အမြင်အာရုံကြည်လင်စေဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူ ရိုးရှင်းတဲ့အတွက် နေ့တိုင်း မိနစ်ပိုင်းလောက် အချိန်ပေးပြီး လုပ်ကြည့်သင့်ပါတယ်။ ကလေးကစလို့၊ သက်ကြီးပိုင်းတွေအထိ အားလုံးလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပါ။

မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ ၂ မိနစ်လုပ်ပေးပါ။

မျက်လုံးကိုပြူးပြီး ၅ စက္ကန့် စိုက်ကြည့်ပါ။ ပြီးရင် ပြန်မှိတ်ပြီး ပြန်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပေးရမှာပါ။

မျက်လုံးကို ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့အုပ်ပြီး ၂ စက္ကန့်လောက် နှိပ်နယ်ပေးပါ။ ၃ ကြိမ်လုပ်ပေးရင် ရပါပြီ။

နှာခေါင်းနဲ့တည့်တည့်မှာ လက်မကိုထားပြီး မျက်လုံးနှစ်ဖက်က လက်မကို စုံကြည့်ပေးရပါမယ်။ မျက်လုံးက ပုံမှာပြထားတဲ့အတိုင်း ထောင့်ကပ်နေရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၀ ကြိမ်လုပ်ပေးပါ။

မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပြီး ၅ စက္ကန့်နေပေးပါ။ ပြီးရင် ပြန်ဖွင့်ပြီး ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။

မျက်လုံးနှစ်ဖက်လုံးကို လှည့်ပြီး ကစားပေးရမှာပါ။ ဘယ်ဘက်ကစပြီး နာရီလက်တံလှည့်သလို ၄ ကြိမ်ကစားပါ။ ပြီးရင် ညာဘက်ကစပြီး နာရီလက်တံလှည့်သလို ၄ ကြိမ်ကစားပါ။

မျက်လုံးနှစ်ဖက်လုံးကို ထောင့်ဘက်ကို ကပ်ပြီး ကြည့်ပါ။ အဲ့အတိုင်း ဘယ်ဘက်ထောင့်ကိုကြည့်တာ ၆ ကြိမ်၊ ညာဘက်ထောင့်ကိုကြည့်တာ ၆ ကြိမ် လုပ်ပေးရပါမယ်။

Source: www.brightside.me