အသက်ငယ်ပေမယ့် ရင့်ကျက်လိုက်တာနော်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ရင့်ကျက်တယ်ဆိုတာ သူတို့ရဲ့ ရှိရင်းရှိအသက်ထက်ပိုပြီး လူတွေအကြောင်း နားလည်နေတာ၊ ပိုပြီး သိနေတာကို ဆိုလိုတာပါ။

အေးချမ်းတိတ်ဆိတ်ခြင်းကို မြတ်နိုးတဲ့သူတွေပါပဲ။ မွေးကတည်းက သူတို့နဲ့ ရွယ်တူတွေနဲ့ သိပ်ပေါင်းလေ့မရှိဘဲ သူတို့ထက်အသက်ကြီးတဲ့သူတွေနဲ့ ပေါင်းလေ့ရှိကြတဲ့သူတွေပါ။ အဲဒါဆိုတော့ Old Soul လို့ခေါ်ပါတယ်။ ကိုယ်ဟာ အဲဒီလို Old Soul ဆိုတဲ့လူမျိုးထဲမှာ ပါသလားဆိုတာ ကြည့်ရအောင်ပါ။

၁။ သင့်မှာ သူငယ်ချင်းနည်းနည်းပါးပါးပဲရှိတယ်

သူတို့တွေဟာ တခြားသူတွေနဲ့ ပေါင်းသင်းရခက်ခဲပါတယ်။ အထူးသဖြင့် အသက်တူတဲ့သူတွေနဲ့ပါ။ ရွယ်တူသူငယ်ချင်းတွေ လုပ်တဲ့ကိစ္စတွေကို စိတ်မ၀င်စားပါဘူး။ သူတို့ထက်ကြီးတဲ့သူတွေ ဆရာဆရာမတွေနဲ့သာ ပေါင်းသင်ချင်စိတ်ရှိသူတွေပါ။

၂။ အသိပညာဗဟုသုတတွေရှာဖွေဖို့ စိတ်အားထက်သန်တယ်

သူတို့တွေဟာ အတွေ့အကြုံ ဗဟုသုတသစ်တွေကို ရှာဖွေဖို့ စိတ်အားထက်သန်တဲ့သူဖြစ်တယ်။ သင့်မှာ ရည်မှန်းချက်တွေအများကြီးရှိပြီး စိန်ခေါ်မှုတွေကို သဘောကျပါတယ်။

၃။ အခြေအနေတစ်ခုကို အလွယ်တကူ ထိန်းနိုင်တဲ့သူ

သင်ဟာ စိတ်ဆိုးနေရင်တောင် ချက်ချင်းပြုံးနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး ပြောင်းလဲရမှာကို မကြောက်တဲ့သူတွေပါ။ သူတို့ကိုယ်သူတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာကို လက်ခံထားပြီး လိမ်လည် လှည့်ဖျားတာတွေကိုလည်း Welcome ပါပဲတဲ့။ တခြားသူတွေအတွက် စိတ်ဖိစီးစရာဖြစ်တဲ့ အခြေအနေတစ်ခုကို အလွယ်တကူ ဖြေရှင်းနိုင်သူဖြစ်ပါတယ်။

၎။ ရှေးကိုကြိုမြင်တဲ့သူတွေ

သူတို့တွေဟာ ဘယ်တော့မှ အလွယ်တကူ စိတ်မဆိုးတတ်ကြပါဘူး။ ကိစ္စသေးသေးလေးတွေအပေါ် ဖီးလ်လည်းမဖြစ်ပါဘူး။ ရှေးကိုကြိုမြင်တတ်တဲ့သူတွေပါ။

၅။ ကိုယ်ပိုင်ခံယူချက်ရှိကြတယ်

သူတို့တွေဟာ ကိုယ်ပိုင်ခံယူချက်တွေရှိကြပါတယ်။ တခြားသူတွေနဲ့ မတူညီဘဲ ကွဲပြားခြားနားနေမှာကို စိုးရိမ်မှုမရှိကြတဲ့သူတွေပါ။ လူတွေဘယ်လိုမြင်မြင် သူတို့ဟာ ဂရုမစိုက်တတ်ပါဘူး။

၆။ အကြံဥာဏ်ကောင်းတွေပေးနိုင်တဲ့သူတွေ

သူတို့လက်ရှိရှိနေတဲ့ အသက်အရွယ်နဲ့မလိုက်အောင် ကောင်းမွန်တဲ့ အကြံဥာဏ်တွေ ပေးတတ်တဲ့သူတွေပါ။ တခြားသူတွေရဲ့ လေးစားယုံကြည်မှုကိုခံရသူတွေလည်းဖြစ်ပါတယ်။

၇။ ဘာမဟုတ်တာလေးနဲ့ စိတ်ဖိစီးမခံတဲ့သူတွေ

ရှိရင်းရှိအသက်ထက် ပိုရင့်ကျက်ပြီး လူတွေအကြောင်း ပိုသိတဲ့သူဖြစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

သူတို့ဟာ ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေအတွက် စိတ်ပင်ပန်းမခံတဲ့သူတွေပါ။ အေးချမ်းတဲ့ဘ၀ကို မြတ်နိုးသူတွေဖြစ်ပါတယ်။