ကယ်လိုရီတွေလျော့ကျသွားအောင် တကူးတက အချိန်ပေးပြီးမလုပ်ချင်သူများအတွက် အိမ်မှာ တီဗီလေးကြည့်ရင်းနဲ့ လုပ်လို့ရတဲ့ လွယ်လွယ်ကူကူလေ့ကျင့်ခန်း ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်မောင်းလေ့ကျင့်ခန်းလုပ်ပေးပါ။ အနည်းဆုံး ၄၅ စက္ကန့်ကနေ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးနိုင်ပါတယ်။

နောက်လေ့ကျင့်ခန်းကတော့ လက်နှစ်ဖက်ကိုကားပြီး ပြန်စုတဲ့ လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းကိုလည်း အနည်းဆုံး ၄၅ စက္ကန့်ကနေ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးနိုင်ပါတယ်။

လက်ကိုပုံမှာပြထားသလိုထားပြီး ခြေထောက်ကို မြှောက်လိုက်ပြန်ချလိုက်နဲ့ ဘယ်ညာတစ်လှည့်စီလုပ်ပေးပါ။

ခုံပေါ်ကို ထိုင်ချသလို လုပ်ပေးရမှာဖြစ်ပေမယ့် အောက်ထိရောက်အောင် မထိုင်ချလိုက်ပါနဲ့။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ လောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့ ပထမအနေအထားအတိုင်းနေပြီး ဒုတိယအနေအထားအတိုင်း ပြောင်းနေပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ်လောက် လုပ်ပေးရင်ရပါတယ်။

ခုံပေါ်မှာထိုင်ပြီး ခြေထောက်ကို မြှောက်လိုက်ချလိုက်လုပ်ပေးပါ။ ၁၅ ကြိမ်လောက်လုပ်ပေးပါ။

ပုံမှာပြထားတဲ့ ပထမအနေအထားအတိုင်းနေပြီး ဒုတယအနေအထားကို ပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ဘယ်ညာ တစ်လှည့်စီ ကိုယ်အဆင်ပြေသလောက် လုပ်ပေးလို့ရပါတယ်။

Source: www.brightside.me