တဲ့အခါ ကလေးတွေက တခါတလေ အနှောင့်အယှက်ပေးတတ်ပါတယ်။ ကလေးကို မအော်မငေါက်ပါနဲ့။ သာမန်လေသံအေးအေးလေးနဲ့ ပြောပါ။ ပြီးရင် မိဘတွေ အလုပ်ကိစ္စပြောတဲ့အခါ ဒီလို မလုပ်သင့်ကြောင်း ဘာလို့မလုပ်သင့်ကြောင်း သေချာရှင်းပြပေးပါ။

၇။ ရိုင်းစိုင်းတဲ့အပြုအမူတွေ

ဖြေရှင်းနည်း – ကိုယ်ကအလုပ်တွေတအားရှုပ်နေတာကို ကလေးက အလိုက်မသိဘဲ ဆော့နေတာမျိုး ဂရုမစိုက်ဘဲနေတာမျိုးမဖြစ်ရလေအောင် ကူညီသင့်ကြောင်းပြောပြပါ။ တစ်ယောက်ယောက်အိမ်ကို သွားတဲ့အခါမှာပဲဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်သူ တစ်ခုခု အခက်တွေ့ အကူအညီလိုနေတဲ့အခါပဲဖြစ်ဖြစ် ကူညီသင့်ကြောင်း မရိုင်းသင့်ကြောင်းရှင်းပြပါ။ မိဘကိုကူညီတာ မိတ်ဆွေသူငယ်ချင်းတွေကို ကူညီတာ ဘယ်လောက်အရေးကြီးကြောင်း ရှင်းပြပေးပါ။